အုတ်စီနည်း အုတ်တွက်နည်း

အုတ်စီနည်း အုတ်တွက်နည်း

အုတ်စီရာတွင် ဘိလပ်မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူ များအတွက် ပြန်တင်ပေးတာပါ။

 

၉'' လက်မ အုတ်ရိုးစီရာတွင် (၁၀ ပေ ×၁၀ပေ) ပတ်လည် တစ်ကျင်း စီရာတွင် အုတ်အလုံးရေ = ၁၀၄၀ ခဲ

အလျား = ၂၆ ခဲ

အနံ = ၄၀ခဲ

၂၆×၄၀ = ၁၀၄၀ ခဲ ကုန်ပါတယ်။ (၄''လက်မခွဲ ) အုတ်စီရာတွင် ကုန်ကျ နည်းပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။

 

(၁၀×၁၀) ပတ်လည် ၄''လက်မခွဲ အုတ်စီရာတွင် အလျား....=၁၃ခဲ ၅မူး

၅မူးဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ် ရဲ နှစ်ပိုင်း တစ်ပိုင်းကို ၅မူးလို့ သက်မှတ်ပါတယ်။

အနံ (မြင့်) ၄၀ ခဲ

၁၃/၅×၄၀ = ၅၄၀ ကုန်ပါတယ်။

 

၉'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိပ် ကုန်ပါတယ်။ ၄''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်း ကုန်ပါတယ်။

 

၉'' လက်မအုတ် ရိုးစီရာတွင် အလွှားမထပ်ရအောင် 'စုံ,မ' ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ် နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။ ၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရပါမည်။ ၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။

 

အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည်။

နောက်ပြီး ဂျပန်ကွက် တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။

 

ဂျပန် ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။

 

တရုပ်ကွက်တွင် အဲလိုမဟုတ်တော့ပါ အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ်။

 

 

ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့် စီသွားပြီး အလျား ၂ခဲအနံ ၂ခဲ စီရင် ပိုခိုင်ပါတယ်။

 

 

Read 657 times Last modified on Saturday, 10 October 2020 18:28
Rate this item
(0 votes)