ဒီဇင်ဘာလတွင်စတင်ဝယ်ယူနိုင်မည့် သီလဝါ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ

ဒီဇင်ဘာလတွင်စတင်ဝယ်ယူနိုင်မည့် သီလဝါ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ google

သန်လျင်နည်းပညာတက္ကသိုလ် အနောက်ဘက် တွင် တည်ဆောက်လျက်ရှိသည့် သီလဝါတန်ဖိုးနည်းအိမ်ရာအခန်းများကို ဒီဇင်ဘာလတွင် စတင်ရောင်းချမည်ဖြစ်သည်။

 

ရောင်းချခြင်းနဲ့ပတ်သတ်ပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးငှာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်က “ရောင်းမှာကဒီနှစ်ဒီဇင်ဘာ မကျော်ခင်ရောင်းမယ်။ဈေးနှုန်းလည်းသတ်မှတ်ပြီးပြီ။ ရောင်းမိန့်ကရပြီးပြီ။ အရောင်းအစီအစဉ် ကို တိုက်တွေမှာလျှပ်စစ်အတွက် ဘတ်ဂျက်က ဒီနှစ်မှ ရတော့ရတဲ့ ဘတ်ဂျက်နဲ့ သွယ်နေတာက ခုမှပြီးတာဖြစ်လို့ တိုက်ခန်းတွေမှာ လျှပ်စစ် သွယ်တန်းမှုတွေ ပြီးမှ ရောင်းမယ် ရောင်းရင် အခန်း၅၀၀ ကျော်လောက်ရောင်းမယ်။ တိုက်ခန်းတန်ဖိုးမှာလည်း အနိမ့်ဆုံး သိန်း၁၀၀ မှ အမြင့်ဆုံး ၁၄၅ သိန်းဝန်းကျင်သာဖြစ်တယ်”ဟု ပြော ကြားခဲ့သည်။

 

 

ယင်းတိုက်ခန်းများကို မိသားစုဝင်ငွေကျပ်သုံးသိန်းမှ ငါးသိန်းကြားရရှိသူများကိုသာ ရောင်းချပေးမည်ဖြစ်ပြီး ဘဏ်ချေးငွေကို ၁၅ နှစ် အရစ်ကျပေးချေသည့်စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

 


ဝယ်ယူလိုသူများအနေနဲ့ ဆောက်လုပ်ရေး၊အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်တွင် မိမိဝယ်ယူလိုသောတိုက်ခန်းတန်ဖိုး ၏ ၃၀ ရာခိုင်နှုန်း စုဆောင်းရမည်ဟု ထုတ်ပြန်ထားသည်။

 


ဘဏ်ကအကြောင်းကြားသည့်အချိန်တွင် ဝယ်ယူလိုသူများအနေနဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးငှာန သို့ မိမိဝယ်ယူလိုသောအခန်းကို သွားရောက်လျှောက်ထားရမည် ထိုလျှောက်ထားသူများကို မို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးငှာန မှ စိစစ်ကာ တိုက်ရိုက်မဲနှိုက်ရောင်းချပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

 


“ဘဏ်ချေးငွေစနစ်နဲ့ ၁၅ နှစ်အရစ်ကျ ဝယ်ယူနိုင်သည့်အပြင် လုပ်ငန်းရှင်မှ မိမိဝန်ထမ်းကို စိုက်ဝယ်ပေး တဲ့စနစ်နဲ့လည်း သီလဝါတန်ဖိုးနည်း အိမ်ရာအခန်းတွေကို ဝယ်ယူနိုင်ကြောင်းကို ဘဏ်ချေးငွေစနစ်နဲ့ ၁၅ နှစ်အရစ်ကျ ဝယ်ယူတဲ့စနစ်အပြင်အခုစမ်းသပ်နေတဲ့လုပ်ငန်းရှင် သူ့ဝန်ထမ်းကို စိုက်ဝယ်ပေးတဲ့စနစ်နဲ့လည်း သီလဝါတန်ဖိုးနည်း အိမ်ရာအခန်းတွေကို ရောင်းချဖို့စဉ်းစားထားတယ်။ တစ်တိုက်လုံးကို လုပ်ငန်းရှင်က ဝယ်လိုက်တယ်။ ဒါပေမယ့် သူပိုင်တာမဟုတ်ဘူးနော်။ဘဏ်ကနေမချေးဘဲ လုပ်ငန်းရှင်က စိုက်ပေးတယ်။ သူ့ဝန်ထမ်းတွေက သူ့လုပ်ငန်းကိုပဲ ပြန်ဆပ်။ လခထဲက ပြန်ဖြတ်တဲ့ စနစ်ကိုလက်ခံတယ်။'' ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဝင်နိုင်က ပြောသည်။

