Mixed-use and Urban

Friday, 08 February 2019 11:30

စစ်ကိုင်းမြို့ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်ဘယ်လောက်သုံးစွဲမလဲ???

        လက်ရှိဘဏ္ဍာနှစ် အတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများနှင့် စည်ပင်သာယာရေး လုပ်ငန်းများ အတွက် ငွေကျပ်သိန်း ၁ သောင်းခွဲ သုံးစွဲသွားမည်ဟု သိရသည်။  
Tuesday, 22 January 2019 13:27

ဘတ်စ်ကားမှတ်တိုင် အခု ၅၀ဝ အထိ အဆင့်မြှင့်တင်မည်ဖြစ်

        ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည်နားခိုဆောင် (Bus Shelter) များ ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူထားရာ ဘတ်စ်ကားမှတ်တိုင်ပေါင်းအခု ၅၀ဝ အထိ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ ယနေ့ဇန်နဝါရီလ ၂၁ ရက်တွင် သိရသည်။
Thursday, 17 January 2019 15:18

မြန်မာ့ပထမဆုံး ရေအောက် ငါးပြတိုက်ကို ကန်တော်ကြီးဥယျာဉ်အတွင်း တည်ဆောက်လျှက်ရှိ

     ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်အတွင်း တည်ဆောက်လျက်ရှိသည့် မြန်မာ့ပထမဆုံး ရေအောက်ငါးပြတိုက်ကို လာမည့်ဧပြီလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၉ရက်တွင်ပြုလုပ်ခဲ့သည့် ကန်သာယာစင်တာဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
Wednesday, 02 January 2019 12:49

ပြည်တော်သစ်အိမ်ရာကို နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်မည်ဟုဆို

          ကျပ်ဘီလီယံ ၁,၀၀၀ တန်ဖိုးရှိ ပုဇွန်တောင် ပြည်တော်သစ်အိမ်ရာစီမံကိန်းကို  ကမ္ဘာပေါ်က နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
Wednesday, 02 January 2019 11:37

ပုဇွန်တောင် မြစ်သုံးဆိုင်ထိပ်ရှိ ပြည်တော်သစ်အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းစတင်ရန် ပိုင်တိုင်စိုက်

          ပုဇွန်တောင်မြို့နယ်အတွင်း မြစ်သုံးဆိုင်ထိပ်ရှိ ပြည်တော်သစ်အိမ်ရာပြည်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည်။
Thursday, 27 December 2018 17:13

ရန်ကုန်စည်ပင်နှင့် ပြည်တွင်းကုမ္ပဏီ ပူးပေါင်းကာ ခေတ်မီဘတ်စ်ကားမှတ်တိုင် ဆောက်လုပ်မည်

ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီကပြည် တွင်း ကုမ္ပဏီနှင့် ပူးပေါင်းကာ ဘတ်စ်ကားမှတ်တိုင် (Bus Shelter) များကို အကျိုးတူ ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်း၊ တံတား) မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
Monday, 24 December 2018 11:17

မြို့သစ်တိုးချဲ့ခြင်းကြောင့် နောင်တွင် အရည်အသွေးမြင့်အခြေခံအဆောက်အအုံများနှင့် အစားထိုးဖြည့်ဆည်းပေးမည်ဆိုပါက ခက်ခဲလိမ့်မည်ဟုဆို

          အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှု လုပ်ငန်းများ မစတင်မီ မြို့ကြီးများ၏ အစွန်အဖျားတွင် မြို့သစ်တိုးချဲ့ခြင်းကြောင့် မြို့ပြ ဧရိယာအတွင်း ဆက်သွယ်သွားလာမှု အခက်အခဲကြုံတွေ့ရပြီး နောင်အနာဂတ်တွင် အရည်အသွေးမြင့်သော အခြေခံအဆောက်အအုံများနှင့် အစားထိုးဖြည့်ဆည်းပေးမည် ဆိုပါက ပြုပြင်ပြောင်းလဲပေးရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းရေးဆွဲထားသည့် အမျိုးသားမြို့ပြမူဝါဒ မူဘောင်တွင် ဖော်ပြထားသည်။
Tuesday, 11 December 2018 11:51

မြို့သစ်တည်ဆောက်ရေးအတွက်ဆက်လက်ဆောင်ရွက်ခွင့်ပြု

        ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေမြစန္ဒီ မြို့သစ်တည်ဆောက်ရေးအတွက် ပြည်နယ်အစိုးရထံ တင်ပြခဲ့ရာ ကရင်ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ခွင့်ပြုကြောင်း သိရသည်။
Monday, 10 December 2018 14:58

သက်ဆိုင်ရာအာဏာပိုင်များထံမှခွင့်ပြုချက်ရရှိပြီးပါက PPD ကို ကြေညာသွားမည်

        ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Pre-Project Documents (PPD) ကို အပြီးသတ်ရေးဆွဲထားပြီး PPD မူကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးရှေ့နေချုပ်ရုံးကို တင်ပြမည်ဖြစ်ကာ သက်ဆိုင်ရာ အာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိပြီးပါက PPD ကို ကြေညာသွားမည်ဖြစ်ပြီး NYDC Challenge တင်ဒါကိုလည်း စတင်သွားမည်ဖြစ်ကြောင်း New Yangon Development ကုမ္ပဏီ၏ Website တွင် ဖော်ပြထားမှုအရ သိရသည်။

Search Articles