ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းအတွက် အကောင်အထည်ဖော်ရေး စာချုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးစီး

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့်စီမံကိန်းအတွက် အကောင်အထည်ဖော်ရေး စာချုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးစီး google

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးစီးကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သတင်းထုတ်ပြန်ထားပါသည်။

 

ထားဝယ်အထူးစီးပွားရေးဇုန် Concession Agreements စာချုပ်များကို ပြင်ဆင်ခြင်းသည် မြေပြင်တည်ဆောက်ရေး လုပ်ငန်းများစတင်နိုင်ရေး လမ်းပွင့်စေမည်ဖြစ်သည်။

 

Image may contain: text

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသည် ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် အပြောင်းအလဲများကို ဝမ်းမြောက်စွာကြေငြာလိုသည်မှာ ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစက်မှုဇုန်နယ်မြေစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် စာချုပ်ပိုင်းဆိုင်ရာ အစီအစဉ်များအား ပြင်ဆင်မှုပြုလုပ်ဆောင်ရွက်ပြီးခြင်း ကိစ္စဖြစ်ပါသည်။ ဤကနဦး စက်မှုဇုန်နယ်မြေစီမံကိန်း စာချုပ်ပြင်ဆင်ပြီးစီးမှုသည် အခြားကနဦးအဆင့် စီမံကိန်း (၈) ခု အကောင်အထည်ပေါ်လာရေးအတွက်လည်း အဓိက အခြေခံအချက်ဖြစ်ပါသည်။

 

Image may contain: text

 

ထိုင်းနိုင်ငံအစိုးရသည် ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်အထိဖောက်လုပ်မည့် ၂-လမ်းသွား ကားလမ်းဆောက်လုပ်ရေးအတွက် ချေးငွေထုတ်ချေးရန် မကြာသေးမီက သဘောတူခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ချေးငွေအခွင့်အလမ်းသည် အီတာလျံ-ထိုင်း ကုမ္ပဏီ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ပုဂ္ဂလိကရင်းနှီးတည်ဆောက်သူများအတွက် အဓိကကျသောအရာများ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် ဤအဓိကကျသော ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အကျိုးကျေးဇူးများရရှိကာ ရှေ့ဆက်သွားနိုင်မည်ဖြစ်သည်။

 

 

စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ကာလရှည်ကြာစွာ တိုင်ပင်ဆွေးနွေးပြီးမှ စာချုပ်ပါ အချက်အလက်အစီအစဉ်များကို ပြင်ဆင်ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာအစိုးရအတွက် ပိုမို၍ စွန့်စားမှုပြုလုပ်ရန်ဖြစ်ပေါ်စေခြင်း (သို့မဟုတ်) ငွေကြေး အကျိုးအမြတ် တစ်စုံတစ်ရာ လျော့နည်းစေခြင်းများ မပေါ်ပေါက်စေရဘဲ၊ စက်မှုဇုန်လုပ်ငန်းအတွက် ငွေကြေးအရင်းအနှီး လိုအပ်ချက် ဖန်တီးရရှိနိုင်ရေးအပေါ် အခွင့်အလမ်းပိုမိုကောင်းမွန်စေပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘောတူညီချက်ရလာဒ်များ ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသဘောတူညီမှု ရလာဒ်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် အကြံဉာဏ်များကို စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မြန်မာနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကျွမ်းကျင်သူများထံမှ ရယူခဲ့ပါသည်။

 

 

စီမံကိန်းစတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် စက်မှုဇုန်အတွင်း နောင်တွင် မြေငှားရမ်းကာ လာရောက် ရင်းနှီးမြှုုပ်နှံမည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးချေခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကိစ္စရပ်များကို နိုင်ငံတကာ စံနှုန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

 

 

စီမံကိန်းအတွက် ငွေလုံးငွေရင်း အရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်းကုမ္ပဏီထံမှ ရရှိပြီးသည်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အီတာလျံ-ထိုင်းကုမ္ပဏီသို့ စီမံကိန်း စတင်ဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ပါသည်။ စီမံကိန်းအား မကြာမီကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပါသည်။

 

 

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် အီတာလျံ-ထိုင်း ကုမ္ပဏီမှ ကနဉီးစီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေးအတွက် ကနဦးစီမံကိန်းလုပ်ငန်းများအတွင်း ပါဝင်သည့် အခြားသောစီမံကိန်းများကိုလည်း ယခုပြင်ဆင်ပေးပို့ခဲ့သည့် ကနဦးစက်မှုဇုန်မြေငှားစာချုပ်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ပေးပို့သွားမည်ဖြစ်ပြီး ဆောင်ရွက်မှုများအား မကြာခင်အသိပေးကြေငြာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းစီမံကိန်း၊ ကနဦး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းငယ် စီမံကိန်းများလည်း ပါဝင်မည်ဖြစ်ပါသည်။

 

 

