Office and Retail

Sunday, 23 August 2020 12:32

ပုသိမ် အမှတ်(၂)တံတား သစ်ကြီး ရာနှုန်းပြည့် ပြီးစီး၍ စက်တင်ဘာလ အတွင်း ဖွင့်လှစ်မည်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူတည်ဆောက်ခဲ့သည့် ပုသိမ်အမှတ် (၂) တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ဇူလိုင်လကုန်ပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သောကြောင့် အများပြည်သူအသုံးပြုနိုင်ရန် စက်တင်ဘာလအတွင်း ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။
Saturday, 22 August 2020 11:58

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းတွင် တံတားတစ်စင်းကျိုးကျမှုဖြစ်ပွားပြီး

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ဆွမ်ပရာဘွမ်-ပူတာအိုကြား ဆွမ်ပရာဘွမ်မြို့နယ်အင်ကောမ ကျေးရွာ အုပ်စု မိုင်တိုင်အမှတ်(၁၃၈/၆-၁၃၈/၇)ကြား တံတားအမှတ်(၆/၁၄၈) ဖုန်အင်ချောင်းကူး ဘေလီတံတား (၂၃၅) ပေတံတားတွင် ဩဂုတ်(၂၁)ရက် နံနက်(၄)နာရီအချိန်ခန့်က ကုန်ကားတစ်စီးဖြတ်သန်းမောင်းနှင်စဉ် တံတား ကျိုးကျမှုဖြစ်ပွားပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။
Sunday, 16 August 2020 04:21

အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် နိုင်ငံတော် တရားရုံးချုပ် ခွင့်ပြု

အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန် အိန္ဒိယ နိုင်ငံတော် တရားရုံးချုပ်က ခွင့်ပြုခဲ့သည်။ 
Sunday, 09 August 2020 21:01

ဝါးခယ်မ တံတား နှင့်​ ရွှေ​လောင်း တံတားများတွင် သြဂုတ်လ ၁၅ ရက်နေ့မှစတင် သွားလာနိုင်ပြီ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ တံတားဟောင်း ဖြုတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ဝါးခယ်မ တံတား နှင့်​ ရွှေ​လောင်း တံတားများကို တံတားအဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်ရွက်ခဲ့ပါတယ်။
Friday, 31 July 2020 21:33

ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ချင်း ဆက်သွယ်မည့် တွံတေးတူးမြောင်းကူး တံတားတစ်စင်း တည်ဆောက်မည်

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့သို့ ဆက်သွယ်မည့် တွံတေး တူးမြောင်းကူး တံတားတစ်စင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မှ စတင်ပြီး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
Friday, 31 July 2020 20:57

ဗီဇာ သက်တမ်းတိုး နိုင်ရေး အတွက် Online မှ လျှောက်ထားရန် အသိပေး ကြေညာခြင်း

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနက် 
Thursday, 30 July 2020 09:40

ပဲခူး-ကျိုက်ထို အမြန်လမ်း စီမံကိန်းအတွက် (ADB) ဘဏ်မှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူရန် လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော ပဲခူး-ကျိုက်ထို အမြန်လမ်းမ ကြီး စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB:_ Asia Development Bank) ထံမှ အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်း ချေးယူရေးကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးက အတည်ပြုခဲ့သည်။
Monday, 27 July 2020 15:57

ကျေးလက်လျှပ်စစ်ဓာတ်အား ရရှိမှု မြှင့်တင်ရေး စီမံကိန်း အတွက် ADB မှ ကန်ဒေါ်လာ ၁၂၇ သန်းကျော် ချေးရန် အတည်ပြု

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိမှု မြှင့်တင်ရေး စီမံကိန်းအတွက် အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ချေးငွေ ရယူရေးကို ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
Thursday, 23 July 2020 09:47

ဩဂုတ်လဆန်း ဘဏ် ၄ ရက် ဆက်ပိတ်မည်

ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ အများပြည်သူ အလုပ်ပိတ်ရက် ၄ ရက်ဆက်တိုက် ပိတ်မည်ဖြစ်ရာ ဘဏ်များလည်း ဘဏ်များလည်း ၄ ရက် ဆက်ပိတ်မည် ဖြစ်သည်။

Search Articles