ပုသိမ်ကြိုးတံတား ကြံ့ခိုင်မှုကို သုံးလ တစ်ကြိမ် စစ်ဆေးမှုများ ဆောင်ရွက်

ပုသိမ်ကြိုးတံတား ကြံ့ခိုင်မှုကို သုံးလ တစ်ကြိမ် စစ်ဆေးမှုများ ဆောင်ရွက် MRTV

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ပုသိမ်ကြိုးတံတား၏ ကြံ့ခိုင်မှုအခြေအနေ စစ်ဆေးခြင်းကို သုံးလ တစ်ကြိမ် ဆောင်ရွက်လျက်ရှိသည်။

 

ပုသိမ်ကြိုးတံတားကြံ့ခိုင်မှုစစ်ဆေးခြင်းကို တံတားအထူးအဖွဲ့(၁၆)မှ ကျွမ်းကျင်အင်ဂျင်နီယာများက တာဝန်ယူဆောင်ရွက်လျက်ရှိရာတွင် တံတား၏ တာဝါ တိမ်းစောင်းမှု တိုင်းတာခြင်း၊ ကြိုးများ၏ ခိုင်ခံ့မှု စစ်ဆေးခြင်းနှင့် သံချေးမတက်စေရန် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်။

 

အဆိုပါကြိုးတံတားကို ၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ကာ တံတားအရှည် ၂၁၄၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားအလမ်းအကျယ် တစ်ဖက်လျှင် ၄ ပေ စီရှိကာ၊ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ကြိုးတံတားအမျိုးအစားနှင့် ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန်မှာ တန် ၂၀ ဖြစ်ကြောင်း သိရသည်။

 

ပုသိမ်သတင်းဌာနခွဲ

Read 195 times
Rate this item
(0 votes)