စစ်ကိုင်းမြို့၌ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်စင်တာဖွင့်မည်

စစ်ကိုင်းမြို့၌ ခရီးသွားဆိုင်ရာ သတင်းအချက်အလက်စင်တာဖွင့်မည် google

စစ်ကိုင်းတိုင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး တိုင်း ဒေသကြီး ၏ ၀င်ပေါက်စစ်ကိုင်း မြို့တွင် သတင်းအချက်အလက် စင်တာ ဆောက်လုပ်မည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင် ကပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ခန္တီးဇုန်၊ ကလေးဇုန်နှင့်  မော် လိုက်ဇုန်ဟူ၍ ဇုန်ခြောက်ခုဖော် ဆောင်ထားသည်။

 

s

 

သတင်း အချက်အလက် စင်တာတွင် အဆိုပါဇုန်ခြောက်ခု ရှိရှေးဟောင်း သမိုင်းဝင်နေရာ များ၊ စေတီပုထိုးများ၊ ဒေသစီး ပွားရေးလုပ်ငန်းများနှင့် ပြည် တွင်း၊ ပြည်ပခရီးသွားများ လေ့ လာလည်ပတ်သင့်သော နေရာ များကို ထည့်သွင်းမည်ဖြစ် ကြောင်း ဦးဝင်းနိုင်ကပြောသည်။

 

<< ရန်ကုန်၏ ပထမဆုံးSmart Street စတင်အကောင်အထည်ဖော် >>

 

‘‘စစ်ကိုင်းတိုင်းရဲ့ သတင်း အချက်အလက်တွေ စုစည်းတဲ့ နေရာပေါ့။ တိုင်းအတွင်းခရီးသွား လုပ်ငန်း ဇုန်တွေဖော်ဆောင်ထား တယ်။ အဲဒီအတွက်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အဓိက အကောင်အထည်ဖော်တာ’’ ဟု ၎င်းကပြောသည် ။

 

သတင်းအချက်အလက် စင် တာကို ကျပ်သိန်း ၆၀၀ ခန့်သုံး စွဲကာ တစ်ထပ်အဆောက်အအုံ အဖြစ်စစ်ကိုင်းမြို့အဝင် ကျော် ထက်ကွေ့ လမ်းဆုံအနီးတွင် စက်တင်ဘာနှင့် အောက်တိုဘာ အတွင်း အပြီးတည်ဆောက် မည်ဖြစ်ကြောင်း ဦးဝင်းနိုင်ကပြောသည်။

 

<< Landscaping (ပန်းဥယျာဉ်နှင့် မြေကြီးအလှအပများ) (56) >>

 

စစ်ကိုင်းမြို့တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖြစ် တိုင်း ဒေသကြီးအစိုးရက ကနောင်မင်း သားကြီးသံရည်ကျိုစက်ရုံ၊ အစေခံခံတပ်၊ ရှေးဟောင်းရုပ်စုံကျောင်းနှင့် ညောင်ရမ်းခေတ် နံရံဆေးရေးပန်းချီများရှိသော တိလောကဂုရုလိုဏ်ဂူစသည့် ရှေးဟောင်းအဆောက်အအုံများကို ပြုပြင်ကာ ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်ဆောင်ရွက်နေသည်။

 


Source:7daydaily

 

Myamar Builders Guide

Read 459 times
Rate this item
(0 votes)