အစိုးရပိုင် ဈေး ၈ ဈေးကို Market Operator အဆင့်မြှင့်တင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူ

အစိုးရပိုင် ဈေး ၈ ဈေးကို Market Operator အဆင့်မြှင့်တင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူ google

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရပိုင် ဈေး ၈ ဈေးကို ပုဂ္ဂလိကစီမံခန့်ခွဲခွင့် (Market Operator) အဖြစ် အဆင့်မြှင့်တင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ(EOI) စာရွက်စာတမ်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့တွင် မတ်လ ၉ ရက်မှ စတင်၍ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

'' Market Operator လုပ်ငန်းဆောင်ရွက်မယ့် ဈေး ၈ ဈေးအတွက် စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) တွေ စတင်ခေါ်ယူနေပါပြီ။ (EOI) တင်သွင်းတဲ့သူတွေအနေနဲ့ ဒီဈေး ၈ ဈေးအပြင် တခြားအဆိုပြုလို့တဲ့ ဈေးတွေရှိရင်လည်း တင်သွင်းနိုင်ပါတယ် '' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

>>>၂၀၁၉-၂၀၂၀ ခုနှစ်တွင် အိမ်ခြံမြေဝယ်ယူရာတွင် ထမ်းဆောင်ရမည့် အခွန်နှုန်းထားများ<<<

 

 

စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) ကို ပြည်တွင်းကုမ္ပဏီများအပါအဝင် ပြည်တွင်း၊ ပြည်ပဖက်စပ်ကုမ္ပဏီများလည်း လျှောက်ထားနိုင်မည်ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

 

ဗိသုကာပညာရှင် လုပ်ငန်းပေါင်း ၁၆၂ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါဈေး ၈ ဈေးမှာ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ဗိုလ်ချုပ်ဈေးသစ်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငမိုးရိပ်စံပြဈေး၊ တောင်ဥက္ကလာပမြို့နယ်ရှိ သီရိမြင်သာဈေး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကေတုမတီဈေး၊ လှိုင်မြို့နယ်ရှိ လှိုင်ဈေးကြီးနှင့် လှိုင်ရတနာဈေး၊ ရွှေပြည်သာမြို့နယ်ရှိ သီရိမင်္ဂလာဈေးတို့ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 1194 times
Rate this item
(0 votes)
Tagged under