ကွန်ကရိဖေါင်ဒေးရှင် ၃၃ နာရီ ၁၅ မိနစ် ဆက်တိုက်လောင်းသည့်စံချိန်တင်

ကွန်ကရိဖေါင်ဒေးရှင် ၃၃ နာရီ ၁၅ မိနစ် ဆက်တိုက်လောင်းသည့်စံချိန်တင်

အရှေ့တောင်အာရှ၏ အကြီးမားဆုံးဖြစ်သော Mat Foundation ကို 

 ထိုင်းနိုင်ငံ ဘန်ကောက်ရှိ One Bangkok ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းခွင်တွင် အချိန် ၃၃ နာရီ ၁၅ မိနစ် ဆက်တိုက် ကွန်ကရိ အောင်မြင်စွာ လောင်းနိုင်ခဲ့ပြီး စံချိန်သစ်တစ်ခု ရရှိစေခဲ့သည်။

One Bangkok ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ရာ၌ အုန်းမွှေးလုံး ထရပ်ကား ၅၄၇ စီး ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ကွန်ကရိ စုစုပေါင်း ၂၃ ၇၂၅ ကုဗမီတာ လောင်းခဲ့ကြသည်။ ရုံးခန်းများ အဆောက်အဦအတွက် ဖောင်ဒေးရှင်း လောင်းခြင်းဖြစ်ပြီး အတူလက်တွဲ လုပ်ကိုင်ခဲ့ကြသည့် ဖက်စပ်လုပ်ငန်းများမှာ TCC Assets and Frasers Property Holdings (Thailand), Concrete Products and Aggregate Co., Ltd. (CPAC), K.C.S. & Associates Co., Ltd., Stonehenge Inter Plc နှင့် Italian-Thai Development Corporation Limited တို့ဖြစ်သည်။

ကိုဗစ်ကူးစက်ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် သန့်ရှင်းရေး စီမံချက်များကို အထူးဂရုပြု ဆောင်ရွက်ခဲ့ကြသည်။ ကိုဗစ်ကာလ ဆောက်လုပ်ရေး လုပ်သားများ အလုပ်အကိုင် ရရှိရေးကို မထိခိုက်စေရန် ဆောင်ရန် ရှောင်ရန် အချက်များ လိုက်နာဆောင်ရွက်ခဲ့ကြသည်။
အုန်းမွှေးလုံးကားများ လုပ်ငန်းခွင်မှာ ကွန်ကရစ်ချပေးပြီးနောက် ပြန်လည်ထွက်ခွာသည့်အခါ ရေးဆေးကြောသည့်နေရာသို့ အရင်သွား၍ ရေးဆေးကြောပြီးမှသာလျှင် ပြန်လည်ထွက်ခွာခွင့် ပေးသည်။

 

ကြန္ကရိေဖါင္ေဒးရွင္ ၃၃ နာရီ ၁၅ မိနစ္ ဆက္တိုက္ေလာင္းသည့္စံခ်ိန္တင္

ထိုင္းႏိုင္ငံ ဘန္ေကာက္ရွိ One Bangkok ေဆာက္လုပ္ေရးစီမံကိန္း လုပ္ငန္းခြင္တြင္ အေရွ႕ေတာင္အာရွ၏ အႀကီးမားဆုံးျဖစ္ေသာ Mat Foundation ကို အခ်ိန္ ၃၃ နာရီ ၁၅ မိနစ္ ဆက္တိုက္ ကြန္ကရိ ေအာင္ျမင္စြာ ေလာင္းႏိုင္ခဲ့ၿပီး စံခ်ိန္သစ္တစ္ခု ရရွိေစခဲ့သည္။
One Bangkok ေဆာက္လုပ္ေရးလုပ္ငန္းခြင္တြင္ လုပ္ကိုင္ခဲ့ၾကျခင္း ျဖစ္ရာ၌ အုန္းေမႊးလုံး ထရပ္ကား ၅၄၇ စီး ပါဝင္ပူးေပါင္း ေဆာင္႐ြက္ခဲ့ၾကသည္။ ကြန္ကရိ စုစုေပါင္း ၂၃ ၇၂၅ ကုဗမီတာ ေလာင္းခဲ့ၾကသည္။ ႐ုံးခန္းမ်ား အေဆာက္အဦအတြက္ ေဖာင္ေဒးရွင္း ေလာင္းျခင္းျဖစ္ၿပီး အတူလက္တြဲ လုပ္ကိုင္ခဲ့ၾကသည့္ ဖက္စပ္လုပ္ငန္းမ်ားမွာ TCC Assets and Frasers Property Holdings (Thailand), Concrete Products and Aggregate Co., Ltd. (CPAC), K.C.S. & Associates Co., Ltd., Stonehenge Inter Plc ႏွင့္ Italian-Thai Development Corporation Limited တို႔ျဖစ္သည္။

ကိုဗစ္ကူးစက္ကာလျဖစ္သျဖင့္ က်န္းမာေရးႏွင့္ သန႔္ရွင္းေရး စီမံခ်က္မ်ားကို အထူးဂ႐ုျပဳ ေဆာင္႐ြက္ခဲ့ၾကသည္။ ကိုဗစ္ကာလ ေဆာက္လုပ္ေရး လုပ္သားမ်ား အလုပ္အကိုင္ ရရွိေရးကို မထိခိုက္ေစရန္ ေဆာင္ရန္ ေရွာင္ရန္ အခ်က္မ်ား လိုက္နာေဆာင္႐ြက္ခဲ့ၾကသည္။
အုန္းေမႊးလုံးကားမ်ား လုပ္ငန္းခြင္မွာ ကြန္ကရစ္ခ်ေပးၿပီးေနာက္ ျပန္လည္ထြက္ခြာသည့္အခါ ေရးေဆးေၾကာသည့္ေနရာသို႔ အရင္သြား၍ ေရးေဆးေၾကာၿပီးမွသာလွ်င္ ျပန္လည္ထြက္ခြာခြင့္ ေပးသည္။

Read 11623 times
Rate this item
(0 votes)