မြေဝယ်လျှင် သတိပြုရန်

မြေဝယ်လျှင် သတိပြုရန်

မိတ်ဆွေတစ်ယောက် က လှည်းကူး က လယ် မြေ ဝယ်ဖို့ စိတ်ကူးတယ် ဒါ ကြောင့် မြေနေရာ နဲ့ ရောင်းသူ ကို မေးမြန်းဖို့ လိုက်သွားပါတယ်။ 

ရောင်းမဲ့မြေက လယ်မြေ ပါ။ ပုံစံ ၁၀၅ ( မြေပုံ) ပုံစံ၇ ( လုပ်ပိုင်ခွင့်) ကျပြီးပြီ။ ဒါပေမယ့် ရောင်းသူရဲ့ အမည် နဲ့ မဟုတ်ပါ။

 

မြေအမည်ပေါက်နဲ့ ရောင်းသူ အကြားမှာ အရောင်းအဝယ်စာချုပ်တစ်ခုရှိတယ်။ရောင်းသူကမြေရှိတဲ့နေရာကရွာသား။ မြေအမည်ပေါက်ဆီက တစိတ်တဒေသ သာ ဝယ် ပြီး အကွက် ၁၆ ကွက်ခွဲ ရောင်းတာဖြစ်တော့ သူ့ ဆီ မှာ ပုံစံ၇ နဲ့ ၁၀၅ မူရင်းမရနိုင်ဘူး။

 

ဒါပေမယ့် မြေကို ကွန်ကရစ်တိုင်တွေနဲ့ ၁၆ကွက်ခွဲစိတ်ပြီးပြီ အကွက်ပေါ်တယ်ပေါ့။မြေကလည်း ချုံ နွယ်ပိတ်ပေါင်း မရှိ။မြေကလည်းညီတော့ ဝယ်သူစိတ်ဝင်စားစရာပေါ့။ ဈေးကလည်း တစ်ရာမကျော်တော့ ကိုယ့်လက်ထဲ ရှိစုမဲ့စုလေးဝယ်ပြီးအောင်းထားချင်သူအတွက် အကြိုက်ပေါ့။

 

ရောင်းသူ ဝယ်သူမှာတာဝန်ကိုယ်စီရှိပါတယ်။ ရောင်းသူက သူ့ ပစ္စည်းရဲ့ အဖြစ်မှန်ကိုအကုန်ပြောရမယ်၊ဥပမာ- အပေါင်ခံထားရင် အပေါင်ခံထားတယ်ပေါ့။

 

ဝယ်သူကလည်း ဝယသူ့ တာဝန်ရှိပါတယ်။ ဥပမာ- မြေစာရင်းသွားစုစမ်းတာ ဆက်စပ်စာချုပ်ကြည့်တာစရန်ပေးခဲ့ရင်လည်းကန့် ကွက်သူရှိမရှိသတင်းစာထဲကြော်ငြာတာ။

 

အခု ရောင်းမဲ့ မြေ ရဲ့ ချတ်ယွင်းချက်ပြောရရင်တော့

(၁) မြေအမည်ပေါက်တိုက်ရိုက်ရောင်းတာမဟုတ်တော့မြေပိုင်ရှင်က စာချုပ်ပါလိပ်စာမှာမရှိ။ ဧည့်နိုင်ငံသားဖြစ်တော့ နိုင်ငံခြားရောက်နေပုံ ရတယ်။ သူ့ မြေ ကို စာချုပ်အတုလုပ်ပြီးခွဲစိတ်ရောင်းတောင် သိ ပုံ မရလောက်ဘူး။

 

(၂) လယ်မြေတွေက ဥပဒေအရ တရားဝင်ရောင်းခွင့်ရှိပေမယ့် မှတ်ပုံတင်လို့ မရသေးလို့ အမည်ပေါက်မပြောင်းနိုင်သေးဘဲ အရပ်စာချုပ်နဲ့ ဘဲ ကိုင်ထားရတယ်။ အဲဒိအခါ မှတ်ပုံတင်ထားတဲ့ GP ဒါမှမဟုတ် SP မြေအမည်ပေါက်ဆီက ယူထားရတယ်။ အခုရောင်းသူဆီမှာ အဲဒါမရှိဘူး။

 

(၃)မြေစာရင်းမှာ မြေအမည်ပေါက် ကတော့မှန်တယ် ဒါပေမယ့်ရောင်းသူအမည်မဟုတ်ဘူး။

 

(၄) နောက်တစ်ခု က မြေ ၄၀ x ၆၀ တကွက်ကို ၃၅ သိန်းနဲ့ ဝယ်ထားပြီး တနှစ်ကျော်မှ ဘာလို့ ၅၆ သိန်းနဲ့ဘဲ ပြန်ရောင်းလဲ။ ဒါတောင် သံဆူးကြိုးနဲ့ ပတ်ပတ်လည်ကာပေးအုံးမှာ။

 

သူ့ ဘေးမှာ ဝိုင်းထောက်ခံပေးနေတဲ့ ပွဲစား တပြုံတခေါင်းကို ပွဲစားခ ထုတ်ပေးရအုံးမှာ။ ဒါတွေကို သူထုတ်ရမှာဆိုတော့ ရောင်းသူအမှန်တကယ်ရောင်းရင် သူ့အတွက် ဘာကျန်တော့မှာလဲ။

 

မိတ်ဆွေ က မိန်းမလေ။ မိန်းမ ဆိုတော့လည်း မြေကွက်ကလေးကလည်းလှတော့ လော ဘ လေး ထွက်တာပေါ့။ မြေနီလမ်းကြားထဲက ဓာတ်တိုင်၃ တိုင်ကို ပွဲစားက ပြပြီး မီးသွယ်တော့မှာလို့ ပြော တာကိုး။

 

အခုတော့ဝယ်ချင်တဲ့မိတ်ဆွေကို တာဝန်ပြန်ပေးလိုက်ပါတယ်။မြေအမည်ပေါက် က တကယ် ဘဲ ရောင်းထားတာဟုတ်မဟုတ် သိရအောင် မြေအမည်ပေါက်ကိုတွေ့ အောင်ရှာပါလို့။

 

သူလည်း နေ့ ရော ညပါ မြေအမည်ပေါက်အိမ်ကို သွားကြည့်နေလေရဲ ။မြေအမည်ပေါက်နေတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး သွားစုံစမ်းတော့ မြေအမညပေါက်အိမ်မှန်တယ်၊ ဒါပေမယ့် ခရီးရှည်သွားမသွား သူတို့ မသိဘူးတဲ့။

 

ဝယ်သူမှာဝယ်သူလုပ်ရမဲ့တာဝန် ရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ ။

 

ဤပိုစ့်ကို တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်ယဉ်အေး လွန်ခဲ့သော ၅ နှစ်က ရေးထားခဲ့တဲ့ ပို့စ်ပါ။ မြေဝယ်ချင်သူတစ်ယောက်က သူဝယ်တော့မယ့်မြေကို ဝယ်သင့် မဝယ်သင့်စိစစ်ရမယ့်အပိုင်းကို ရေးထားတာ မှတ်သားစရာကောင်းလို့ ဖော်ပြပေးခြင်းဖြစ်သည်။

 

Credit

Read 8249 times
Rate this item
(1 Vote)