မိုးထိတိုက်တွေပေါ်မှ မှန်တံတား

မိုးထိတိုက်တွေပေါ်မှ မှန်တံတား

မိုးထိတိုက်တွေပေါ် ထိုးထားတဲ့ မှန်တံတားက ရှည်ရှည်လျားလျား ဖြစ်နေပြီး

တုံးလုံးလဲနေတဲ့ပုံ ဖြစ်နေတာမို့ ရေပြင်ညီ မိုးထိတိုက် လို့ ခေါ်ကြတယ်။

တရားဝင် အမည်အမှန်က ခရစ္စတယ် "The Crystal" ဖြစ်ပါတယ်။ 

Moshe Safdie က ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။ စင်ကာပူချန်ဂီလေဆိပ်မှ Changi Jewel ကို ပုံဖော်ပေးခဲ့တာလည်း Moshe Safdie ဖြစ်ပါတယ်။

အခု မှန်တံတားကတော့ တရုတ်နိုင်ငံမှာ ဖြစ်ပြီး အမြင့် မီတာ ၂၅၀ မှာ တည်ရှိတာမို့ တိုက်တာခေါင်မိုးပေါ် ထိုးတဲ့ တံတားတွေမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

ရေပြင်ညီ မိုးထိတိုက်လို့ အမည်ပေးခံရတဲ့ မှန်တံတားဟာ မီတာ ၃၅၀ ရှည်ပါတယ်။

 

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ Chongqing ရဲ့  Raffles City Chongqing မှာ ပါဝင်တဲ့ မိုးထိတိုက် ရှစ်လုံးမှာ လေးလုံး အပေါ်ထိပ်မှာ တင်ထားတဲ့ တံတား ဖြစ်ပါတယ်။ မှန်တံတားက နောက်ထပ် မိုးထိတိုက် နှစ်လုံးကိုလည်း ဆက်သွယ်ပေးထားပါတယ်။

 

 

တံတားကို ဖွင့်လှစ်ပြီးတဲ့အခါ လာရောက်သူတွေ အလွန်များပြားခဲ့ပါတယ်။ တံတားမှာ လမ်းလျှောက်တဲ့ အရသာ အတွေ့အကြုံကို ကြုံဖူးချင်လို့ လာကြတာ ဖြစ်ပါတယ်။

 Covid-19 ကြောင့် လူများလို့ မရတာမို့ တစ်နေ့ကို လူ ၃၀၀၀ ပဲ ကန့်သတ်ပြီး လက်ခံပါတယ်။

 

 

လာကြည့်ကြတဲ့သူတွေအတွက်  Exploration Deck တစ်နေရာ ဖန်တီးပေးထားတယ်။ အကျယ်အဝန်းက ၁၅၀၀ စတုရန်းမီတာ ရှိပါတယ်။ Chongqing မြို့နဲ့ ယန်စီမြစ်ကြီးတို့ကို အပေါ်စီးမှ ကြည့်လို့ရအောင် လဟာပြင်အဖြစ် ဒီဇိုင်းလုပ်ပေးထားတယ်။

 

 

Raffles City Chongqing မှာ လူနေတိုက်ခန်းတွေ၊ ကုမ္ပဏီ ရုံးခန်းတွေ၊ စူပါမားကက်တွေအပြင် ဗဟုသုတပြခန်းတွေလည်း ပါဝင်ပြီး  National Geographic နဲ့ ပူးပေါင်း စီစဉ်ထားတယ်။

Level 47 မှာ တကယ်လို့ လူတွေ အင်္ဂါဂြိုဟ်ပေါ်မှာ နေဖြစ်ရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာ ပြသထားတယ်။ level 1 မှာတော့ မီဂါမြို့တော် Chongqing  ရဲ့ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းကို ပြသထားတယ်။

ဥယာဉ်တစ်ခုကို ထားရှိပြီး အမြင့် ကိုးမီတာအထိ ရှိတဲ့ အပင် ၁၂၀ စိုက်ပျိုးထားတယ်။ 

ခရစ္စတယ်ကို တည်ဆောက်တာ အချိန် ၇ နှစ်ကြာမြင့်ခဲ့ပြီး ယွမ် ၂၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၃ .၄ ဘီလျဲံ )ခန့် ကုန်ကျခဲ့တယ်။ 

ကောင်းကင်တံတား ခရစ္စတယ်အတွက် စတီးတန်ချိန် ၁၂ ၀၀၀ တန် သုံးစွဲခဲ့တယ်။ မှန်ချပ် ၃၀၀၀ နဲ့ အလူမီနီယံအချပ် ၅၀၀၀ ခန့် သုံးစွဲထားတယ်။

 

၉ .၂ ဟက်တာ အကျယ်အဝန်းမှာ မိုးထိတိုက်တာတွေ တည်ဆောက်ထားပြီး ကြမ်းခင်း ဧရိယာ ၂၃၀ ၀၀၀ ရှိတဲ့ shopping mall တစ်ခု ပါဝင်တယ်။ လူနေတိုက်ခန်း ၁ ၄၀၀ ပါဝင်တယ်။ ဟိုတယ်တစ်ခု ပါဝင်ပြီး ရုံးခန်းအများအပြား ပါဝင်တယ်။

 

