တောင်ကိုရီးယားမြို့တော် ဆိုးလ်ကဲ့သို့ ထူထောင်ရန်ရှိသော ရန်ကုန်မြို့

တောင်ကိုရီးယားမြို့တော် ဆိုးလ်ကဲ့သို့ ထူထောင်ရန်ရှိသော ရန်ကုန်မြို့ google

ရန်ကုန်မြို့ပတ်ဝန်းကျင်ကို တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ပတ်ဝန်းကျင်ကဲ့သို့ စမတ်စီးတီးမြို့သစ်များနှင့် ၀န်းရံထားသလို ခေတ်မီမြို့သစ်စီမံကိန်းများ ထူထောင်သွားမည်ဖြစ်ကြောင်းဆာက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land And Housing Coorporation တို့ကြား စက်တင်ဘာ ၄ ရက်က LOTTEL Hotel Yangon တွင် ပြုလုပ်သည့် ဒလမြို့သစ်စီမံကိန်းအကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

 

<< ပင်စင်ဝန်ထမ်း ၃၀၀၀၀ ခန့်အတွက် အကောင်အထည်ဖော်မည့် Dagon Seikkan Smart City Districtစီမံကိန်း >>

 

"တောင်ကိုရီးယားသမ္မတကြီး မြန်​မာနိုင်ငံကိုလာ​ရောက်​တဲ့ ခရီးစဉ်​အတွင်း ရန်​ကုန်​မြို့​တော်​ဖွံဖြိုးတိုးတက်​​ရေးအတွက်​အ​ရေးပါတဲ့ ဒလမြို့သစ်​ဖွံ့ဖြိုး​ရေး စီမံကိန်း​ဆောင်​ရွက်​ဖို့ တိုင်း​ဒေသကြီး အစိုးရအဖွဲ့နဲ့ Korea Land And Housing Corporation တို့ကြား MOUလက်​မှတ်​​ရေးထိုးတဲ့ အခန်းအနားကို အခုလိုပြုလုပ်​နိုင်​တာ​ကျေးဇူးတင်​ပါတယ်​။ ကိုရီးယားနိုင်​ငံ ဆိုးလ်မြို့ပတ်​ဝန်းကျင်​မှာ စမတ်စီးတီးမြို့သစ်​များနံ့ ဝန်းရံပြီး ဖွဲ့စည်းတည်​​ဆောက်​ထားသကဲ့သို့ မြန်​မာနိုင်​ငံရဲ့ ရန်​ကုန်​မြို့ပတ်​ဝန်းကျင်​မှာလည်း ​ခေတ်​မီမြို့သစ်​စီမံကိန်းများကို ထူ​ထောင်​​ဆောင်​ရွက်​သွားဖို့ရှိပါတယ်​" ဟု ၎င်းကပြောသည်။

 

ကိုရီးယား-မြန်မာ စက်မှုဇုန်(KMIC)နှင့် ဒလမြို့သစ်စီမံကိန်းစသည့် ဖွံဖြိုးရေးလုပ်ငန်းများအားလုံး အောင်မြင်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်း၍ အစစအရာရာ ပံ့ပိုး ကူညီဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

<< ထိုင်း-မြန်မာနယ်စပ်တံခါးများ ဖွင့်ပေးနိုင်ပါက ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍပိုမိုအားကောင်းလာမည် >>

 

ကိုရီးယား-မြန်​မာချစ်​ကြည်​​ရေးတံတားသည် ရန်​ကုန်​နှင့် ဒလကို ဆက်​သွယ်​ထားသည့် မြစ်​ကူးတံတားဖြစ်ပြီး အဆိုပါ တံတားတည်ဆောက်ပြီး နောက်ပိုင်းတွင်လည်း ဒလဘက်သည် ဖွံ့ဖြိုးတိုးတက်လာမည့် နေရာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

 

