မြို့ပြင်လူနေမှု အပန်းဖြေကုန်တိုက် ပုံစံမျိုး တည်ဆောက်ထားသည့် Terminal M Leisure Mall ဆိုင်ခန်းပေါင်း ၁၇၀ ကျော်ပါဝင်မည်

မြို့ပြင်လူနေမှု အပန်းဖြေကုန်တိုက် ပုံစံမျိုး တည်ဆောက်ထားသည့် Terminal M Leisure Mall ဆိုင်ခန်းပေါင်း ၁၇၀ ကျော်ပါဝင်မည် google

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးနှင့် ခရေပင်လမ်းဆုံအနီးရှိ မြေ ၄ ဧကပေါ်တွင် ပထမဆုံးမြို့ပြင်လူနေမှုကုန်တိုက်တစ်ခုကို တည်ဆောက်လျက်ရှိ၍ ဆိုင်ခန်းပေါင်း ၁၇၀ ကျော်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Terminal M Leisure Mall ကိုလာရောက်သည့် မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရန် ကားအစီးရေ ၂၅၀ ကျော် ရပ်နားနိုင်မည့် ကားပါကင်တည်ဆောက်ထားသည့်အပြင် အပန်းဖြေအနားယူနိုင်ရန်အတွက် ရေကန်နှင့်ပန်းခြံပါ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

 

 


>>>ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးထားသည့် မကျီးဇင်တံတား တည်ဆောက်မှုများ မေလကုန်တွင် အပြီးသတ်ဆောင်ရွက်မည်<<<

 

 

“ ကျွန်တော်တို့ကုန်တိုက်ကို Terminal M Leisure Mall လို့ အမည်ပေးထားပါတယ်။ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားဝင်းနှင့် နိုင်ငံခြားရင်းနှီးမြုုပ်နှံမှု အများဆုံးရှိတဲ့ မင်္ဂလာဒုံစက်မှုမြို့တော်၏ အနီးနားတွင် တည်ရှိတာကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက လာရောက်သော ဧည့်သည်တွေအနေနဲ့ရော ပြည်ပက လာရောက်မယ့် နိုင်ငံခြားသားတွေအတွက် တစ်နေရာတည်းမှာ အပန်းဖြေ စားသောက်၊ ဝယ်ယူနိုင်မည့် နေရာတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ် ဟု Mottama Development Group Co., Ltd ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

သီးခြားအဖွဲ့မှစစ်ဆေးခြင်း လုပ်ငန်းပေါင်း ၁၄ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါကုန်တိုက်သည် လေးထောင့်ပုံစံ တည်ဆောက်ထားတာဖြစ်ပြီး အလယ်တွင် Atrium ပါရှိကာ ဆိုင်ခန်းပေါင်း ၁၇၀ ကျော်ပါဝင်၍ ယခုနှစ်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ Terminal M Leisure Mall တွင် အဝတ်အထည်နှင့် လူသုံးကုန်အသုံးအဆောင်များ၊ စားသောက်ဆိုင်များ အပြင် ရုပ်ရှင်ရုံနှင့် အခြားစိတ်ဝင်စားဖွယ် ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ၿမိဳ႕ျပင္လူေနမႈ အပန္းေျဖကုန္တိုက္ ပံုစံမ်ိဳး တည္ေဆာက္ထားသည့္ Terminal M Leisure Mall ဆိုင္ခန္းေပါင္း ၁၇၀ ေက်ာ္ပါဝင္မည္

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္ အမွတ္ (၃) လမ္းမၾကီးႏွင့္ ခေရပင္လမ္းဆံုအနီးရွိ ေျမ ၄ ဧကေပၚတြင္ ပထမဆံုးၿမိဳ႕ျပင္လူေနမႈကုန္တိုက္တစ္ခုကို တည္ေဆာက္လ်က္ရွိ၍ ဆိုင္ခန္းေပါင္း ၁၇၀ ေက်ာ္ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

Terminal M Leisure Mall ကိုလာေရာက္သည့္ ေမာ္ေတာ္ယာဥ္မ်ား ယာဥ္ေၾကာပိတ္ဆို႔မႈမျဖစ္ေစရန္ ကားအစီးေရ ၂၅၀ ေက်ာ္ ရပ္နားႏိုင္မည့္ ကားပါကင္တည္ေဆာက္ထားသည့္အျပင္ အပန္းေျဖအနားယူႏိုင္ရန္အတြက္ ေရကန္ႏွင့္ပန္းျခံပါ ထည့္သြင္းတည္ေဆာက္ထားေၾကာင္း သိရသည္။

 

 

“ ကၽြန္ေတာ္တို႔ကုန္တုိက္ကို Terminal M Leisure Mall လို႔ အမည္ေပးထားပါတယ္။ ေအာင္မဂၤလာအေဝးေျပး ယာဥ္ရပ္နားဝင္းႏွင့္ ႏိုင္ငံျခားရင္းႏွီးျမုဳပ္ႏွံမႈ အမ်ားဆံုးရွိတဲ့ မဂၤလာဒံုစက္မႈၿမိဳ႕ေတာ္၏ အနီးနားတြင္ တည္ရွိတာေၾကာင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးက လာေရာက္ေသာ ဧည့္သည္ေတြအေနနဲ႔ေရာ ျပည္ပက လာေရာက္မယ့္ ႏိုင္ငံျခားသားေတြအတြက္ တစ္ေနရာတည္းမွာ အပန္းေျဖ စားေသာက္၊ ဝယ္ယူႏိုင္မည့္ ေနရာတစ္ခုျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္ ဟု Mottama Development Group Co., Ltd ၏တာဝန္ရွိသူတစ္ဦးက ေျပာသည္။

 

 

အဆိုပါကုန္တိုက္သည္ ေလးေထာင့္ပံုစံ တည္ေဆာက္ထားတာျဖစ္ၿပီး အလယ္တြင္ Atrium ပါရွိကာ ဆိုင္ခန္းေပါင္း ၁၇၀ ေက်ာ္ပါဝင္၍ ယခုႏွစ္ကုန္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။ Terminal M Leisure Mall တြင္ အဝတ္အထည္ႏွင့္ လူသံုးကုန္အသံုးအေဆာင္မ်ား၊ စားေသာက္ဆိုင္မ်ား အျပင္ ရုပ္ရွင္ရံုႏွင့္ အျခားစိတ္ဝင္စားဖြယ္ ေဖ်ာ္ေျဖမႈမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read 4715 times Last modified on Wednesday, 19 February 2020 10:19
Rate this item
(1 Vote)
Tagged under