သိမ်ကြီးဈေးတွင် ဈေးနှင့်လျော်ညီသော စီးပွားရေးတွေကိုသာ ခွင့်ပြုရန် စီစဉ်နေ

သိမ်ကြီးဈေးတွင် ဈေးနှင့်လျော်ညီသော စီးပွားရေးတွေကိုသာ ခွင့်ပြုရန် စီစဉ်နေ google

 

သိမ်ကြီးဈေးတွင် ဈေးနှင့်လျော်ညီသော စီးပွားရေးတွေကို သာခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

 

လက်ရှိတွင် သိမ်ကြီးဈေး၌ ဈေးနှင့် လျော်ညီခြင်းမရှိသည့် KTVများ၊ရုပ်ရှင်ရုံ၊ကားပါကင် ကန်ထရိုက်ယူခြင်း၊အိမ်သာနှင့် အခြားသောစီးပွားရေး လုပ်ငန်းများကို နှစ်တို၊နှစ်ရှည်ဖြင့်အငှားချထား လျက်ရှိကြောင်း လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ပြောသည်။

 

 

"နှစ်စဉ် တင်ဒါခေါ်မှုမရှိဘဲ ဆောင်ရွက်နေတာကြောင့် ဈေးပိုင်စနစ်ရှိမှသာလျှင် အခွန်ခ ပိုရရှိမှာဖြစ်ပါတယ်။

 

 

လုပ်ငန်းရှင်တစ်ဦးထဲက နှစ်စဉ်လက်ဝါကြီးအုပ် ငှားရမ်းမှုများ မဖြစ်စေရေးအတွက် စီမံ ဆောင်ရွက်သင့်တယ်။

 

 

စက်လှေကားတွေကလည်း အသုံးမပြုနိုင်တဲ့ အနေအထားမှာရှိနေတာကြောင့် နှစ်ရှည်ငှားရမ်းခများကိုလည်း ခေတ်ကာလနဲ့အညီ စာချုပ်စာတမ်းကို ပြည့်စုံစွာချုပ်ရန် ပြန်လည် သုံးသပ်သင့်ပါတယ်။'' လို့ ၎င်းက ပြောသည်။

 

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကွပ်ကဲမှု အောက်မှာရှိတဲ့ဈေးများကို ခေတ်မှီဈေးတွေ ဖြစ်လာစေဖို့အတွက် Market operator စနစ်နဲ့ဆောင်ရွက်သွားရန်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

 

 

'' သိမ်ကြီးဈေး(ဃ) ရုံကို ပမာဏ ရွေးချယ်ထားတာဖြစ်ပြီးတော့ ဈေးနဲ့ကိုက်ညီတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ ခေတ်နဲ့လျောညီတဲ့ ဆိုင်ခန်းငှားရမ်းခတွေကို တိုးမြင့်ကောက်ခံထားတယ် '' လို့ ရန်ကုန်မြို့တော်ဝန်က ပြောသည်။

 

 

'' ဆိုင်ခန်းငှားရမ်းခတွေကို အရင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေ မပြီးပြတ်သေးပေမဲ့ စာချုပ်သတ်တမ်းမပြည့်မီ ကာလအတွင်းမှာတော့ ငှားရမ်းခတွေကို တိုးမြင့်ကောက်ခံထားတွေကို ပြန်လည် ပြင်ဆင်လုပ်ဆောင်သွားမယ်"ဟု ဦးမောင်မောင်စိုးကပြောသည်။

 

 

သိမ်ကြီးဈေးတစ်ဝန်းလုံးအကျယ်အဝန်းက ၆ ဧက ကျော် ကျယ်ဝန်းတာဖြစ်ပြီး ၁၈၅၄ ခုနှစ်ကတည်းက ပုကလိက လုပ်ငန်းရှင်တွေက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ဝါးသက်ကယ်မိုးတွေနဲ့တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

 

သိမ်ကြီးဈေးကို အဆင့်မြင့်လုပ်ငန်းစဉ်များ အဆင့်ဆင့် လုပ်ကိုင်ခဲ့ရာမှ ၁၉၅၄ ခုနှစ်မှ ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရကတိုက်ရိုက်အုပ်ချုပ်လျက်ရှိသည့် ဈေးဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သိမ္ႀကီးေစ်းတြင္ ေစ်းႏွင့္ေလ်ာ္ညီေသာ စီးပြားေရးေတြကိုသာ ခြင့္ျပဳရန္ စီစဥ္ေန

 

 

သိမ္ႀကီးေစ်းတြင္ ေစ်းႏွင့္ေလ်ာ္ညီေသာ စီးပြားေရးေတြကို သာခြင့္ျပဳရန္ စီစဥ္ေနေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စုိးကေျပာသည္။