 


အဆိုပါတန်းဖိုးနည်း အိမ်ရာတွင် ဆေးခန်း ၊ စာကြည့်တိုက်နှင့် အပန်းဖြေနေရာများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ သီလဝါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂၀၁၇ ခုနှစ် ဧပြီက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါတန်ဖိုးနည်းအိမ်ရာတွင် အခန်းပေါင်း ၁၇၀၈ ခန်းပါဝင်မည်ဖြစ်ပြီး လေးခန်းတွဲ ငါးထပ် ၁၂လုံး ၊ ခြောက်ခန်းတွဲ ငါးထပ် ၂၄လုံး ၊ ရှစ်ခန်းတွဲ ငါးထပ် ၁၉ လုံးပါ အဆောက်အအုံများကို တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ဒီဇင္ဘာလတြင္စတင္ဝယ္ယူႏိုင္မည့္ သီလဝါ တန္ဖိုးနည္းအိမ္ရာတိုက္ခန္းမ်ား

 

 

သန္လ်င္နည္းပညာတကၠသိုလ္ အေနာက္ဘက္ တြင္ တည္ေဆာက္လ်က္ရွိသည့္ သီလဝါတန္ဖိုးနည္းအိမ္ရာအခန္းမ်ားကို ဒီဇင္ဘာလတြင္ စတင္ေရာင္းခ်မည္ျဖစ္သည္။

 

 

ေရာင္းခ်ျခင္းနဲ႔ပတ္သတ္ၿပီး ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးငွာနမွ ဒုတိယၫႊန္ၾကားေရးမႉးဦးဝင္းႏိုင္က “ေရာင္းမွာကဒီႏွစ္ဒီဇင္ဘာ မေက်ာ္ခင္ေရာင္းမယ္။ေဈးႏႈန္းလည္းသတ္မွတ္ၿပီးၿပီ။ ေရာင္းမိန႔္ကရၿပီးၿပီ။ အေရာင္းအစီအစဥ္ ကို တိုက္ေတြမွာလွ်ပ္စစ္အတြက္ ဘတ္ဂ်က္က ဒီႏွစ္မွ ရေတာ့ရတဲ့ ဘတ္ဂ်က္နဲ႔ သြယ္ေနတာက ခုမွၿပီးတာျဖစ္လို႔ တိုက္ခန္းေတြမွာ လွ်ပ္စစ္ သြယ္တန္းမႈေတြ ၿပီးမွ ေရာင္းမယ္ ေရာင္းရင္ အခန္း၅၀၀ ေက်ာ္ေလာက္ေရာင္းမယ္။ တိုက္ခန္းတန္ဖိုးမွာလည္း အနိမ့္ဆုံး သိန္း၁၀၀ မွ အျမင့္ဆုံး ၁၄၅ သိန္းဝန္းက်င္သာျဖစ္တယ္”ဟု ေျပာ ၾကားခဲ့သည္။

 

 

ယင္းတိုက္ခန္းမ်ားကို မိသားစုဝင္ေငြက်ပ္သုံးသိန္းမွ ငါးသိန္းၾကားရရွိသူမ်ားကိုသာ ေရာင္းခ်ေပးမည္ျဖစ္ၿပီး ဘဏ္ေခ်းေငြကို ၁၅ ႏွစ္ အရစ္က်ေပးေခ်သည့္စနစ္ျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 


