ရတနာပုံဈေး မြေညီထပ်ဆိုင်ခန်းများ ဇန်နဝါရီ ၂၅ ရက်ပြန်လည်ဖွင့်လှစ်မည်

ရတနာပုံဈေး မြေညီထပ်ဆိုင်ခန်းများ ဇန်နဝါရီ ၂၅ ရက်ပြန်လည်ဖွင့်လှစ်မည် google

ရတနာပုံဈေး မီးလောင်ကျွမ်းမှုတွင် မပါဝင်ခဲ့သည့် မြေညီထပ်ဆိုင်ခန်းများ၊ မြေအောက်သားငါးရောင်းချသော ဆိုင်ခန်းများနှင့် ဘေးကပ်လျက်ရှိ ဒိုင်းမွန်းပလာဇာ၊ Ocean Supercenter တို့ကို ဇန်နဝါရီ ၂၅ ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

 

ဈေးမြေညီထပ်နှင့် မြေအောက်ဆိုင်ခန်းများသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်းများ ပြီးစီးပြီဖြစ်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုပြီး ၂၅ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရတနာပုံဈေးမီးလောင်မှုသတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်းမြင့်ကပြောသည်။

 

 

ရတနာပုံဈေး မြေညီထပ်တွင် အထည်နှင့်ကုန်ခြောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်း ၁,၅၆၂ ဆိုင်ရှိပြီး မြေအောက်ကား ပါကင်တွင် ရောင်းချသောသားငါးဆိုင် ၁၀၃ ဆိုင်ရှိကြောင်း မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီကထုတ်ပြန်ထားသည်။

 

 

အဆိုပါနေရာများကို ဇန်နဝါရီ ၁၇ ရက် ညက မီးလောင်မှုဖြစ်စဉ်အပြီး ပိတ်ထားခြင်းဖြစ်သည်။ မီးလောင်ခဲ့သော ရတနာ ပုံဈေးပထမထပ် (Sky Walk) နှင့် ပတ်သက်၍ လက်ရှိမီးလောင်ပြင်နေရာများကို ရှင်းလင်းနေဆဲဖြစ်ပြီး Sky Walk နှင့် ကျန်ရှိအထပ်များကို အကြီးစားပြုပြင်မှုများ ဆောင်ရွက်မည်ဟု မြို့တော်ဝန် ဦးရဲလွင်က ပြောကြားထားသည်။

 

 

မီးလောင်ကျွမ်းခဲ့သည့် နေရာများကို ပြုပြင်ရာတွင် သုံးလခန့်ကြာမြင့်နိုင်ကြောင်း ဦးရဲလွင်ကပြောကြားထားသည်။

 

 

မီးလောင်ခဲ့သော ရတနာပုံဈေး ပထမထပ်ကြမ်းပြင်နှင့် မျက်နှာကြက်တို့တွင် အနည်းဆုံးငါး နေရာခန့်ကြံ့ခိုင်မ ှုအားနည်းပြီး အဆိုပါနေရာများကို ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ပြောကြားထားသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရတနာပုံေဈး ေျမညီထပ္ဆိုင္ခန္းမ်ား ဇန္နဝါရီ ၂၅ ရက္ျပန္လည္ဖြင့္လွစ္မည္

 

 

ရတနာပုံေဈး မီးေလာင္ကြၽမ္းမႈတြင္ မပါဝင္ခဲ့သည့္ ေျမညီထပ္ဆိုင္ခန္းမ်ား၊ ေျမေအာက္သားငါးေရာင္းခ်ေသာ ဆိုင္ခန္းမ်ားႏွင့္ ေဘးကပ္လ်က္ရွိ ဒိုင္းမြန္းပလာဇာ၊ Ocean Supercenter တို႔ကို ဇန္နဝါရီ ၂၅ ရက္တြင္ ျပန္လည္ဖြင့္လွစ္မည္ ျဖစ္သည္။

 

 

ေဈးေျမညီထပ္ႏွင့္ ေျမေအာက္ဆိုင္ခန္းမ်ားသန႔္ရွင္းေရး ျပဳလုပ္ျခင္းႏွင့္ လွ်ပ္စစ္မီးသြယ္တန္းျခင္းမ်ား ၿပီးစီးၿပီျဖစ္၍ အႏၲရာယ္ကင္း ပရိတ္႐ြတ္ဆိုၿပီး ၂၅ ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ရတနာပုံေဈးမီးေလာင္မႈသတင္းျပန္ၾကားေရးႏွင့္ မွတ္တမ္းတင္ေရး ေကာ္မတီ ဥကၠ႒ ဦးေက်ာ္ဆန္းျမင့္ကေျပာသည္။

 

 

ရတနာပုံေဈး ေျမညီထပ္တြင္ အထည္ႏွင့္ကုန္ေျခာက္ဆိုင္ခန္းမ်ားအပါအဝင္ ဆိုင္ခန္း ၁,၅၆၂ ဆိုင္ရွိၿပီး ေျမေအာက္ကား ပါကင္တြင္ ေရာင္းခ်ေသာသားငါးဆိုင္ ၁၀၃ ဆိုင္ရွိေၾကာင္း မႏၲေလးၿမိဳ႕စည္ပင္သာယာေရး ေကာ္မတီကထုတ္ျပန္ထားသည္။

 

 

အဆိုပါေနရာမ်ားကို ဇန္နဝါရီ ၁၇ ရက္ ညက မီးေလာင္မႈျဖစ္စဥ္အၿပီး ပိတ္ထားျခင္းျဖစ္သည္။ မီးေလာင္ခဲ့ေသာ ရတနာ ပုံေဈးပထမထပ္ (Sky Walk) ႏွင့္ ပတ္သက္၍ လက္ရွိမီးေလာင္ျပင္ေနရာမ်ားကို ရွင္းလင္းေနဆဲျဖစ္ၿပီး Sky Walk ႏွင့္ က်န္ရွိအထပ္မ်ားကို အႀကီးစားျပဳျပင္မႈမ်ား ေဆာင္႐ြက္မည္ဟု ၿမိဳ႕ေတာ္ဝန္ ဦးရဲလြင္က ေျပာၾကားထားသည္။

 

 

မီးေလာင္ကြ်မ္းခဲ့သည့္ ေနရာမ်ားကို ျပဳျပင္ရာတြင္ သုံးလခန႔္ၾကာျမင့္ႏိုင္ေၾကာင္း ဦးရဲလြင္ကေျပာၾကားထားသည္။

 

 

မီးေလာင္ခဲ့ေသာ ရတနာပုံေဈး ပထမထပ္ၾကမ္းျပင္ႏွင့္ မ်က္ႏွာၾကက္တို႔တြင္ အနည္းဆုံးငါး ေနရာခန႔္ႀကံ့ခိုင္မ ႈအားနည္းၿပီး အဆိုပါေနရာမ်ားကို ကြၽမ္းက်င္အင္ဂ်င္နီယာမ်ားႏွင့္ ျပန္လည္ျပဳျပင္မည္ျဖစ္ေၾကာင္း ဦးေက်ာ္ဆန္းျမင့္က ေျပာၾကားထားသည္။

 

Read 336 times Last modified on Thursday, 30 January 2020 16:46
Rate this item
(0 votes)
Tagged under