ကြည့်မြင်တိုင်ညဈေးတွင် တည်ဆောက်နေသာ ဈေးရုံ ၃ ရုံ ယခုဘဏ္ဍာနှစ်တွင် ပြီးစီးရန် ရည်မှန်းထား

ကြည့်မြင်တိုင်ညဈေးတွင် တည်ဆောက်နေသာ ဈေးရုံ ၃ ရုံ ယခုဘဏ္ဍာနှစ်တွင် ပြီးစီးရန် ရည်မှန်းထား google

ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ်ရှိ ကြည့်မြင့်တိုင်ညဈေး၌ တည်ဆောက်လျက်ရှိသော ဈေးရုံ ၃ ရုံကို ယခုဘဏ္ဍာနှစ်တွင် ပြီးစီးရန် ရည်မှန်းထားကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

လက်ရှိတွင် အဆင့်မြင့်တင်တည်ဆောက်နေသော ဈေးရုံသုံးရုံသည် ဎ၊ ဏ၊ ဌ ရုံတို့ဖြစ်ပြီး အဆိုပါဈေးအတွင်း အဆင်မြှင့်တင်မှုများ လုပ်ဆောင်ရာတွင် မူလရှိပြီးသား သစ်သားဈေးရုံများမှ ဈေးရုံများမှ ဈေးရုံတစ်ခုချင်းစီအလိုက် Steel Structure များအဖြစ် ပြောင်းလဲတည်ဆောက်နေခြင်းဖြစ်သည်။

 

 

>>>ရွာမဓာတ်အားပေးစက်ရုံအား အသစ်တည်ဆောက်ရန် IDA ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ချေးငွေ ရယူနိုင်ရန် လွှတ်တော်သို့ တင်ပြ<<<

 

 

'' အရင်ကရှိတဲ့ သစ်သားဈေးရုံတွေကို အခုလို Steel Structure တွေအဖြစ်နဲ့ ပြောင်းလဲလုပ်ဆောင်တဲ့အခါ အမြင်ပိုင်းအရလည်း တင့်တယ်ကောင်းမွန်စေတဲ့အပြင် အရင်လိုမျိုး ဆိုင်တွေပြွတ်သိပ်နေတာတွေမဖြစ်တော့ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက်လည်း ပိုပြီးထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့် အခြေအနေမျိုးဖြစ်ပါတယ် '' ဟု ကြည်မြင့်တိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

အုတ်၊ သဲ၊ ကျောက် လုပ်ငန်းပေါင်း ၁၁၁၆ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါဈေးရုံများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြို့တော်စည်ပင်ငွေလုံးငွေရင်း ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ခွင့်ပြုချက်ဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး ထိုဈေးအတွင်း ဈေးရုံများ အဆင့်မြှင့်တင်တည်ဆောက်မှုကို ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကတည်းက နှစ်အလိုက် အပိုင်းများခွဲကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 527 times
Rate this item
(0 votes)
Tagged under