မြန်မာနိုင်ငံတွင် မဆောက်လုပ်ဖြစ်ခဲ့သော Sports Complex အားကစားကွင်းအကြောင်း

မြန်မာနိုင်ငံတွင် မဆောက်လုပ်ဖြစ်ခဲ့သော Sports Complex အားကစားကွင်းအကြောင်း google

၁၉၆၀ခုနှစ်ကျော်လောက်က ဆိုဗီယက်ပြည်ထောင်စုသည် ချစ်ကြည်ရေးအတွက် ရန်ကုန်မြို့တွင် ကြို့ကုန်းရှိ ယခု ရန်ကုန်နည်းပညာတက္ကသိုလ် (RIT) ၊ Inya Lake Hotel နှင့် Sports Complex တို့ကို လက်ဆောင်သုံးခုပေးခဲ့ပါတယ်။

 

ရန်ကုန်နည်းပညာတက္ကသိုလ် (RIT) နှင့် nya Lake Hotel တို့က ဖြစ်မြောက်လာခဲ့ပြီး Sports Complex ကိုမူ ဆောက်လုပ်လုပ်ခဲ့ခြင်းမရှိပါ။

 

 

ဘာလို့မဆောက်လုပ်ဖြစ်ခဲ့လည်းဆိုတော့ လက်ျာအုပ်စုဝင် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သော ဖဆပလခေါင်းဆောင်များက ဆိုဗီယက်ပြည်ထောင်စု၏ လက်ဆောင်ကို လက်မခံလိုဟု ကန့်ကွက်မှုကြောင့် ပြောရမှာပါ။

 

 

အဆိုပါ Sports Complex တွင် ပရိတ်သတ် (၈၀,၀၀၀) ဆံ့ ဘောလုံးကွင်းတစ်ခု၊ မိုးလုံလေလုံအားကစားရုံတစ်ခု၊ ပရိတ်သတ် (၁၀,၀၀၀) ဆံ့ Velodrome စက်ဘီးတစ်ကွင်း၊ အိုလံပစ်ရေကူးကန် တစ်ကန်စသည်တို့ ပါဝင်မည်ဖြစ်ပါတယ်။

 

 

မြို့မကျောင်းရှေ့ မြင်းပြိုင်ကွင်းဟောင်းနှင့် မင်္ဂလာတောင်ညွန့်ရှိ သိမ်ဖြူကွင်းနေရာများကို စဉ်းစားခဲ့သော်လည်း တည်ဆောက်ခွင့်မရခဲ့ပါ။

 

 

Sports Complex ကြီးသာ ဖြစ်မြောက်ခဲ့ပါက မြန်မာနိုင်ငံအနေဖြင့် ကျွန်းဆွယ်ပြိုင်ပွဲအပြင် အာရှအားကစားပြိုင်ပွဲကိုပါ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်မည့် အနေအထားတွင်ရှိခဲ့ပေမည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

Read 1383 times Last modified on Friday, 31 January 2020 16:22
Rate this item
(0 votes)
Tagged under