Mixed-use and Urban

Friday, 30 November 2018 14:37

ဆွေးနွေးညှိနှိုင်းမှုများ နောက်ဆုံးအဆင့် ရောက်ရှိနေပြီ

        ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရာ၌ တင်ဒါခေါ်ယူရန်လိုအပ်သည့် Pre-Project Documents (PPD) ကို အပြီးသတ်နိုင်ရန် နှင့် တရုတ်နိုင်ငံ ဆက်သွယ်ရေးတည်ဆောက် မှုကုမ္ပဏီ နှင့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် တို့ကြားဆွေးနွေးညှိနှိုင်းမှုများသည် နောက်ဆုံးအဆင့် ရောက်ရှိ နေပြီဖြစ်သည်ဟု ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် က သတင်းထုတ်ပြန်ထားသည်။
Monday, 19 November 2018 14:00

မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်ရန် ထိုင်းအစိုးရထံမှ ကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ချေးယူမည်

        မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့ကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန် ထိုင်းအစိုးရ ထံမှ ကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ချေးယူမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည်။
Monday, 12 November 2018 11:05

New Mandalay Resort City စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကိုဖိတ်ခေါ်

            မန္တလေးတိုင်းဒေသကြီး တွင် ဖော်ဆောင်နေသည့် New Mandalay Resort City စီမံကိန်း တွင် ရင်းနှီးမြှုပ်နှံရန် မန္တလေးစီးပွားရေးဖိုရမ်သို့ တက်ရောက်လာသည့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်ဇော်က ဖိတ်ခေါ်သည်။ ‘‘ပြင်ဦးလွင်မြို့လေးမှာ New Mandalay Resort City ဆိုပြီး Develop လုပ်မှာပါ။ ဧကတစ် သောင်းကျော်ရှိပါတယ်။ လောလောလတ်လတ် ပထမပိုင်းအနေ နဲ့ ဧကပထမအဆင့်မှာ ခုနစ် ထောင်ကျော်ကို EOI ခေါ်ပါတယ်။ တင်ဒါတွေလုပ်နေပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တွေ သွားကြည့်ရင်အခွင့်အလမ်းတွေ တွေ့ရပါ မယ်’’ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။           မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းကောင်းများ ဖော်ထုတ်ရန်နှင့် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းများအကြား ဆက်သွယ်မှုတိုးမြှင့်ရန် မန္တလေး စီးပွားရေးဖိုရမ်နှင့် ပြပွဲကို နိုဝင် ဘာ ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည်။           မန္တလေးစီးပွားရေးဖိုရမ်နှင့် ပြပွဲသို့ ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင် ကိုးရာကျော် တက်ရောက်ဆွေးနွေးခဲ့သည်။           New Mandalay Resort City ကို စက်မှု IT နည်းပညာ၊ စိုက်ပျိုးရေးစီမံကိန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးဝန် ဆောင်မှုလုပ်ငန်းများနှင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းအခြေပြု မြို့ အဖြစ် ဖော်ဆောင်မည်ဖြစ်သည်။           စီမံကိန်းဧရိယာ အပိုင်း(၁) သည် ဧက ၂,၂၀၀ ကျယ်ဝန်းမည် ဖြစ်ပြီး စက်မှုဇုန်၊ လူနေဇုန်နှင့် ပညာရေး၊ ကျန်းမာရေးဝန်ဆောင် မှုဇုန်များပါဝင်မည်ဖြစ်ကြောင်း၊ အပိုင်း(၂) သည်ဧက ၂,၉၁၉ ဧက ကျယ်ဝန်းပြီး လူနေမြေ၊ Mixed Development Zone၊ အုပ်ချုပ်မှု ဇုန်၊ စီးပွားရေးဇုန်၊ စိုက်ပျိုးရေး အခြေပြုစက်မှုဇုန်၊ အသေးစားစက်မှုလက်မှုဇုန်များ ပါဝင်မည် ဖြစ်ကြောင်း၊ အပိုင်း(၃) သည် ၄,၇၄၄ ဧကကျယ်ဝန်းကာ အဆင့် မြင့်လူနေအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာ၊ ဂေါက်ကွင်း၊ စိုက်ပျိုးရေး ဇုန်နှင့် AGRO Park များပါဝင်သည်။            နိုဝင်ဘာ ၁၀ ရက်က နိုင်ငံတကာနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များကို မန္တလေးတိုင်းရှိ ရင်းနှီးမြှုပ်နှံနိုင်သော နေရာများ ကွင်း ဆင်းကြည့်ရှုနိုင်ရန် လိုက်လံပြသ ရာ New Mandalay Resort City စီမံကိန်းနေရာကို ပြသခဲ့သည်။            မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင် ၂၁ မိုင်ဝန်းကျင်တွင် ဖော်ဆောင်နေသည့် အဆိုပါစီမံကိန်း ကို လက်ရှိ အစိုးရသက်တမ်းမ ကုန်ဆုံးမီ အဆိုပါစီမံကိန်း၏သုံးပုံ တစ်ပုံခန့် အကောင်အထည်ဖော်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ က ပြောကြားထားသည်။           ၂၀၀၆ ကဆက်သွယ်ရေး နှင့် နည်းပညာကဏ္ဍများ ဖွံ့ဖြိုးလာစေရန် ဆက်သွယ်ရေးဝန်ကြီး ဌာနက စတင်အကောင်အထည် ဖော်ခဲ့သည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ၂၀၁၀ မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းပြီးနောက် ယခုအစိုးရလက်ထက်တွင် New Mandalay Resort City ဟု အမည်ပြောင်းလဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။ Source:7day Daily
Monday, 15 October 2018 14:41

