ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၇၀ ဖြင့် ဒေါပုံမြို့နယ်ရှိ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား ဖွင့်လှစ်

ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၇၀ ဖြင့် ဒေါပုံမြို့နယ်ရှိ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား ဖွင့်လှစ် Yangon Region Government

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၇၀ ဖြင့်တည်ဆောက်ပြီးစီး၍ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအဆောက်အအုံကို ထွန်းတောက်အောင်ဇမ္ဗူ ကုမ္ပဏီလီမိတက်က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၆၅ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၃၂ ပေရှိ၍ ၃ ထပ် RC အဆောက်အဦးဖြစ်သည်။

 

Image may contain: house, sky and outdoor

 

ထိုအခမ်အနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောရာတွင် တိုင်းဒေသကြီးဥပဒေချုပ်၊ ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများ၏ ကြီးကြပ်ဆောင်ရွက်မှုများနှင့်အတူ ယခုလို ကောင်းကောင်းမွန်မွန် ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများအား ၁၉၇၄ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ဘတ်ဂျက်ရရှိမှုပေါ် မူတည်၍ တစ်နှစ်တွင် ၄ ရုံး၊ ၅ ရုံးလောက်သာ တည်ဆောက်နိုင်ခဲ့ကြောင်း၊ သို့သော် ၂၀၁၀ခုနှစ် နောက်ပိုင်းတွင် ဥပဒေရုံးများ၏ အခြေအနေများ၊ အခက်အခဲများနှင့် အမှန်တကယ် ဖြစ်ပေါ်နေသော အနေအထားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အစိုးရများ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

 

Image may contain: 1 person

 

>>>မြန်မာနိုင်ငံ၏ အကြီးမားဆုံး အိမ်ခြံမြေအရောင်းပြပွဲကို တပ်မတော်ခန်းမတွင် ၃ ရက်ကြာ ကျင်းပမည်<<<

 

 

ထို့နောက် ဗိုလ်မင်းဗိုလ်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်မည့် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ ဥပဒေချုပ်ရုံး ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲ ၆ ထပ် RC အဆောက်အဦအား ဆောက်လုပ်နိုင်ရန် ပန္နက်တော်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Image may contain: 1 person, sitting

 

လုံခြုံရေး ဦးထုပ်နှင့် ဝတ်စုံများ လုပ်ငန်းပေါင်း ၅၃ ခုကို ရှာရန်နှိပ်ပါ

 

 

မြန်မာနိုင်ငံသည် လက်ရှိ ၁၀ နှစ်ကာလအတွင်း ဒေါပုံမြို့နယ်အပါအဝင် ဥပဒေရုံး ၁၁၅ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၈၉ လုံးအထိ တိုးပွားဆောက်လုပ်နိုင်ခဲ့ပြီး လက်ရှိတွင် ဥပဒေရုံး ၂၉၉ ရုံးနှင့် ဝန်ထမ်းအိမ်ရာ ၁၁၂ လုံးအထိ ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ခြင့္ျပဳရန္ပုံေငြက်ပ္ သန္း ၂၇၀ ျဖင့္ ေဒါပုံၿမိဳ႕နယ္ရွိ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ အေဆာက္အဦသစ္အား ဖြင့္လွစ္

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္ရွိ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ခြင့္ျပဳရန္ပုံေငြက်ပ္ သန္း ၂၇၀ ျဖင့္တည္ေဆာက္ၿပီးစီး၍ မတ္လ ၅ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ ဖြင့္ပြဲအခမ္းအနား က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 

Image may contain: house, sky and outdoor

 

အဆိုပါအေဆာက္အအုံကို ထြန္းေတာက္ေအာင္ဇမၺဴ ကုမၸဏီလီမိတက္က တာဝန္ယူတည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး အလ်ား ၆၅ ေပ၊ အနံ ၄၅ ေပ၊ အျမင့္ ၃၂ ေပရွိ၍ ၃ ထပ္ RC အေဆာက္အဦးျဖစ္သည္။

 

 

ထိုအခမ္အနားတြင္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးက အဖြင့္အမွာစကားေျပာရာတြင္ တိုင္းေဒသႀကီးဥပေဒခ်ဳပ္၊ ဥပေဒအရာရွိ၊ ခ႐ိုင္ဥပေဒအရာရွိမ်ား၏ ႀကီးၾကပ္ေဆာင္႐ြက္မႈမ်ားႏွင့္အတူ ယခုလို ေကာင္းေကာင္းမြန္မြန္ ဖြင့္လွစ္ႏိုင္သည့္အတြက္ ဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အသီးသီးတြင္ ဥပေဒ႐ုံးမ်ားႏွင့္ ၿမိဳ႕နယ္ဥပေဒ႐ုံးမ်ားအား ၁၉၇၄ ခုႏွစ္မွ စတင္ဖြဲ႕စည္းခဲ့ၿပီး ဘတ္ဂ်က္ရရွိမႈေပၚ မူတည္၍ တစ္ႏွစ္တြင္ ၄ ႐ုံး၊ ၅ ႐ုံးေလာက္သာ တည္ေဆာက္ႏိုင္ခဲ့ေၾကာင္း၊ သို႔ေသာ္ ၂၀၁၀ခုႏွစ္ ေနာက္ပိုင္းတြင္ ဥပေဒ႐ုံးမ်ား၏ အေျခအေနမ်ား၊ အခက္အခဲမ်ားႏွင့္ အမွန္တကယ္ ျဖစ္ေပၚေနေသာ အေနအထားမ်ားအား တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား အစိုးရမ်ား၏ ဘတ္ဂ်က္ျဖင့္ ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ေျပာၾကားသည္။

 

Image may contain: 1 person

 

ထို႔ေနာက္ ဗိုလ္မင္းဗိုလ္ေဆာက္လုပ္ေရး ကုမၸဏီလီမိတက္မွ တာဝန္ယူတည္ေဆာက္မည့္ ရန္ကုန္တိုင္း၊ ေဒါပုံၿမိဳ႕နယ္ရွိ ဥပေဒခ်ဳပ္႐ုံး ဝန္ထမ္းအိမ္ရာ ၄ ခန္းတြဲ ၆ ထပ္ RC အေဆာက္အဦအား ေဆာက္လုပ္ႏိုင္ရန္ ပႏၷက္ေတာ္တင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 

Image may contain: 1 person, sitting

 

ျမန္မာႏိုင္ငံသည္ လက္ရွိ ၁၀ ႏွစ္ကာလအတြင္း ေဒါပုံၿမိဳ႕နယ္အပါအဝင္ ဥပေဒ႐ုံး ၁၁၅ ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ ၈၉ လုံးအထိ တိုးပြားေဆာက္လုပ္ႏိုင္ခဲ့ၿပီး လက္ရွိတြင္ ဥပေဒ႐ုံး ၂၉၉ ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ ၁၁၂ လုံးအထိ ဖြင့္လွစ္ႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

 

 

Read 203 times
Rate this item
(0 votes)