 


လက္ရွိတြင္ သိမ္ၾကီးေစ်း၌ ေစ်းႏွင့္ ေလ်ာ္ညီျခင္းမရွိသည့္ KTVမ်ား၊ရုပ္ရွင္ရုံ၊ကားပါကင္ ကန္ထရုိက္ယူျခင္း၊အိမ္သာႏွင့္ အျခားေသာစီးပြားေရး လုပ္ငန္းမ်ားကုိ ႏွစ္တုိ၊ႏွစ္ရွည္ျဖင့္အငွားခ်ထား လ်က္ရွိေၾကာင္း လသာၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းဟန္က ေျပာသည္။

 

 

"ႏွစ္စဥ္ တင္ဒါေခၚမႈမရွိဘဲ ေဆာင္ရြက္ေနတာေၾကာင့္ ေစ်းပို္င္စနစ္ရွိမွသာလွ်င္္ အခြန္ခ ပိုရရွိမွာျဖစ္ပါတယ္။

 

 

လုပ္ငန္းရွင္တစ္ဦးထဲက နွစ္စဥ္လက္ဝါၾကီးအုပ္ ငွားရမ္းမႈမ်ား မျဖစ္ေစေရးအတြက္ စီမံ ေဆာင္ရြက္သင့္တယ္။

 

 

စက္ေလွကားေတြကလည္း အသံုးမျပဳႏိုင္တဲ့ အေနအထားမွာရွိေနတာေၾကာင့္ ႏွစ္ရွည္ငွားရမ္းခမ်ားကိုလည္း ေခတ္ကာလနဲ႔အညီ စာခ်ဳပ္စာတမ္းကို ျပည့္စံုစြာခ်ဳပ္ရန္ ျပန္လည္ သံုးသပ္သင့္ပါတယ္။'' လို႔ ၎က ေျပာသည္။

 

 

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ လမ္းညႊန္ခ်က္ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ကြပ္ကဲမႈ ေအာက္မွာရွိတဲ့ေစ်းမ်ားကို ေခတ္မွီေစ်းေတြ ျဖစ္လာေစဖို႔အတြက္ Market operator စနစ္နဲ႕ေဆာင္ရြက္သြြားရန္ရွိေၾကာင္း ရန္ကုန္ျမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စုိးက ေျပာသည္။

 

 

'' သိမ္ႀကီးေစ်း(ဃ) ရံုကို ပမာဏ ေရြးခ်ယ္ထားတာျဖစ္ၿပီးေတာ့ ေစ်းနဲ႔ကိုက္ညီတဲ့ စီးပြားေရးလုပ္ငန္းေတြ ေဆာင္ရြက္ျခင္း၊ ေခတ္နဲ႔ေလ်ာညီတဲ့ ဆိုင္ခန္းငွားရမ္းခေတြကို တိုးျမင့္ေကာက္ခံထားတယ္ '' လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္က ေျပာသည္။

 

 

'' ဆိုင္ခန္းငွားရမ္းခေတြကို အရင္က ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ေတြ မၿပီးျပတ္ေသးေပမဲ့ စာခ်ဳပ္သတ္တမ္းမျပည့္မီ ကာလအတြင္းမွာေတာ့ ငွားရမ္းခေတြကို တိုးျမင့္ေကာက္ခံထားေတြကို ျပန္လည္ ျပင္ဆင္လုပ္ေဆာင္သြားမယ္"ဟု ဦးေမာင္ေမာင္စုိးကေျပာသည္။

 

 

သိမ္ႀကီးေစ်းတစ္ဝန္းလံုးအက်ယ္အဝန္းက ၆ ဧက ေက်ာ္ က်ယ္ဝန္းတာျဖစ္ၿပီး ၁၈၅၄ ခုႏွစ္ကတည္းက ပုကလိက လုပ္ငန္းရွင္ေတြက တည္ေဆာက္ခဲ့ျခင္းျဖစ္ျပီး ထိုအခ်ိန္က ဝါးသက္ကယ္မိုးေတြနဲ႔တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

 

 

သိမ္ၾကီးေစ်းကုိ အဆင့္ျမင့္လုပ္ငန္းစဥ္မ်ား အဆင့္ဆင့္ လုပ္ကိုင္ခဲ့ရာမွ ၁၉၅၄ ခုႏွစ္မွ ျပည္သူပိုင္အျဖစ္ သိမ္းယူခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္အစိုးရကတိုက္ရိုက္အုပ္ခ်ဳပ္လ်က္ရွိသည့္ ေစ်းျဖစ္သည္။

 

Read 585 times Last modified on Thursday, 30 January 2020 16:55
Rate this item
(0 votes)
Tagged under