ဓာတ်လှေကားလက်ခလုတ်များအား ခြေနင်း အဖြစ်အစားထိုးမည်

ဓာတ်လှေကားလက်ခလုတ်များအား ခြေနင်း အဖြစ်အစားထိုးမည်

ကိုရိုနာရောဂါ ဖြစ်ပွါးနေတဲ့ကာလမှာ လူအများထိတွေ့နေတဲ့ ဓာတ်လှေကားခလုတ်များ ကို မိမိ လက်ဖြင့်ထိတွေ့မိတာက အရမ်း အန္တရာယ်များလှပါတယ်။ဒီတစ်ခါမှာတော့ ဘန်ကောက်က ဈေးဝယ်စင်တာတစ်ခုကကိုဗစ်ဖြစ်ပွါးရေးထိန်းချုပ်နိုင်ရင် လက်နှိပ် ဓာတ်လှေကားခလုတ်များ အားခြေနင်း အဖြစ်အစားထိုးခဲ့ပါတယ်။

 

ထိုသို့ ဓာတ်လှေကားခြေနင်းခလုတ်များ အစားထိုးခြင်းကို ရောဂါဖြစ်နေလို့ ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ကမှ ပြန်လည်ဖွင့်လှစ်တဲ့ Seacon Square ဈေးဝယ်မောလ်မှာ ဓာတ်လှေခြေနင်းခလုတ်များ ထည့်တွင်းကာ ဓာတ်လှေကား ပြန်လည်တည်ဆောက်ထားတာတွေ့ရပါတယ်။

 

၎င်းမောလ်ကြီးအနေနဲ့ ယခုမှာ ထိုသို့ခြေနင်း ဓာတ်လှေကား ၁ ခုပဲ ထည့်သွင်းထားရပေမယ့် နောက်ပိုင်းမှာ သူတို့ ပိုင်တိုင်တဲ့ ဓာတ်လှေကား ၁၅ ခုလုံးကို ခြေနင်း ခလုတ်များအဖြစ်ပြောင်းလဲတော့မှာပါလို့ Seacon မောလ်ရဲ့ ဒုအုပ်ချုပ်ရေးမှုး Prote Sosothikul ကပြောပါတယ်။

 

ပထမဦးဆုံး အပေါ် နဲ့ အောက်ခြေနင်းနှစ်ခုကို ဓာတ်လှေကားရှေးမှာ ထားမယ် ဓာတ်လှေကားကို အပေါ် တက်မယ်အောက်ဆင်းမယ်ဆိုတာ ဈေးဝယ်သူတွေခေါ်လို့ရအောင်လို့ ။ ဓာတ်လှေကားထဲရောက်ရင်တော့ အလွှာအသီးသီး ခြေနင်းတစ်ခုစီလုပ်ပေးထားမယ် အဆိုပါ မောလ်ဆို ကားပါကင်အပါအဝင်အလွှာက ၇ ထက်ရှိတယ်။

 

အခုဆိုရင် ဓာတ်လှေကားထဲလူ ၆ ယောက်သာပေးဝင်တယ် ဈေးဝယ်သူတွေလုံခြုံရေးအတွက် ခြေနင်းပြားစတေကာလေးတွေ ၇ ပြားကပ်ထားပေးတယ်။ထိုသို့ဓာတ်လှေကား ပြန်ပြင်ဖို့အတွက်ကုန်ကျငွေက အမေရိကန်ဒေါ်လာ ၆၃၀ လောက်နီးနီးရှိတယ်လို့ သိရပါတယ်။

 

ယိုးဒယား နိုင်ငံဆိုရင်တော့ဖြင့် ကိုရိုနာရောဂါဖြစ်ပွါးသူ ၃၀၃၇ ယောက်ရှိပြီး သေဆုံးသူ ၅၆ ယောက်ရှိတယ်သိရပါတယ်။ယခုဆိုရင်တော့ ရောဂါကူးစက်ခံရသူ လူနာအသစ်ထက်မတွေ့ရတော့ပါဘူး။မောလ်ထဲကိုဝင်မယ်ဆိုလူတွေက သူ့ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြရပါတယ်သည့်အပြင် မော်နီတာ စကန်နဲ့ ကိုယ်အပူချိန်တိုင်းရပါတယ်။

 

ယခုဆိုရင် ယိုးဒယား မှာ App တစ်ခု Thai Chana ဆိုတဲ့ App အသစ်ထွက်လာပါတယ်။ဒါကတော့ မောလ်တွေမှမဟုတ်ပါဘူး သင်သွားမယ့် အဆောက်အအုံမှာ လူဘယ်နှစ်ယောက်ရှိနေလဲဆိုတာကြည့်လို့ ရတဲ့ App မျိုးပါ။

 

<<< Zawgyi >>>

 

ဓာတ္ေလွကားလက္ခလုတ္မ်ားအား ေျခနင္း အျဖစ္အစားထိုးမည္

------------------------------------------------------------------------------

 

