ရန်ကုန်မြို့တွင်းရှိ ပန်းခြံများတွင် အဆင့်မြင့်စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူမည်

ရန်ကုန်မြို့တွင်းရှိ ပန်းခြံများတွင် အဆင့်မြင့်စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူမည် Facebook

ရန်ကုန်မြို့အတွင်းရှိ ပန်းခြံများတွင် အဆင့်မြင့်စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

 

'' အများပြည်သူများ အဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်အောင် ပန်းခြံတွေကိုလည်း အဆင့်မြှင့်တင်ပေးနေတယ်။ နောက်ပြီး အဆင့်မြင့်စားသောက်ဆိုင်တွေပါ တည်ဆောက်ပေးနိုင်အောင် စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူမှာပါ။ အဓိကကတော့ ဆိုင်နှင့်ပန်းခြံ လိုက်ဖက်တဲ့ အခြေအနေမျိုးကို ရွေးချယ်မယ် '' ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။

 

 

ပန်းခြံများအတွင်း အဆင့်မြင့်စားသောက်ဆိုင်ရန် ဖွင့်လှစ်နိုင်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာခေါ်ယူပြီးပါက တင်ဒါခေါ်ယူ၍ ရွေးချယ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

 

မြို့ပြနှင့် ဖွဲ့စည်းပုံအင်ဂျင်နီယာ လုပ်ငန်းပေါင်း ၁၅ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပြုလွှာခေါ်ယူရာတွင် အထူးသဖြင့် ပန်းခြံပျက်စီးမှု မရှိနိုင်မည့် စားသောက်ဆိုင်များကို ရွေးချယ်ခြင်း၊ ပြည်သူများနှစ်သက်ပြီးသား စားသောက်ဆိုင်များကို ဦးစားပေး ရွေးချယ်ခြင်းနှင့် ပြည်သူများအတွက် သင့်တင့်သောဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်မည့် စားသောက်ဆိုင်များကို ရွေးချယ်ခြင်း၊ စားသောက်ဆိုင်မှ ထွက်လာသည့် အမှိုက်များကို ပန်းခြံမပျက်စီးစေရန် စနစ်တကျ စွန့်ပစ်ရမည်ဖြစ်၍ သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောက်ရွက်ရမည်ဟု သိရသည်။

 

 

ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ လက်ရှိတွင် စီမံဆောင်ရွက်နေသော ပန်းခြံပေါင်း ၆၁ ခုရှိရာ အဆိုပါပန်းခြံများတွင် အဆင့်မြင့်စားသောက်ဆိုင်များ ဖွင့်လှစ်နိုင်ရေး ပြည်သူများအတွက် အပန်းဖြေအနားယူနိုင်မည့်အပြင် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများပါ ပြုလုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Ref: Myawady

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္ၿမိဳ႕တြင္းရွိ ပန္းၿခံမ်ားတြင္ အဆင့္ျမင့္စားေသာက္ဆိုင္မ်ား ဖြင့္လွစ္ႏိုင္ရန္ စိတ္ဝင္စားမႈအဆိုျပဳလႊာ (EOI) ေခၚယူမည္

 

 

ရန္ကုန္ၿမိဳ႕အတြင္းရွိ ပန္းၿခံမ်ားတြင္ အဆင့္ျမင့္စားေသာက္ဆိုင္မ်ား ဖြင့္လွစ္ႏိုင္ရန္ စိတ္ဝင္စားမႈအဆိုျပဳလႊာ (EOI) ေခၚယူမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာသည္။

 

 

'' အမ်ားျပည္သူမ်ား အဆင္ေျပစြာ အပန္းေျဖ အနားယူႏိုင္ေအာင္ ပန္းျခံေတြကိုလည္း အဆင့္ျမွင့္တင္ေပးေနတယ္။ ေနာက္ၿပီး အဆင့္ျမင့္စားေသာက္ဆိုင္ေတြပါ တည္ေဆာက္ေပးႏိုင္ေအာင္ စိတ္ဝင္စားမႈအဆိုျပဳလႊာ ေခၚယူမွာပါ။ အဓိကကေတာ့ ဆိုင္ႏွင့္ပန္းျခံ လုိက္ဖက္တဲ့ အေျခအေနမ်ိဳးကို ေရြးခ်ယ္မယ္ '' ဟု ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ေျပာသည္။

 

 

ပန္းၿခံမ်ားအတြင္း အဆင့္ျမင့္စားေသာက္ဆိုင္ရန္ ဖြင့္လွစ္ႏုိင္ရန္ စိတ္ဝင္စားမႈအဆိုျပဳလႊာေခၚယူၿပီးပါက တင္ဒါေခၚယူ၍ ေရြးခ်ယ္တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုျပဳလႊာေခၚယူရာတြင္ အထူးသျဖင့္ ပန္းၿခံပ်က္စီးမႈ မရွိႏိုင္မည့္ စားေသာက္ဆိုင္မ်ားကို ေရြးခ်ယ္ျခင္း၊ ျပည္သူမ်ားႏွစ္သက္ၿပီးသား စားေသာက္ဆိုင္မ်ားကို ဦးစားေပး ေရြးခ်ယ္ျခင္းႏွင့္ ျပည္သူမ်ားအတြက္ သင့္တင့္ေသာေစ်းႏႈန္းျဖင့္ ဝန္ေဆာင္မႈေပးႏိုင္မည့္ စားေသာက္ဆိုင္မ်ားကို ေရြးခ်ယ္ျခင္း၊ စားေသာက္ဆိုင္မွ ထြက္လာသည့္ အမိႈက္မ်ားကို ပန္းၿခံမပ်က္စီးေစရန္ စနစ္တက် စြန္႔ပစ္ရမည္ျဖစ္၍ သတ္မွတ္စည္းကမ္းမ်ားအတို္င္း လိုက္နာေဆာက္ရြက္ရမည္ဟု သိရသည္။

 

 

ပန္းဥယ်ာဥ္ႏွင့္အားကစားကြင္းမ်ားဌာနမွ လက္ရွိတြင္ စီမံေဆာင္ရြက္ေနေသာ ပန္းျခံေပါင္း ၆၁ ခုရွိရာ အဆိုပါပန္းၿခံမ်ားတြင္ အဆင့္ျမင့္စားေသာက္ဆိုင္မ်ား ဖြင့္လွစ္ႏိုင္ေရး ျပည္သူမ်ားအတြက္ အပန္းေျဖအနားယူႏုိင္မည့္အျပင္ က်န္းမာေရးအတြက္ ေလ့က်င့္ခန္းမ်ားပါ ျပဳလုပ္ႏိုင္ရန္ စီမံေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 

 

Ref: Myawady

Read 1638 times
Rate this item
(0 votes)
Tagged under