မန္တလေးမြို့ ယခင်ဆင်ကျုံးနေရာတွင် အဆင့်မြင့် မြို့ပြစီမံကိန်း ဖော်ဆောင်မည်

မန္တလေးမြို့ ယခင်ဆင်ကျုံးနေရာတွင် အဆင့်မြင့် မြို့ပြစီမံကိန်း ဖော်ဆောင်မည် google

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၁ ရပ်ကွက်ရှိ ယခင်ဆင်ကျုံးနေရာတွင် အဆင့်မြင့် မြို့ပြစီမံကိန်း ဖော်ဆောင်မည်ဖြစ်သောကြောင့် စိတ်ဝင်စားသူများအနေဖြင့် သြဂုတ် ၅ရက် နောက်ဆုံးထားကာ အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင်

ဦးကျော်ဆန်းမြင့်ပြောကြားချက်အရ သိရသည်။

 

အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မဟာမြိုင် ၁ ရပ်ကွက် ၃၆ လမ်း၊ ၆၄ လမ်းနှင့် ၆၇ လမ်းကြားရှိ မြေ ၂ ဒသမ ၈ ဧကခန့်အကျယ်ပေါ်တွင် လူနေလုံးချင်းတိုက်များ၊ စားသောက်ဆိုင်များ၊ စူပါမားကတ်များနှင့် အပန်းဖြေနေရာများ ပါဝင်သည့် အဆင့်မြင့် မြို့ပြစီမံကိန်း အကာင်အထည် ဖော်မည်ဖြစ်သည်။

 

<< မန္တလေးမြို့မှာ Mixed - Use Development စီမံကိန်း စတင်ဆောင်ရွက်တော့မည်>>

 

မြို့ပြစီမံကိန်း အကာင်အထည်ဖော်ရန် စီစဉ်ထားသည့်မြေနေရာသည် မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်း လက်ထက်တွင် ဆင်ကျုံးအဖြစ် အသုံးပြုခဲ့သောနေရာဖြစ်ကာ လက်ရှိတွင် ရေဝပ်ဧရိယာဖြစ်နေကြောင်းနှင့် အဆိုပါ မြေနေရာတွင် မြို့ပြစီမံကိန်းအကောင်အထည်ဖော် ရန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ စီမံကိန်းအဆိုပြုလွှာတင်ပြလာသည့်အတွက် အခြားစိတ်ဝင်စားသူများအနေဖြင့်လည်း ယှဉ်ပြိုင်နိုင်ရန် အဆိုပြုလွှာ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သိရသည်။

 

<< Mega City တစ်ခုအဖြစ် ရောက်ရှိလာတော့မည့် ရန်ကုန်မြို့>>

 

"အဆင့်မြင့် လူနေလုံးချင်း တိုက်တွေ၊ တိုက်ခန်းတွေရော၊ စူပါမားကတ်ရော၊ အနားယူအပန်းဖြေစရာတွေ၊ စားသောက်ဆိုင်တွေပါတဲ့ အဆင့်မြင့်စီမံကိန်းတစ်ခု တည်ဆောက်ဖို့ အဆိုပြုထားတာရှိတယ်။ ဒါကြောင့် စီမံကိန်းတစ်ခုဖော်ဆောင်ချင်တဲ့သူရှိရင် လုပ်လို့ရအောင် တင်ဒါခေါ်တာပါ"ဟု ၎င်းကပြောသည်။

 

စီမံကိန်း လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူဆောင်ရွက်ရမည်ဖြစ်၍ ယှဉ်ပြိုင်သူမရှိပါက လက်ရှိအဆိုပြုလွှာတင်သွင်းထားသည့် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

Source: PyiMyanmar

 

Myanmar Builders Guide

Read 1659 times
Rate this item
(0 votes)

Related items