ဝယ္ယူလိုသူမ်ားအေနနဲ႔ ေဆာက္လုပ္ေရး၊အိမ္ရာႏွင့္ အေျခခံ အေဆာက္အအုံဖြံ႕ၿဖိဳးေရး ဘဏ္တြင္ မိမိဝယ္ယူလိုေသာတိုက္ခန္းတန္ဖိုး ၏ ၃၀ ရာခိုင္ႏႈန္း စုေဆာင္းရမည္ဟု ထုတ္ျပန္ထားသည္။

 


ဘဏ္ကအေၾကာင္းၾကားသည့္အခ်ိန္တြင္ ဝယ္ယူလိုသူမ်ားအေနနဲ႔ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးငွာန သို႔ မိမိဝယ္ယူလိုေသာအခန္းကို သြားေရာက္ေလွ်ာက္ထားရမည္ ထိုေလွ်ာက္ထားသူမ်ားကို မို႔ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးငွာန မွ စိစစ္ကာ တိုက္႐ိုက္မဲႏႈိက္ေရာင္းခ်ေပးမည္ ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

 


“ဘဏ္ေခ်းေငြစနစ္နဲ႔ ၁၅ ႏွစ္အရစ္က် ဝယ္ယူႏိုင္သည့္အျပင္ လုပ္ငန္းရွင္မွ မိမိဝန္ထမ္းကို စိုက္ဝယ္ေပး တဲ့စနစ္နဲ႔လည္း သီလဝါတန္ဖိုးနည္း အိမ္ရာအခန္းေတြကို ဝယ္ယူႏိုင္ေၾကာင္းကို ဘဏ္ေခ်းေငြစနစ္နဲ႔ ၁၅ ႏွစ္အရစ္က် ဝယ္ယူတဲ့စနစ္အျပင္အခုစမ္းသပ္ေနတဲ့လုပ္ငန္းရွင္ သူ႔ဝန္ထမ္းကို စိုက္ဝယ္ေပးတဲ့စနစ္နဲ႔လည္း သီလဝါတန္ဖိုးနည္း အိမ္ရာအခန္းေတြကို ေရာင္းခ်ဖို႔စဥ္းစားထားတယ္။ တစ္တိုက္လုံးကို လုပ္ငန္းရွင္က ဝယ္လိုက္တယ္။ ဒါေပမယ့္ သူပိုင္တာမဟုတ္ဘူးေနာ္။ ဘဏ္ကေနမေခ်းဘဲ လုပ္ငန္းရွင္က စိုက္ေပးတယ္။ သူ႔ဝန္ထမ္းေတြက သူ႔လုပ္ငန္းကိုပဲ ျပန္ဆပ္။ လခထဲက ျပန္ျဖတ္တဲ့ စနစ္ကိုလက္ခံတယ္။'' ဟု ဒုတိယၫႊန္ၾကားေရးမႉး ဦးဝင္ႏိုင္က ေျပာသည္။

 


အဆိုပါတန္းဖိုးနည္း အိမ္ရာတြင္ ေဆးခန္း ၊ စာၾကည့္တိုက္ႏွင့္ အပန္းေျဖေနရာမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။ သီလဝါတန္ဖိုးနည္းအိမ္ရာ စီမံကိန္းကို ၂၀၁၇ ခုႏွစ္ ဧၿပီက စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါတန္ဖိုးနည္းအိမ္ရာတြင္ အခန္းေပါင္း ၁၇၀၈ ခန္းပါဝင္မည္ျဖစ္ၿပီး ေလးခန္းတြဲ ငါးထပ္ ၁၂လုံး ၊ ေျခာက္ခန္းတြဲ ငါးထပ္ ၂၄လုံး ၊ ရွစ္ခန္းတြဲ ငါးထပ္ ၁၉ လုံးပါ အေဆာက္အအုံမ်ားကို တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Read 11035 times Last modified on Tuesday, 03 March 2020 17:10
Rate this item
(3 votes)
Tagged under

Related items