Minglar Market in Yangon

Minglar Market in Yangon google

ယခင်မင်္ဂလာဈေးဟောင်းအား ယခု Sun Myat Tun Construction မှတာဝန်ယူတည်ဆောက်နေကြောင်း သိရသည်။

ထိုမင်္ဂလာဈေးသစ်အား 2018 ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁ နှစ်ဆန်းပိုင်းတွင် အခန်းများအပ်နှံမည်ဖြစ်ကြောင်းသိရသည်။

ယခုချိန်တွင် မြေညီထပ် Lower Floor ၏ Central part ကို Slab လောင်းနေပြီဖြစ်ပါသည်။

 

2

ယင်းမင်္ဂလာဈေးတည်နေရာမှာ ဗညားဒလလမ်းနှင့်စက်ရုံလမ်းထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိပါတယ်။

<< ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် မည်သို့အရေးယူခံရနိုင်သလဲ >>

အသစ်တည်ဆောက်လျှက်ရှိသောာမင်္ဂလာဈေးတွင် ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော်ပါရှိမှာဖြစ်ပါတယ်။

Basement အပါအဝင်အလွှာပေါင်း ၁၇ လွှာပါရှိမည်ဖြစ်ပြီး Basement နှစ်ထပ်တွင်ကားအစီးရေ ၄၀၀ ဆန့်မည်ဖြစ်သည်။

Cargo Lift နှင့် လူစီးဓာတ်လှေခါး ၂၁ စင်းပါရှိမည်ဖြစ်ကြောင်းသိရသည်။

<< ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေနေရာပြန်လည်ချထားဖို့ မြေကွက်များ စတင်ရွေးချယ် >>

ထိုမင်္ဂလာဈေးသစ်ကြီးတွင် မြေညီ Upper Floor မှ ၄ လွှာအထိကိုယခင်ဈေးသူဈေးသားများအား (၅) ပေပတ်လည်ဆိုင်ခန်းများ၊ လျှောက်လမ်း ၅ ပေဖြင့် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်းသိရသည်။

Sun Myat Tun Construction မှ မြေညီထပ် Lower Floor နှင့် ၅ လွှာမှ ၇ လွှာအထိကို ၁၀ ပေ ပတ်လည်အခန်းများဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၆ လွှာတွင် ကားအစီးရေ ၃၅၀ ဆန့်မည်ကားပါကင်ပါရှိမည်ဖြစ်သည်။

ကုမ္ပဏီမှရောင်းချပေးမည့်အလွှာများတွင် မြေညီထပ် Lower Floor တွင် ဘဏ်များ၊ စူပါမားကတ်နှင့် အဆင့်မြင့်စားသောက်ဆိုင်များထားရှိမည်ဖြစ်ကြောင်းသိရသည်။

<< Electronics (အီလက်ထရောနစ်) (724) >>

၅ လွှာတွင်ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးဆိုင်များ၊ ၆ လွှာတွင်အဝတ်အထည်၊ အထည်အလိပ်အမျိုးမျိုးဆိုင်များ၊ ၇ လွှာတွင်အထည်အလိပ်၊ ဖုန်းအပိုပစ္စည်း၊

အလှကုန်၊ ဖန်စီပစ္စည်းအမျိုးမျိုးဆိုင်များ၊ ၈ လွှာတွင် ကားကက်ဆက်နှင့် ကားအလှဆင်ပစ္စည်းအမျိုးမျိုးဆိုင်များ၊ ၉လွှာနှင့် ၁၀ လွှာတွင် ဂိုဒေါင်များ၊

၁၁ လွှာနှင့် ၁၂ လွှာတွင် Mini Office room များနှင့် အပေါ်ဆုံး ၁၃ လွှာတွင် ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်များထားရှိမည်ဖြစ်ကြောင်းသိရသည်။

ဆိုင်ခန်းဝယ်ယူသူများအနေဖြင့် ကနဦးပေးသွင်းငွေ ၁၀ သိန်းကိုဦးစွာပေးသွင်းရမည်ဖြစ်ပြီး တစ်ပတ်အတွင်းဆိုင်ခန်းတန်ဖိုး၏ ၃၀% ကိုပေးသွင်းရမည်ဖြစ်သည်။

<< Machinery Spare Parts (စက်နှင့် စက်အပိုပစ္စည်းများ) (570) >>

ကျန် ၇၀ % ကို ၂၆ လအရစ်ကျဖြင့် ကုမ္မဏီသို့အတိုးမဲ့ပေးသွင်းရမည်ဖြစ်သည်။

Myanmar Builders Guide

Read 2653 times Last modified on Wednesday, 18 September 2019 17:25
Rate this item
(1 Vote)