Public Housing

Wednesday, 20 November 2019 10:49

Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်နေသော အိမ်ရာ စီမံကိန်းသည် ဒီဇင်ဘာလအစောပိုင်း၌ ပြီးစီးမည်

ရွှေပြည်သာမြို့နယ်၊ တိုးချဲ့၁၉ ရပ်ကွက်တွင် Women for the world (ပျိုမေ့အိမ်) အဖွဲ့က ဆောက်လုပ်နေသော အိမ်ရာ စီမံကိန်းသည် ဒီဇင်ဘာ အစောပိုင်း၌ ပြီးစီးမည်ဖြစ်ပြီး ဒီဇင်ဘာ လကုန်ပိုင်း၌ နေထိုင်ခွင့်ရရှိသူများ နေထိုင်နိုင်မည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။
Wednesday, 20 November 2019 09:26

သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာ (ကျန်စစ်မင်း) နှင့် ဒဂုံ (ဆိပ်ကမ်း) ရိုးမ တန်ဖိုးနည်းအိမ်ရာအပါအဝင် နေပြည်တော်၌ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းများ ဆက်လက်တည်ဆောက်မည်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သန်လျင်၊ကျောက်တန်း၊သီလဝါစက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာ၊ လှိုင်သာယာ(ကျန်စစ်မင်း)နှင့် ဒဂုံ(ဆိပ်ကမ်း)ရိုးမတန်ဖိုးနည်း အိမ်ရာအပါအဝင် နေပြည်တော်၌ နိုင်ငံ့ဝန် ထမ်းအငှားအိမ်ရာစီမံကိန်းများကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
Tuesday, 19 November 2019 14:02

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများလာမည့် ၂၀၂၀ တွင်အပြီးတည်ဆောက်မည်

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကို ယခုဘဏ္ဍာနှစ်ဘက်ဂျက်ဖြင့် လာမည့် ၂၀၂၀ ခုနှစ်အောက်တိုဘာလ တွင်နေထိုင်ခွင့်ပြုနိုင်ရန် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
Tuesday, 19 November 2019 13:43

ဂျပန် နိပွန်ဖောင်ဒေးရှင်း မှ ပဋိပက္ခဒဏ်သင့်ပြည်သူများ အတွက် နေအိမ်အလုံး ၁ဝဝ ထပ်မံတည်ဆောက်

ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ မြဝတီလေးကေ့ကော်ကျေးရွာတွင် ပဋိပက္ခဒဏ်သင့်ရှောင်ပြည်သူများအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယအဆင့်လုပ်ငန်းဆောင်ရွက်ချက်၏ တစိတ်တပိုင်းအဖြစ် နေအိမ်အလုံး ၁ဝဝ တည်ဆောက်ပြီးစီးကြောင်း သတင်းရရှိသည်။
Tuesday, 19 November 2019 13:30

ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းခဲ့သည့် တိုက်ရှစ်လုံးကိုသာ ပြန်လည်တည့်မတ်မည်

နိုဝင်ဘာ ၁၂ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းခဲ့သည့် ရန်ကုန်တိုင်းမြို့နယ်အချို့ရှိ တိုက်အလုံး ၂၀ မှာ ကွင်းဆင်းလေ့လာမှုအရ လူဆက်လက်နေထိုင်နိုင်ပြီး တိုက်ရှစ်လုံးကိုသာ ပြန်လည်တည့်မတ်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင်ပြုလုပ်သည့် မြို့တော်စည်ပင် လစဉ်သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဝင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
Tuesday, 19 November 2019 11:14

ငလျင်ကြောင့် တိမ်းစောင်းခဲ့သည်ဆိုသော တိုက်အလုံး ၂၀ ကျော်ကို စစ်ဆေးပြီးစီး

ရန်ကုန်မြို့တွင် ငလျင်ဒဏ်ကြောင့် တိမ်းစောင်းခဲ့သည်ဆိုသော အဆောက်အဦး ၂၀ ကျော်ကို တိုင်းတာစစ်ဆေးခဲ့မှုများပြုလုပ်ခဲ့ပြီး တိုင်းတာစစ်ဆေးမှုအရ ယင်းအဆောက်အဦများအား အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ်ရန်မလိုအပ်သေးဘဲ လူ နေထိုင်ရန် အနေထားရှိနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းဟန်ကပြောကြားခဲ့သည်။
Monday, 18 November 2019 15:51

တောင်ဒဂုံနှင့် အရှေ့ဒဂုံရှိ ကျူးကျော်များအတွက် အိမ် ၈၀၀ ခန့် ဆောက်လုပ်ပေးရန် စီစဉ်

ရွှေပြည်သာမြို့နယ်မှ ကျူးကျော်များအတွက် နေအိမ်ဆောက်လုပ်ပြီးစီးပါက တောင်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တွင် အိမ်အလုံးရေ ၈၀၀ ခန့်ဆက်လက် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ယင်းအိမ်ရာ စီမံကိန်းအကောင်အထည် ဖော်နေသည့် Women for the World အဖွဲ့ ဒါရိုက်တာဒေါ်ဗန်လီဇာအောင် က ပြောကြားခဲ့သည်။
Monday, 18 November 2019 10:33

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက် ၁၉၇ ကွက်ကိုပထမအကြိမ်ရောင်းမည်

 စည်ပင်နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက်များကို အိမ်ဆောက်နေထိုင်ချင်သူများကို ပထမအကြိမ်အဖြစ် မြေကွက် ၁၉၇ကွက်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
Saturday, 16 November 2019 14:03

တက်ရိပ်ပြနေသည့် နေပြည်တော်အိမ်ခြံမြေဈေးကွက်

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ယခင်ကထက် ရွှေ့ပြောင်းနေထိုင်သူများပြားလာသည်နှင့်အမျှ အိမ်ခြံမြေဝယ်လိုအား တစ်နှစ်ထက်တစ်နှစ်ပိုမိုအားကောင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

Search Articles