နေပြည်တော်ရှိ ကျည်တောင်ကန်ဈေး အဆင့်မြှင့်တင်ဆောက်လုပ်ပြီးစီးပါက ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ခင်းကျင်းရောင်းချနိုင်မည်

နေပြည်တော်ရှိ ကျည်တောင်ကန်ဈေး အဆင့်မြှင့်တင်ဆောက်လုပ်ပြီးစီးပါက ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ခင်းကျင်းရောင်းချနိုင်မည် NPTDC

နေပြည်တော်ရှိ ကျည်တောင်ကန်ဈေး အဆင့်မြှင့်တင်ဆောက်လုပ်ပြီးစီးပါက ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ခင်းကျင်းရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ကျည်တောင်ကန်ဈေးသည် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ပိတောက်လမ်းဘေးတွင် တည်ရှိပြီး မြေအကျယ်အဝန်း ၁ ဒသမ ၇၄၇ ဧကရှိ ယခင်ဈေးဟောင်းမြေနေရာတွင် အဆင့်မြှင့်တင်ရန် ဆောက်လုပ်ခြင်းဖြစ်သည်။

 

 

အဆိုပါဈေးကို Top Ray Company မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး Steel Structure ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

>>>ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရက သတ်မှတ်ထားသည့် မြေဈေးနှုန်းများလျော့ကျ<<<

 

 

အဆင့်မြှင့်တင် ဆောက်လုပ်ပြီးစီးပါက အကျယ်အဝန်း (၈ x ၁၀) ပေ ဆိုင်ခန်းပေါင်း ၃၂၆ ခန်းနှင့် အကျယ်အဝန်း (၄ ×၄ ) ပေ ပျံကျဈေးဆိုင်ခန်းပေါင်း ၂၄၉ တို့ ခင်းကျင်း ရောင်းချနိုင်မည်ဖြစ်သည်။

 

 

အဆိုပါဆိုင်ခန်းများကို ယခင်ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်များအပါအဝင် ဈေးရောင်းချမည့်သူများအား မဲစနစ်ဖြင့် နေရာချထား၍ ရောင်းချမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့နှင့် ဈေးများဌာနတို့မှ သိရသည်။

 

 

လုံခြုံရေးနှင့် စီစီတီဗွီစက်ကိရိယာများ လုပ်ငန်းပေါင်း ၃၆၈ ခုကို ရှာရန်နှိပ်ပါ

 

Image may contain: 8 people, people standing, wedding, child, tree and outdoor

 

ကျည်တောင်ကန်ဈေး အဆင့်မြှင့်တင်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက် နံနက် ၇ နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Image may contain: one or more people, people standing, child, outdoor and nature

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 


 


 


Read 462 times
Rate this item
(0 votes)
Tagged under