Master plan ရေးဆွဲပြီးလျှင် ရေးဆွဲထားတဲ့အစီရင်ခံစာကို ပြည်သူတွေထံချပြမည်

          ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ Master Plan နှင့် ဒီဇိုင်းရေးဆွဲမှု မကြာမီ ပြီးစီးတော့မည် ဖြစ်သည့်အတွက် ယင်းနှင့် ပတ်သက်သော အစီရင်ခံစာကို အများပြည်သူထံချပြနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
Wednesday, 19 September 2018 11:49

Urban Master Planရေးဆွဲရန် အဖွဲ့အစည်းပေါင်း ၁၄ ခု စိတ်ဝင်စားကြောင်းလျှောက်ထား

          ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် က မြို့သစ်စီမံကိန်း၏ Urban Master Plan  ရေးဆွဲရန် ယခုနှစ်ဇွန်လအတွင်းက Expression of Interest (EOI) ခေါ်ယူခဲ့ရာ အဖွဲ့ အစည်းပေါင်း ၁၄ ခု က စိတ်ဝင်စားကြောင်း  လျှောက်ထားခဲ့သည်။
Thursday, 13 September 2018 12:42

Urban Master Plan နှင့် စီမံကိန်းဒီဇိုင်းရေးဆွဲရန် စင်ကာပူကုမ္ပဏီ AECOM Singapore ကို ရွေးချယ်လိုက်

            ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Urban Master Plan နှင့် စီမံကိန်းဒီဇိုင်းရေးဆွဲရန် စင်ကာပူကုမ္ပဏီ AECOM Singapore ကို ရွေးချယ်လိုက်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ထံမှ သိရသည်။
Friday, 07 September 2018 15:42

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

               မျှော်မှန်းထားသကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုမရှိခြင်းကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအချက်အလက်များက ဖော်ပြနေသည်။
Friday, 07 September 2018 10:22

မကြာသေးမီကကောက်ယူခဲ့သော မြန်မာ့စီးပွားရေးသဘောထားစစ်တမ်း

          ၂ဝ၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွက် မကြာသေးမီက ကောက်ယူခဲ့သော စီးပွားရေး သဘောထားစစ်တမ်း တခုအရ ယခုအခါ မြန်မာ စီးပွားရေးလုပ်ငန်းများ ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေ ကြရသည့် အဓိက အကြောင်းရင်း ၁၀ ခုကို သိရှိရသည်။
Thursday, 30 August 2018 15:02

ဒလတံတားနှင့် ရန်ကုန်မြစ်အနောက်ဘက်ဒေသ အခွင့်အလမ်း

          ဒလတံတားတည်ဆောက်ရေးကြန့်ကြာနေမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဇွန်လတွင် ဒေသခံများက အမြန်ဆုံးတည်ဆောက်ပေးရန် ဆန္ဒပြတောင်းဆိုသည်အထိ ဖြစ်ပွားခဲ့သည်။

Search Articles