မိုးထိတိုက္ေတြေပၚမွ မွန္တံတား

မိုးထိတိုက္ေတြေပၚ ထိုးထားတဲ့ မွန္တံတားက ရွည္ရွည္လ်ားလ်ား ျဖစ္ေနၿပီး တုံးလုံးလဲေနတဲ့ပုံ ျဖစ္ေနတာမို႔ ေရျပင္ညီ မိုးထိတိုက္ လို႔ ေခၚၾကတယ္။
တရားဝင္ အမည္အမွန္က ခရစၥတယ္ "The Crystal" ျဖစ္ပါတယ္။
Moshe Safdie က ဒီဇိုင္းထုတ္ေပးထားတာ ျဖစ္ပါတယ္။ စင္ကာပူခ်န္ဂီေလဆိပ္မွ Changi Jewel ကို ပုံေဖာ္ေပးခဲ့တာလည္း Moshe Safdie ျဖစ္ပါတယ္။
အခု မွန္တံတားကေတာ့ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ၿပီး အျမင့္ မီတာ ၂၅၀ မွာ တည္ရွိတာမို႔ တိုက္တာေခါင္မိုးေပၚ ထိုးတဲ့ တံတားေတြမွာ အျမင့္ဆုံး ျဖစ္ပါတယ္။
ေရျပင္ညီ မိုးထိတိုက္လို႔ အမည္ေပးခံရတဲ့ မွန္တံတားဟာ မီတာ ၃၅၀ ရွည္ပါတယ္။
တ႐ုတ္ႏိုင္ံ အေနာက္ေတာင္ပိုင္းမွာ တည္ရွိတဲ့ Chongqing ရဲ႕ Raffles City Chongqing မွာ ပါဝင္တဲ့ မိုးထိတိုက္ ရွစ္လုံးမွာ ေလးလုံး အေပၚထိပ္မွာ တင္ထားတဲ့ တံတား ျဖစ္ပါတယ္။ မွန္တံတားက ေနာက္ထပ္ မိုးထိတိုက္ ႏွစ္လုံးကိုလည္း ဆက္သြယ္ေပးထားပါတယ္။

တံတားကို ဖြင့္လွစ္ၿပီးတဲ့အခါ လာေရာက္သူေတြ အလြန္မ်ားျပားခဲ့ပါတယ္။ တံတားမွာ လမ္းေလွ်ာက္တဲ့ အရသာ အေတြ႕အႀကဳံကို ႀကဳံဖူးခ်င္လို႔ လာၾကတာ ျဖစ္ပါတယ္။
Covid-19 ေၾကာင့္ လူမ်ားလို႔ မရတာမို႔ တစ္ေန႔ကို လူ ၃၀၀၀ ပဲ ကန႔္သတ္ၿပီး လက္ခံပါတယ္။

လာၾကည့္ၾကတဲ့သူေတြအတြက္ Exploration Deck တစ္ေနရာ ဖန္တီးေပးထားတယ္။ အက်ယ္အဝန္းက ၁၅၀၀ စတုရန္းမီတာ ရွိပါတယ္။ Chongqing ၿမိဳ႕နဲ႔ ယန္စီျမစ္ႀကီးတို႔ကို အေပၚစီးမွ ၾကည့္လို႔ရေအာင္ လဟာျပင္အျဖစ္ ဒီဇိုင္းလုပ္ေပးထားတယ္။

Raffles City Chongqing မွာ လူေနတိုက္ခန္းေတြ၊ ကုမၸဏီ ႐ုံးခန္းေတြ၊ စူပါမားကက္ေတြအျပင္ ဗဟုသုတျပခန္းေတြလည္း ပါဝင္ၿပီး National Geographic နဲ႔ ပူးေပါင္း စီစဥ္ထားတယ္။
Level 47 မွာ တကယ္လို႔ လူေတြ အဂၤါၿဂိဳဟ္ေပၚမွာ ေနျဖစ္ရင္ ဘယ္လိုေနထိုင္ၾကမလဲဆိုတာ ျပသထားတယ္။ level 1 မွာေတာ့ မီဂါၿမိဳ႕ေတာ္ Chongqing ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ သမိုင္းေၾကာင္းကို ျပသထားတယ္။
ဥယာဥ္တစ္ခုကို ထားရွိၿပီး အျမင့္ ကိုးမီတာအထိ ရွိတဲ့ အပင္ ၁၂၀ စိုက္ပ်ိဳးထားတယ္။
ခရစၥတယ္ကို တည္ေဆာက္တာ အခ်ိန္ ၇ ႏွစ္ၾကာျမင့္ခဲ့ၿပီး ယြမ္ ၂၄ ဘီလ်ံ (အေမရိကန္ေဒၚလာ ၃ .၄ ဘီလ်ဲံ )ခန္႔ ကုန္က်ခဲ့တယ္။
ေကာင္းကင္တံတား ခရစၥတယ္အတြက္ စတီးတန္ခ်ိန္ ၁၂ ၀၀၀ တန္ သုံးစြဲခဲ့တယ္။ မွန္ခ်ပ္ ၃၀၀၀ နဲ႔ အလူမီနီယံအခ်ပ္ ၅၀၀၀ ခန္႔ သုံးစြဲထားတယ္။

၉ .၂ ဟက္တာ အက်ယ္အဝန္းမွာ မိုးထိတိုက္တာေတြ တည္ေဆာက္ထားၿပီး ၾကမ္းခင္း ဧရိယာ ၂၃၀ ၀၀၀ ရွိတဲ့ shopping mall တစ္ခု ပါဝင္တယ္။ လူေနတိုက္ခန္း ၁ ၄၀၀ ပါဝင္တယ္။ ဟိုတယ္တစ္ခု ပါဝင္ၿပီး ႐ုံးခန္းအမ်ားအျပား ပါဝင္တယ္။

Read 5341 times Last modified on Wednesday, 10 June 2020 18:26
Rate this item
(0 votes)