၂၀၂၀ အမီ အပြီးတည်ဆောက်မည့် ဒီချုပ်ပါတီ နေပြည်တော်ရုံး

၂၀၂၀ အမီ အပြီးတည်ဆောက်မည့် ဒီချုပ်ပါတီ နေပြည်တော်ရုံး google

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နေပြည်တော်ရုံးကို ၂၀၂၀ အမီအပြီးတည် ဆောက်မည်ဟု ယင်းပါတီပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

 

‘‘အခုအဲဒါကိုဆောက်လုပ်ဖို့ တော့လုပ်နေပါပြီ။ ၂၀၂၀ အမီ ကတော့ဆောက်မှာပေါ့ဗျာ။ ဒါကတော့ သေချာတယ်’’ ဟု ၎င်းက ဆိုသည်။

 

အဆိုပါရုံးကို နေပြည်တော် စည်ပင်သာယာရေးကော်မတီထံမှ ကျပ်သိန်း ၂,၄၀၀ ဖြင့်ဝယ်ယူ ထားသည့် ၁၆ ဧကရှိ မြေနေရာတွင် တည်ဆောက်မည်ဖြစ်သည်။

 

ဒီချုပ်ပါတီသည် ဒုတိယအကြိမ်လွှတ်တော်များ စတင်ချိန်တွင် ပါတီဝင်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များရရှိသော လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို ပါတီရန်ပုံငွေအဖြစ် ကောက်ခံစုဆောင်းပြီး အဆိုပါငွေများမှ တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ပါတီရုံးတည်ဆောက် ရန် ရန်ပုံငွေများ သတ်မှတ်သုံးစွဲခဲ့ သည်ဟု ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမေ၀င်းမြင့်က ပြောကြားဖူးသည်။

 

<< လေဆိပ်သုံးခု၌ လေယာဉ် စောင့်ကြည့်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီမည်>>

 

ကောက်ခံထားသော ရန်ပုံငွေများမှ မြို့နယ်အဆင့်ပါတီရုံး ဆောက်ရန် ကျပ်သိန်း ၁၅၀၊ တိုင်း နှင့်ပြည်နယ်အဆင့် ပါတီရုံးအတွက် ကျပ်သိန်း ၇၀၀ ရန်ပုံငွေ ထုတ်ပေးရန် ပါတီက သတ်မှတ်ထားသည်။

 

နေပြည်တော်ပါတီရုံး တည် ဆောက်မှုကုန်ကျငွေကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရာ ပြင်ပပုဂ္ဂလိကကုမ္ပဏီကိုသာ အပ်နှံဆောင်ရွက်ရန်များသည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသော်လည်း ‘‘နောက်ဆုံး အခြေအနေတော့ ကျွန်တော်တို့လည်းမသိသေးဘူး။ အဲဒါက ဆရာဇော် (မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်)မှပဲ သိမယ်’’ ဟု ဆက်လက်ပြောသည်။

 

သံတမန်ဇုန်အနီးရှိ နေပြည် တော်ဒီချုပ်ရုံးတည်ဆောက်ရန် စီ စဉ်နေသည့်နေရာတွင် လက်ရှိ၌ မြေယာရှင်းလင်းနေသည်။

 

Source: 7daydaily

 

Myanmar Builders Guide

Read 514 times
Rate this item
(0 votes)
Tagged under

Related items