မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့၏ ချစ်ကြည်ရေးစီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီး

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့၏ ချစ်ကြည်ရေးစီမံကိန်းဖြင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီး Myanmaalinn

မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့၏ ချစ်ကြည်ရေးစီမံကိန်းအရ နယ်စပ်ရေးရာဝန်ကြီး ဌာနက ချင်းပြည်နယ်အတွင်း၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်အလိုက် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ်တွင် လုပ်ငန်း အားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ချင်းပြည်နယ်အတွင်း ပထမအကြိမ်မှ စတုတ္ထ အကြိမ်အထိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် မြေသားလမ်း ၁၀၈ မိုင်၊ ပေ ၂၀၀ အထက် လူကူး ကြိုးတံတား လေးစင်း၊

 

သံပေါင်ဘေလီတံတား ငါးစင်း၊ သံကူကွန်ကရစ်တံတား ငါးစင်း၊ ကွန်ကရစ်ရေပြွန် ၂၄၀၊ မြေထိန်းနံရံ တစ်ခု၊ စာသင်ကျောင်း ၂၁ ကျောင်း၊ ကျန်းမာရေးအဆောက်အအုံ ကိုးခု၊

 

ရုံးအဆောက် အအုံတစ်ခုနှင့် မြို့နယ်ခန်းမ တစ်ဆောင်တို့ကို ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်း ပြည့် ပြီးစီးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားတိုးတက်

 

ရေးအတွက် များစွာ အထောက်အကူပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသဖြင့် မြို့ပြနှင့် ကျေးလက် လူမှုဆက်ဆံရေး အားကောင်း စေပြီး

 

အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမို တိုးတက်လာစေကြောင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

Myanmaalinn

Read 294 times
Rate this item
(0 votes)