ကျောက်ဖြူစီမံကိန်းအပါအဝင် MoU သုံးခု လက်မှတ်ရေးထိုးမည့် တရုတ်သမ္မတခရီးစဉ်

ကျောက်ဖြူစီမံကိန်းအပါအဝင် MoU သုံးခု လက်မှတ်ရေးထိုးမည့် တရုတ်သမ္မတခရီးစဉ် google

တရုတ်သမ္မတ စီကျင်းပင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ကျောက်ဖြူစီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာ (MoU) သုံးခု လက်မှတ်ရေးထိုးရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ကျောက်ဖြူ စီမံကိန်းအတွက် နှစ်နိုင်ငံသဘောတူညီမှုဖြင့် လက်မှတ်ရေးထိုးမည့် MoU တွင် မူဘောင်သဘောတူညီမှုအောက် ရှိ လုပ်ငန်းစဉ် ခုနစ်ခုအနက် နှစ်ခုပါဝင်လာမည်ဟု သိရသည်။

 

 

ထို့အပြင် ကျောက်ဖြူစီမံကိန်း၏ လုပ်ငန်းစတင်မည့်ပမာဏကိုလည်း မူလသဘောတူ လက်ခံထားသည့် ပထမထက် နှစ်နိုင်ငံသဘောတူညီမှုဖြင့် လျှော့ချ ဆောင်ရွက်မည်ဟုလည်း သိရှိရသည်။

 

 

ကျောက်ဖြူစီမံကိန်းသည် မူလစာချုပ်ပါ မူဘောင်သဘော တူညီမှုအရ EIA, SIA လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တစ်နှစ်ခန့်ကြာမည်ဖြစ်၍ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးချိန်မှသာ ရေနက်ဆိပ်ကမ်းကို စတင်နိုင်မည်ဖြစ်သည်။

 

 

စီးပွားကူးသန်းဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ်အရစ်ကျရောင်းချရေးအစီအစဉ်နှင့် ပတ်သက်၍ ဇန်နဝါရီ ၉ ရက်က ပြုလုပ်သော ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

Reference: Ministry of Commerce

  

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေက်ာက္ျဖဴစီမံကိန္းအပါအဝင္ MoU သုံးခု လက္မွတ္ေရးထိုးမည့္ တ႐ုတ္သမၼတခရီးစဥ္

 

 

တ႐ုတ္သမၼတ စီက်င္းပင္၏ ျမန္မာႏိုင္ငံခရီးစဥ္တြင္ ေက်ာက္ျဖဴစီမံကိန္းအပါအဝင္ နားလည္မႈစာခြၽန္လႊာ (MoU) သုံးခု လက္မွတ္ေရးထိုးရန္ရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

 

 

ေက်ာက္ျဖဴ စီမံကိန္းအတြက္ ႏွစ္ႏိုင္ငံသေဘာတူညီမႈျဖင့္ လက္မွတ္ေရးထိုးမည့္ MoU တြင္ မူေဘာင္သေဘာတူညီမႈေအာက္ ရွိ လုပ္ငန္းစဥ္ ခုနစ္ခုအနက္ ႏွစ္ခုပါဝင္လာမည္ဟု သိရသည္။

 

 

ထို႔အျပင္ ေက်ာက္ျဖဴစီမံကိန္း၏ လုပ္ငန္းစတင္မည့္ပမာဏကိုလည္း မူလသေဘာတူ လက္ခံထားသည့္ ပထမထက္ ႏွစ္ႏိုင္ငံသေဘာတူညီမႈျဖင့္ ေလွ်ာ့ခ် ေဆာင္႐ြက္မည္ဟုလည္း သိရွိရသည္။

 

 

ေက်ာက္ျဖဴစီမံကိန္းသည္ မူလစာခ်ဳပ္ပါ မူေဘာင္သေဘာ တူညီမႈအရ EIA, SIA လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရန္ တစ္ႏွစ္ခန႔္ၾကာမည္ျဖစ္၍ ယင္းလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ၿပီးခ်ိန္မွသာ ေရနက္ဆိပ္ကမ္းကို စတင္ႏိုင္မည္ျဖစ္သည္။

 

 

စီးပြားကူးသန္းဝန္ႀကီးဌာနတြင္ ျပည္သူ႔ဝန္ထမ္းမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား ေမာ္ေတာ္ယာဥ္အရစ္က်ေရာင္းခ်ေရးအစီအစဥ္ႏွင့္ ပတ္သက္၍ ဇန္နဝါရီ ၉ ရက္က ျပဳလုပ္ေသာ ရွင္းလင္းေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

 

 

Reference: Ministry of Commerce

 

 
Read 1209 times Last modified on Wednesday, 19 February 2020 12:12
Rate this item
(0 votes)
Tagged under