အထက်ပါ အီတာလျံ-ထိုင်းကုမ္ပဏီမှ ဆောင်ရွက်မည့် ကနဦးစီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း အခြားသောစီမံကိန်းများ ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက်လည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စတင်စီစဉ် ဆောင်ရွက်လျက်ရှိနေပါကြောင်း သတင်းထုတ်ပြန်ထားပါသည်။

 

Image may contain: text

Image may contain: text

Myanmar Builders Guide

 

 

---Zawgyi---

 

 

ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးအဆင့္စီမံကိန္းအတြက္ အေကာင္အထည္ေဖာ္ေရး စာခ်ဳပ္ပိုင္းဆုိင္ရာ ျပင္ဆင္ၿပီးစီး

 

 

ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစက္မႈဇုန္နယ္ေျမစီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ စာခ်ဳပ္ပိုင္းဆိုင္ရာ ျပင္ဆင္ၿပီးစီးေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန္႔ခြဲမႈေကာ္မတီမွ သတင္းထုတ္ျပန္ထားပါသည္။

 

 

ထားဝယ္အထူးစီးပြားေရးဇုန္ Concession Agreements စာခ်ဳပ္မ်ားကို ျပင္ဆင္ျခင္းသည္ ေျမျပင္တည္ေဆာက္ေရး လုပ္ငန္းမ်ားစတင္နိုင္ေရး လမ္းပြင့္ေစမည္ျဖစ္သည္။

 

 

ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီသည္ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္သည့္ အေျပာင္းအလဲမ်ားကို ဝမ္းေျမာက္စြာေၾကျငာလိုသည္မွာ ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးစက္မႈဇုန္နယ္ေျမစီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ စာခ်ဳပ္ပိုင္းဆိုင္ရာ အစီအစဥ္မ်ားအား ျပင္ဆင္မႈျပဳလုပ္ေဆာင္႐ြက္ၿပီးျခင္း ကိစၥျဖစ္ပါသည္။ ဤကနဦး စက္မႈဇုန္နယ္ေျမစီမံကိန္း စာခ်ဳပ္ျပင္ဆင္ၿပီးစီးမႈသည္ အျခားကနဦးအဆင့္ စီမံကိန္း (၈) ခု အေကာင္အထည္ေပၚလာေရးအတြက္လည္း အဓိက အေျခခံအခ်က္ျဖစ္ပါသည္။

 

 

ထိုင္းနိုင္ငံအစိုးရသည္ ထားဝယ္အထူးစီးပြားေရးဇုန္မွ ျမန္မာ-ထိုင္းနယ္စပ္အထိေဖာက္လုပ္မည့္ ၂-လမ္းသြား ကားလမ္းေဆာက္လုပ္ေရးအတြက္ ေခ်းေငြထုတ္ေခ်းရန္ မၾကာေသးမီက သေဘာတူခဲ့ၿပီးျဖစ္ပါသည္။ အဆိုပါ ေခ်းေငြအခြင့္အလမ္းသည္ အီတာလ်ံ-ထိုင္း ကုမၸဏီ ဦးေဆာင္ေသာ ပုဂၢလိကက႑ ပုဂၢလိကရင္းႏွီးတည္ေဆာက္သူမ်ားအတြက္ အဓိကက်ေသာအရာမ်ား ကူညီေဆာင္႐ြက္ေပးျခင္း ျဖစ္သည့္အတြက္ ဤအဓိကက်ေသာ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္အတူ ျမန္မာနိုင္ငံ၏ စီးပြားေရးအတြက္ အက်ိဳးေက်းဇူးမ်ားရရွိကာ ေရွ႕ဆက္သြားနိုင္မည္ျဖစ္သည္။

 

 

စီမံခန႔္ခြဲမႈေကာ္မတီသည္ အီတာလ်ံ-ထိုင္းကုမၸဏီႏွင့္ ကာလရွည္ၾကာစြာ တိုင္ပင္ေဆြးေႏြးၿပီးမွ စာခ်ဳပ္ပါ အခ်က္အလက္အစီအစဥ္မ်ားကို ျပင္ဆင္ျပဌာန္းခဲ့ျခင္းျဖစ္ပါသည္။ စီမံကိန္းလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ျမန္မာအစိုးရအတြက္ ပိုမို၍ စြန႔္စားမႈျပဳလုပ္ရန္ျဖစ္ေပၚေစျခင္း (သို႔မဟုတ္) ေငြေၾကး အက်ိဳးအျမတ္ တစ္စုံတစ္ရာ ေလ်ာ့နည္းေစျခင္းမ်ား မေပၚေပါက္ေစရဘဲ၊ စက္မႈဇုန္လုပ္ငန္းအတြက္ ေငြေၾကးအရင္းအႏွီး လိုအပ္ခ်က္ ဖန္တီးရရွိနိုင္ေရးအေပၚ အခြင့္အလမ္းပိုမိုေကာင္းမြန္ေစၿပီး ႏွစ္ဦးႏွစ္ဖက္ အက်ိဳးရွိေစမည့္ သေဘာတူညီခ်က္ရလာဒ္မ်ား ရရွိေအာင္ေဆာင္႐ြက္နိုင္ခဲ့ပါသည္။ ဤသေဘာတူညီမႈ ရလာဒ္မ်ား ၿပီးေျမာက္ေအာင္ ေဆာင္႐ြက္နိုင္သည့္ အႀကံဉာဏ္မ်ားကို စီမံခန႔္ခြဲမႈေကာ္မတီအေနျဖင့္ ျမန္မာနိုင္ငံႏွင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒကြၽမ္းက်င္သူမ်ားထံမွ ရယူခဲ့ပါသည္။