"ကျွန်​​တော်​တို့ရန်​ကုန်​မြို့မှာ ကိုရီးယား-မြန်​မာ ချစ်​ကြည်​​ရေး တံတားစတင်​တည်​​ဆောက်​​နေပါပြီ။ကိုရီးယား-မြန်​မာချစ်​ကြည်​​ရေး တံတားကြီး တည်​​ဆောက်​ပြီး​နောက်​ပိုင်းမှာ ဒလဘက်​ဟာ ဖွံ့ဖြိုးတိုးတက်​လာမယ့်​နေရာဖြစ်​ပါတယ်​။ဒီဖွံဖြိုးတိုးတက်​မှုဟာ အခုချိန်​ကစပြီး​တော့ ကြိုတင်​ပြင်​ဆင်​မှု​တွေ​ဆောင်​ရွက်​ထားရမယ့်အ​ခြေအ​နေဖြစ်​ပါတယ်​။ ဒလဘက်​ခြမ်းဟာ ရန်​ကုန်​မြို့ရဲ့CBD ဧရိယာရဲ့​ကပ်​ရဲ့​နေရာမှာ တည်​ရှိပါတယ်​။ ဒါ​ကြောင့်​ နေရာ​ကောင်းတစ်​ခုဖြစ်​တဲ့အတွက်​ ဒီ​နေရာကို စနစ်​တကျ ဖွံဖြိုးတိုးတက်​​စေချင်​ပါတယ်​။"ဟု ၎င်းကပြောသည်။

 

<< သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာအဆင့်မီ မြို့ပြကြီးတစ်ခု ထည့်သွင်းတည်ဆောက်မည် >>

 

အဆိုပါ တည်​ဆောက်မည့် ဒလမြို့သစ်​စီမံကိန်းကိုရန်​ကုန်​မြစ်​၏ အ​နောက်​ဘက်​အခြမ်းတွင် စမတ်စီးတီး ဖြစ်စေရန် မျှော်​လင့်​ထားပြီး ရန်​ကုန်​မြစ်​အ​နောက်​ဘက်​ကမ်းသည် အခွင့်​အလမ်း​ကောင်း​ များစွာရှိ​နေသည့် ​နေရာတစ်​ခုဖြစ်​သည်ဟုဆိုသည်။

 

"ဒါ​ကြောင့်​ဒီ​နေရာ ဖွံဖြိုးတိုးတက်​​ရေးအတွက်​ ကိုရီးယား-မြန်​မာ နှစ်​နိုင်​ငံကြား ပူး​ပေါင်း​ဆောင်​ရွက်​​ရေး လုပ်​ငန်းစဉ်​များကို​ ဆောင်​ရွက်​​နေပါတယ်​။ဒလမြို့သစ်​စီမံကိန်းကို ​လေ့လာစန်းစစ်​မှု​ ဆောင်​ရွက်​ခြင်းဖြင့်​ ကိုရီးယား-မြန်​မာ ချစ်​ကြည်​ရင်းနှီးမှုကို တိုးမြှင့်​​ဆောင်​ရွက်​နိုင်​မယ့် လုပ်​ငန်းစဉ်​​တွေဖြစ်​ပါတယ်​။"ဟု ဝန်ကြီးချုပ်ကဆိုသည်။

 

ဒလမြို့သစ်​စီမံကိန်းမှ နှစ်​နိုင်​ငံ ချစ်​ကြည်​ရင်းနှီးမှု ၊စီးပွား​ရေးဆိုင်​ရာ ပူး​ပေါင်း​ဆောင်​ရွက်​မှု နှင့် ​ရှေ့ဆက်​ဖွံဖြိုး​ရေးကဏ္ဍ​များ ပူး​ပေါင်း​ဆောင်​ရွက်​ရန် နှစ်​နိုင်​ငံအကြား လက်​မှတ်​​ရေးထိုးခြင်းဖြစ်​သည်။

 

Myanamr Builders Guide

Read 8065 times
Rate this item
(1 Vote)