မိတ္ထီလာတွင် ငွေကျပ်သန်း ၃၀၀၀ ကျော်ဖြင့် မီးသတ်စခန်းရုံ နှစ်ထပ်အဆောက်အအုံသစ် ဆောက်လုပ်မည်

မိတ္ထီလာတွင် ငွေကျပ်သန်း ၃၀၀၀ ကျော်ဖြင့် မီးသတ်စခန်းရုံ နှစ်ထပ်အဆောက်အအုံသစ် ဆောက်လုပ်မည် google

မိတ္ထီလာခရိုင်တွင် မီးသတ်စခန်းရုံး နှစ်ထပ်အဆောက်အအုံသစ်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၃၃၉ သန်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

'' မိတ္ထီလာခရိုင်မီးသတ်စခန်းရုံး နှစ်ထပ်အဆောက်အအုံသစ်ကို တိုင်းဒေသကြီးအစိုးရရဲ့ ၂၀၁၉-၂၀၂၀ ခွင့်ပြုဘတ်ဂျက်ငွေကျပ် ၃၃၃၉ သန်းနဲ့ ဆောက်လုပ်သွားမှာပါ။ အဆောက်အအုံက နှစ်ထပ်ဖြစ်ပြီး အလျား ၁၃၃ ပေ၊ အနံ ၅၂ ပေ RC အမျိုးအစားဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလအတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမှာပါ '' ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောသည်။

 

 

အဆိုပါမီးသတ်စခန်းအဆောက်အအုံသစ်ကို မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ပြည်သာယာ (မ) ရပ်ကွက် ၂ လမ်းအနီးရှိ ခရိုင်မီးသတ်စခန်းရုံးမြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်သည်။

 

 

>>>ရှမ်းပြည်နယ်တွင် ကူးစက်မြန်ဆန်သောရောဂါများ သီးသန့်ကုသရန် ဆေးရုံတည်ဆောက်မည်<<<

 

 

မိတ္ထီလာခရိုင်မီးသတ်စခန်းရုံး အဆောက်အအုံသစ် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် တာဝန်ရှိသူများက မင်္ဂလာပန္နက်တိုင်ရိုက်၍ စိုက်ထူပေးခဲ့ကြောင်း သိရသည်။

 

 

သံဂဟေလုပ်ငန်းပေါင်း ၂၂၁ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် ခရိုင်မီးသတ်စခန်းရုံးအား ရတနာမာရ်အောင်ရပ်ကွက်ရှိ မြို့နယ်မီးသတ်စခန်းရုံးနှင့် တွဲဖက်ဖွင့်လှစ်ထားပြီး အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးပါက ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

မိတၳီလာတြင္ ေငြက်ပ္သန္း ၃၀၀၀ ေက်ာ္ျဖင့္ မီးသတ္စခန္းရံု နွစ္ထပ္အေဆာက္အအံုသစ္ ေဆာက္လုပ္မည္

 

 

မိတၳီလာခရိုင္တြင္ မီးသတ္စခန္းရံုး ႏွစ္ထပ္အေဆာက္အအံုသစ္ကုိ မႏၱေလးတုိင္းေဒသႀကီးအစိုးရအဖြဲ႕၏ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ခြင့္ျပဳရန္ပံုေငြက်ပ္ ၃၃၃၉ သန္းျဖင့္ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

'' မိတၳီလာခရိုင္မီးသတ္စခန္းရံုး ႏွစ္ထပ္အေဆာက္အအံုသစ္ကို တိုင္းေဒသႀကီးအစိုးရရဲ႕ ၂၀၁၉-၂၀၂၀ ခြင့္ျပဳဘတ္ဂ်က္ေငြက်ပ္ ၃၃၃၉ သန္းနဲ႔ ေဆာက္လုပ္သြားမွာပါ။ အေဆာက္အအံုက ႏွစ္ထပ္ျဖစ္ၿပီး အလ်ား ၁၃၃ ေပ၊ အနံ ၅၂ ေပ RC အမ်ိဳးအစားျဖစ္ပါတယ္။ လာမယ့္စက္တင္ဘာလအတြင္း ၿပီးစီးေအာင္ ေဆာက္လုပ္သြားမွာပါ '' ဟု ခရိုင္မီးသတ္ဦးစီးမွဴး ဦးထက္ေအာင္က ေျပာသည္။

 

 

အဆိုပါမီးသတ္စခန္းအေဆာက္အအံုသစ္ကို မႏၱေလးတိုင္း၊ မိတၳီလာခရိုင္၊ ျပည္သာယာ (မ) ရပ္ကြက္ ၂ လမ္းအနီးရွိ ခရိုင္မီးသတ္စခန္းရံုးေျမေနရာတြင္ တည္ေဆာက္သြားမည္ျဖစ္သည္။

 

 

မိတၳီလာခရိုင္မီးသတ္စခန္းရံုး အေဆာက္အအံုသစ္ ပႏၷက္ရိုက္မဂၤလာအခမ္းအနားကို မတ္လ ၁၃ ရက္ နံနက္ပိုင္းတြင္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးသက္လြင္ႏွင့္ တာဝန္ရွိသူမ်ားက မဂၤလာပႏၷက္တိုင္ရိုက္၍ စိုက္ထူေပးခဲ့ေၾကာင္း သိရသည္။

 

 

လက္ရွိတြင္ ခရိုင္မီးသတ္စခန္းရံုးအား ရတနာမာရ္ေအာင္ရပ္ကြက္ရွိ ၿမိဳ႕နယ္မီးသတ္စခန္းရံုးႏွင့္ တြဲဖက္ဖြင့္လွစ္ထားၿပီး အေဆာက္အအံုသစ္ ေဆာက္လုပ္ၿပီးစီးပါက ေျပာင္းေရႊ႕ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 399 times Last modified on Monday, 16 March 2020 10:06
Rate this item
(0 votes)
Tagged under