လူမှုဖူလုံရေးအကျုံးမဝင်သော အလုပ်သမား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထောက်ပံ့ရာတွင် နေ့စား၊ ယာယီ၊ ပုပ်ပြတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုင်ကယ် တက္ကစီ အလုပ်သမားများ၊ အနှေးယာဉ်ဆိုက္ကားဆရာများပါဝင်မည်

လူမှုဖူလုံရေးအကျုံးမဝင်သော အလုပ်သမား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်ထောက်ပံ့ရာတွင် နေ့စား၊ ယာယီ၊ ပုပ်ပြတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုင်ကယ် တက္ကစီ အလုပ်သမားများ၊ အနှေးယာဉ်ဆိုက္ကားဆရာများပါဝင်မည်

ဖူလုံရေးအကျုံးမဝင်သောအလုပ်သမားများအားတစ်ဦးလျှင်သုံးသောင်းကျပ်ထောက်ပံ့ရာတွင်လူမှုစီးပွားရေးဒုက္ခများကို အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရ သည့် နေ့စား၊ ယာယီ၊ ပုပ်ပြတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ ကုန်တင်ကုန်ချ၊ မော်တော်ဆိုင်ကယ် တက္ကစီ အလုပ်သမားများ၊ အနှေးယာဉ်ဆိုက္ကား အလုပ်သမားများပါရရှိမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများ ခွင့်ပြုထုတ်ပေးနေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ ၈ ရက်တွင် Video Conference စနစ်ဖြင့်ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးကအဆိုပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

"လူမှုဖူလုံရေးမှာမပါတဲ့အလုပ်သမားတွေကိုတစ်ဦးလျှင်သုံးသောင်းစီပေးမဲ့အစီအစဉ်မှာနေ့စားဆောက်လုပ်ရေးသမားတွေ ပျံကျဈေးသည်တွေ မော်တော်ဆိုင်ကယ်ကယ်ရီသမားတွေ ၊အနှေးယာဉ်လုပ်သားတွေ အစရှိသည့်အခြေ ခံအလုပ်သမားများအားပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကအတည်ပြုပြောတယ်"ဟုမြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM လက်ထောက်အထွေထွေအတွင်းရေးမှူးဒေါ်ဖြိုးစန္ဒာစိုးကပြောပါတယ်။

 

အဆိုပါကဲ့သို့ဖူလုံရေးအကျုံးမဝင်သည့့်အလုပ်သမားများအား ထောက်ပံကြေးပေးရာတွင် စက်မှုဇုန်ကော်မတီများ၊သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အလုပ်သမားဦးစီးဌာနများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

"သုံသောင်းပေးမှာက လူမှုဖူလုံရေးက အကျုံးမဝင်အလုပ်သမားတွေဆိုတော့ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းမျိုးတွေ ၊တစ်နှစ်အောက်ဆောက်လုပ်ရေးလုပ်ငန်းတွေ၊အိမ်တွင်းစက်ချုပ်လုပ်ငန်းလေးတွေ၊ဈေးဆိုင်လေးတွေ ပါလာနိုင်တယ်။တချို့ကုန်စုံဆိုင်အကြီးကြီး တွေ Supermarket တွေကဖူလုံရေးကြေးအကျုံးဝင်တယ်ဆောင်ရမှာ။အလုပ်သမားကတောင်းဆိုရင်အလုပ်ရှင်က ပုဒ်မ ၆၉ အရဆိုပြန်လျော်ရမှာ"ဟု Labour Power Group ဥက္ကဌ ဦးကျော်မျိုးထွေးကပြောပါတယ်။

 

ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ရည်ရွယ်ချက်မှာ ရသင့် ရထိုက်သည့် အလုပ်သမားများရဖို့၊ မရသင့်မရထိုက်သည့် အလုပ်သမားများ မရစေရန် သေချာစွာ စီစစ် သွားရန် အချိန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထောက်ပံ့မည့် ငွေကြေးစုစုပေါင်းမှာ ၂၀.၅၆၃ ဘီလီယံ ကျပ် ဖြစ်ပြီး

 

အဆိုပါငွေကြေးကို လူမှုဖူလုံရေး အကျုံးမဝင်သည့် အလုပ်သမားများကို ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှမီဒီယာများကိုဖြေကြားထားပါတယ်။

 

MyanmarLabourNews

Read 410 times
Rate this item
(0 votes)