 

 

စီမံကိန္းစတင္သည္ႏွင့္ အီတာလ်ံ-ထိုင္းကုမၸဏီႏွင့္ စက္မႈဇုန္အတြင္း ေနာင္တြင္ ေျမငွားရမ္းကာ လာေရာက္ ရင္းႏွီးျမႇုဳပ္ႏွံမည့္သူမ်ားအေနျဖင့္ စီမံကိန္းလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းေၾကာင့္ ထိခိုက္နစ္နာသည့္ ပုဂၢိုလ္မ်ားအတြက္ ေလ်ာ္ေၾကးေပးေခ်ျခင္းႏွင့္ ေ႐ႊ႕ေျပာင္းေနရာခ်ထားျခင္းကိစၥရပ္မ်ားကို နိုင္ငံတကာ စံႏႈန္းမ်ားႏွင့္ ပတ္ဝန္းက်င္ထိခိုက္မႈဆိုင္ရာ အေျခအေနမ်ားအား ျပည့္မီကိုက္ညီေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ပါသည္။

 

 

စီမံကိန္းအတြက္ ေငြလုံးေငြရင္း အရင္းအႏွီးႏွင့္ တိက်ေသခ်ာေသာ လုပ္ငန္းေဆာင္႐ြက္မႈဆိုင္ရာ လိုအပ္ခ်က္မ်ားကို တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အေထာက္အထားမ်ား အီတာလ်ံ-ထိုင္းကုမၸဏီထံမွ ရရွိၿပီးသည္ႏွင့္ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီအေနျဖင့္ အီတာလ်ံ-ထိုင္းကုမၸဏီသို႔ စီမံကိန္း စတင္ေဆာင္႐ြက္ရန္ အေၾကာင္းၾကားစာေပးပို႔သြားမည္ျဖစ္ပါသည္။ စီမံကိန္းအား မၾကာမီကာလအတြင္း စတင္ေဆာင္႐ြက္နိုင္မည္ဟု ခန႔္မွန္းထားပါသည္။

 

 

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီသည္ အီတာလ်ံ-ထိုင္း ကုမၸဏီမွ ကနဉီးစီမံကိန္းလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္နိုင္ေစေရးအတြက္ ကနဦးစီမံကိန္းလုပ္ငန္းမ်ားအတြင္း ပါဝင္သည့္ အျခားေသာစီမံကိန္းမ်ားကိုလည္း ယခုျပင္ဆင္ေပးပို႔ခဲ့သည့္ ကနဦးစက္မႈဇုန္ေျမငွားစာခ်ဳပ္ကဲ့သို႔ ျပင္ဆင္ေဆာင္႐ြက္ေပးပို႔သြားမည္ျဖစ္ၿပီး ေဆာင္႐ြက္မႈမ်ားအား မၾကာခင္အသိေပးေၾကျငာ ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။ အဆိုပါ ဆက္လက္ေပးပို႔ေဆာင္႐ြက္သြားမည့္ စီမံကိန္းမ်ားတြင္ သဘာဝဓာတ္ေငြ႕ရည္ဆိပ္ကမ္းစီမံကိန္း၊ ကနဦး လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံႏွင့္ ဆိပ္ကမ္းငယ္ စီမံကိန္းမ်ားလည္း ပါဝင္မည္ျဖစ္ပါသည္။

 

 

အထက္ပါ အီတာလ်ံ-ထိုင္းကုမၸဏီမွ ေဆာင္႐ြက္မည့္ ကနဦးစီမံကိန္း အေကာင္အထည္ေဖာ္ေနစဥ္ ကာလအတြင္း ထားဝယ္အထူးစီးပြားေရးဇုန္အတြင္း အျခားေသာစီမံကိန္းမ်ား ျဖစ္ထြန္းေအာင္ျမင္လာေစေရးအတြက္လည္း ထားဝယ္အထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီသည္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ စတင္စီစဥ္ ေဆာင္႐ြက္လ်က္ရွိေနပါေၾကာင္း သတင္းထုတ္ျပန္ထားပါသည္။

Read 1455 times Last modified on Monday, 03 February 2020 16:29
Rate this item
(0 votes)
Tagged under