အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး အဆင်ပြေ‌‌စေရေး ဒီချုပ်အစိုးရက မံဆောင်ကြိုးတံတားသစ် တည်ဆောက်နေ

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး အဆင်ပြေ‌‌စေရေး ဒီချုပ်အစိုးရက မံဆောင်ကြိုးတံတားသစ် တည်ဆောက်နေ D-Wave

အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအဆင်ပြေစေရန်ရည်ရွယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရက ချင်းပြည်နယ်တွင် မံဆောင်ကြိုးတံတားသစ်တည်ဆောက်နေကြောင်းသိရသည်။

 

အောက်တိုဘာလအတွင်းထုတ်ပြန်ချက်အရချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး- သိုင်းငင်- တီးတိန်-ရိဒ် လမ်း မဏိပူရ်မြစ်ကိုဖြတ်၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာနက ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ကြီးကြပ်မှုဖြင့် ယခင် မံဆောင်ကြိုးတံတားဟောင်းဘေးတွင် မံဆောင် ကြိုးတံတားသစ်တစ်စင်းကို တည်ဆောက်လျက် ရှိ‌ေကြာင်းသိရသည်။

 

မံဆောင်ကြိုးတံတားသစ်သည် တန် ၆၀ အလေးချိန် ခံနိုင်ပြီး နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအမျိုးအစား ဖြစ်သည်။

 

လက်ရှိ မံဆောင်ကြိုးတံတားသည် အလျားပေ ၃၄၀ ရှိပြီး ၂၀၀၁ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့သော တံတား ဖြစ်ကာ ခံနိုင်ဝန်မှာလည်း ၁၆ တန်သာ ခွင့်ပြုနိုင်တော့ သဖြင့် ကုန်တင်ကားကြီးများအတွက် အခက်အခဲဖြစ် လျက်ရှိသည်။ ထို့အပြင် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး လုပ်ငန်းများ အခက်အခဲဖြစ်နေသောကြောင့် တံတားသစ် တစ်စင်းထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ချင်းပြည်နယ်သည် ယခင်လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ဖွံဖြိုးတိုးတက်မှု နောက်အကျဆုံးဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် တောင်ပတ်လမ်းများ အဆင့်မြှင့်တင်ခြင်း၊မြေသားလမ်းပိုင်းများကို ပြောင်းလဲပြင်ဆင်ခြင်း၊ လမ်းပိုင်းထပ်ပိုးခြင်း၊နယ်စပ်ဒေသ ကူးသန်းရောင်း၀ယ်ရေး လမ်းပိုင်းများကိုအထူးအလေးပေး ဖောက်လုပ်ပြင်ဆင်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

 

အိန္ဒိယ-မြန်မာကြားကုန်သွယ်မှုမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် တွင် အမေရိကန် ဒေါ်လာ၁၉၄၃ဒသမ ၁၆၄သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၄၆၈ ဒသမ၁၉၅သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀ဝ ဒသမ ၄၃၇ သန်းအသီးသီးကုန် သွယ်မှုပြုလုပ်ခဲ့သည်။

 

D-Wave

Read 80 times
Rate this item
(0 votes)