ကို႐ိုနာေရာဂါ ျဖစ္ပြါးေနတဲ့ကာလမွာ လူအမ်ားထိေတြ႕ေနတဲ့ ဓာတ္ေလွကားခလုတ္မ်ား ကို မိမိ လက္ျဖင့္ထိေတြ႕မိတာက အရမ္း အႏၲရာယ္မ်ားလွပါတယ္။ဒီတစ္ခါမွာေတာ့ ဘန္ေကာက္က ေဈးဝယ္စင္တာတစ္ခုကႆိုဗစ္ျဖစ္ပြါးေရးထိန္းခ်ဳပ္ႏိုင္ရင္ လက္ႏွိပ္ ဓာတ္ေလွကားခလုတ္မ်ား အားေျခနင္း အျဖစ္အစားထိုးခဲ့ပါတယ္။

 

ထိုသို႔ ဓာတ္ေလွကားေျခနင္းခလုတ္မ်ား အစားထိုးျခင္းကို ေရာဂါျဖစ္ေနလို႔ ပိတ္ခဲ့ရၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြ ေန႔ကမွ ျပန္လည္ဖြင့္လွစ္တဲ့ Seacon Square ေဈးဝယ္ေမာလ္မွာ ဓာတ္ေလွေျခနင္းခလုတ္မ်ား ထည့္တြင္းကာ ဓာတ္ေလွကား ျပန္လည္တည္ေဆာက္ထားတာေတြ႕ရပါတယ္။

 

၎ေမာလ္ႀကီးအေနနဲ႔ ယခုမွာ ထိုသို႔ေျခနင္း ဓာတ္ေလွကား ၁ ခုပဲ ထည့္သြင္းထားရေပမယ့္ ေနာက္ပိုင္းမွာ သူတို႔ ပိုင္တိုင္တဲ့ ဓာတ္ေလွကား ၁၅ ခုလုံးကို ေျခနင္း ခလုတ္မ်ားအျဖစ္ေျပာင္းလဲေတာ့မွာပါလို႔ Seacon ေမာလ္ရဲ႕ ဒုအုပ္ခ်ဳပ္ေရးမႈး Prote Sosothikul ကေျပာပါတယ္။

 

ပထမဦးဆုံး အေပၚ နဲ႔ ေအာက္ေျခနင္းႏွစ္ခုကို ဓာတ္ေလွကားေရွးမွာ ထားမယ္ ဓာတ္ေလွကားကို အေပၚ တက္မယ္ေအာက္ဆင္းမယ္ဆိုတာ ေဈးဝယ္သူေတြေခၚလို႔ရေအာင္လို႔ ။ ဓာတ္ေလွကားထဲေရာက္ရင္ေတာ့ အလႊာအသီးသီး ေျခနင္းတစ္ခုစီလုပ္ေပးထားမယ္ အဆိုပါ ေမာလ္ဆို ကားပါကင္အပါအဝင္အလႊာက ၇ ထက္ရွိတယ္။

 

အခုဆိုရင္ ဓာတ္ေလွကားထဲလူ ၆ ေယာက္သာေပးဝင္တယ္ ေဈးဝယ္သူေတြလုံၿခဳံေရးအတြက္ ေျခနင္းျပားစေတကာေလးေတြ ၇ ျပားကပ္ထားေပးတယ္။ထိုသို႔ဓာတ္ေလွကား ျပန္ျပင္ဖို႔အတြက္ကုန္က်ေငြက အေမရိကန္ေဒၚလာ ၆၃၀ ေလာက္နီးနီးရွိတယ္လို႔ သိရပါတယ္။

 

ယိုးဒယား ႏိုင္ငံဆိုရင္ေတာ့ျဖင့္ ကို႐ိုနာေရာဂါျဖစ္ပြါးသူ ၃၀၃၇ ေယာက္ရွိၿပီး ေသဆုံးသူ ၅၆ ေယာက္ရွိတယ္သိရပါတယ္။ယခုဆိုရင္ေတာ့ ေရာဂါကူးစက္ခံရသူ လူနာအသစ္ထက္မေတြ႕ရေတာ့ပါဘူး။ေမာလ္ထဲကိုဝင္မယ္ဆိုလူေတြက သူ႔ကိုယ္ေရးအခ်က္အလက္ေတြကို ေဖာ္ျပရပါတယ္သည့္အျပင္ ေမာ္နီတာ စကန္နဲ႔ ကိုယ္အပူခ်ိန္တိုင္းရပါတယ္။

 

ယခုဆိုရင္ ယိုးဒယား မွာ App တစ္ခု Thai Chana ဆိုတဲ့ App အသစ္ထြက္လာပါတယ္။ဒါကေတာ့ ေမာလ္ေတြမွမဟုတ္ပါဘူး သင္သြားမယ့္ အေဆာက္အအုံမွာ လူဘယ္ႏွစ္ေယာက္ရွိေနလဲဆိုတာၾကည့္လို႔ ရတဲ့ App မ်ိဳးပါ။

 

Ref ; Reuters

Read 1020 times
Rate this item
(0 votes)
Tagged under