Public Housing

Tuesday, 19 November 2019 13:43

ဂျပန် နိပွန်ဖောင်ဒေးရှင်း မှ ပဋိပက္ခဒဏ်သင့်ပြည်သူများ အတွက် နေအိမ်အလုံး ၁ဝဝ ထပ်မံတည်ဆောက်

ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ မြဝတီလေးကေ့ကော်ကျေးရွာတွင် ပဋိပက္ခဒဏ်သင့်ရှောင်ပြည်သူများအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယအဆင့်လုပ်ငန်းဆောင်ရွက်ချက်၏ တစိတ်တပိုင်းအဖြစ် နေအိမ်အလုံး ၁ဝဝ တည်ဆောက်ပြီးစီးကြောင်း သတင်းရရှိသည်။
Tuesday, 19 November 2019 13:30

ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းခဲ့သည့် တိုက်ရှစ်လုံးကိုသာ ပြန်လည်တည့်မတ်မည်

နိုဝင်ဘာ ၁၂ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် တိမ်းစောင်းခဲ့သည့် ရန်ကုန်တိုင်းမြို့နယ်အချို့ရှိ တိုက်အလုံး ၂၀ မှာ ကွင်းဆင်းလေ့လာမှုအရ လူဆက်လက်နေထိုင်နိုင်ပြီး တိုက်ရှစ်လုံးကိုသာ ပြန်လည်တည့်မတ်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တော်ခန်းမတွင်ပြုလုပ်သည့် မြို့တော်စည်ပင် လစဉ်သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဝင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။
Tuesday, 19 November 2019 11:14

ငလျင်ကြောင့် တိမ်းစောင်းခဲ့သည်ဆိုသော တိုက်အလုံး ၂၀ ကျော်ကို စစ်ဆေးပြီးစီး

ရန်ကုန်မြို့တွင် ငလျင်ဒဏ်ကြောင့် တိမ်းစောင်းခဲ့သည်ဆိုသော အဆောက်အဦး ၂၀ ကျော်ကို တိုင်းတာစစ်ဆေးခဲ့မှုများပြုလုပ်ခဲ့ပြီး တိုင်းတာစစ်ဆေးမှုအရ ယင်းအဆောက်အဦများအား အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ်ရန်မလိုအပ်သေးဘဲ လူ နေထိုင်ရန် အနေထားရှိနေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းဟန်ကပြောကြားခဲ့သည်။
Monday, 18 November 2019 15:51

တောင်ဒဂုံနှင့် အရှေ့ဒဂုံရှိ ကျူးကျော်များအတွက် အိမ် ၈၀၀ ခန့် ဆောက်လုပ်ပေးရန် စီစဉ်

ရွှေပြည်သာမြို့နယ်မှ ကျူးကျော်များအတွက် နေအိမ်ဆောက်လုပ်ပြီးစီးပါက တောင်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တွင် အိမ်အလုံးရေ ၈၀၀ ခန့်ဆက်လက် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ယင်းအိမ်ရာ စီမံကိန်းအကောင်အထည် ဖော်နေသည့် Women for the World အဖွဲ့ ဒါရိုက်တာဒေါ်ဗန်လီဇာအောင် က ပြောကြားခဲ့သည်။
Monday, 18 November 2019 10:33

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက် ၁၉၇ ကွက်ကိုပထမအကြိမ်ရောင်းမည်

 စည်ပင်နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက်များကို အိမ်ဆောက်နေထိုင်ချင်သူများကို ပထမအကြိမ်အဖြစ် မြေကွက် ၁၉၇ကွက်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
Saturday, 16 November 2019 14:03

တက်ရိပ်ပြနေသည့် နေပြည်တော်အိမ်ခြံမြေဈေးကွက်

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ယခင်ကထက် ရွှေ့ပြောင်းနေထိုင်သူများပြားလာသည်နှင့်အမျှ အိမ်ခြံမြေဝယ်လိုအား တစ်နှစ်ထက်တစ်နှစ်ပိုမိုအားကောင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
Saturday, 16 November 2019 13:31

အင်းစိန်ကြို့ကုန်းအိမ်ရာကို အဆင့်မြှင့်တင်ရန် တိုင်းအစိုးရ တင်ဒါခေါ်

ရန်ကုန်တိုင်း အစိုးရက အင်းစိန်၊ ကြို့ကုန်းအိမ်ရာကို အဆင့်မြှင့်တင်ရေး ပြန်လည်ဖွံဖြိုးရေး စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် နိုဝင်ဘာ ၁၃ ရက်တွင် တင်ဒါဖိတ်ခေါ်ထားသည်။
Saturday, 16 November 2019 10:34

ငလျင်ဒဏ် ကြောင့် တိမ်းစောင်းသွားသည့်တိုက်များကို စစ်ဆေးပြီး လူနေထိုင်ရန် သင့်/မသင့် ထုတ်ပြန်ပေးသွားမည်

ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၂ ရက်ညပိုင်းကလှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် တာမွေမြို့နယ်၊ သင်္ဃန်းကျွန်း၊ သကေတ၊ တောင်ဥက္ကလာပမြို့နယ်များရှိတိုက်အချို့တိမ်းစောင်းသွားခဲ့ကြောင်း သိရှိရသည်။
Saturday, 16 November 2019 09:27

ရန်ကုန်မြို့၌ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် စနစ်သစ်တွင် ဘေးအန္တရာယ် ဖြစ်နိုင်မှု ရှိ၊ မရှိ စစ်ဆေးမည့် ကမ္ဘာ့ဘဏ်၏ စနစ်ထည့်သွင်း

ရန်ကုန်မြို့၌ အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် စနစ်သစ်တွင် ဘေးအန္တရာယ် ဖြစ်နိုင်မှု ရှိ၊ မရှိ စစ်ဆေးမည့် ကမ္ဘာ့ဘဏ်၏ စနစ်ထည့်သွင်း ရန်ကုန်မြို့၌ အဆောက် အအုံ ဆောက်လုပ်ခွင့်ပါမစ်စနစ် သစ်အတွက် ဘေးအန္တရာယ်ဖြစ် နိုင်မှု ရှိ၊ မရှိ စစ်ဆေးသော ကမ္ဘာ့ ဘဏ်၏ စနစ်ကို ထည့်သွင်းခဲ့ သည်။

Search Articles