Friday, 27 December 2019 14:43

ရန်ကုန်မြို့တွင် တက္ကသိုလ်ဆရာ၊ ဆရာမ များအတွက် ဓာတ်ခွဲခန်း စက်ရုံသစ် တစ်ခု ဖွင့်လှစ်

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် တက္ကသိုလ်ဆရာများအတွက် ဓာတ်ခွဲခန်းသုံး စက်ရုံသစ် တစ်ခုအတွက် အိမ်ရာစီမံကိန်း ၂ ခုကို၂ဝ၁၉ ဒီဇင်ဘာလ ၂၆ရက်နေ့ မနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပါတယ်။

Friday, 21 February 2020 17:20

ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်များတွင် လျှောက်လွှာပေါင်း ၁ သောင်းကျော်ရှိသော်လည်း ၆၀၀ မျှသာ အချက်အလက်ပြည့်စုံ

ရန်ကုန်တိုင်းအစိုးရက ပထမအကြိမ်အဖြစ် မြေကွက် ၅၀၀ ကို ရောင်းချပေးခဲ့ရာတွင် မြေကွက်လျှောက်ထားသူ ၁၂,၁၅၈ ဦးရှိသည့်အနက် ဇန်နဝါရီလကုန်တွင် ဝယ်ယူခွင့်ရရှိသူစာရင်း ထုတ်ပြန်ခဲ့ရာ ၆၄၀ ကျော်သာ အချက်အလက်ပြည့်စုံကြောင်း သိရသည်။

Friday, 31 January 2020 17:37

အင်းလျားကန်ဘောင်တလျှောက် မြေထိန်းနံရံများ ကြံ့ခိုင်မှုအားနည်း၍ စစ်ဆေးပြုပြင်ဆောင်ရွက်သွားမည်

လှိုင်မြို့နယ်ဘက်ခြမ်း အင်းလျားကန်ဘောင်အား ကြံ့ခိုင်မှုမရှိစေရေးအတွက် စစ်ဆေးပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှပညာရှင်များအဖွဲ့၏ အကြံပြုချက်များကိုထပ်မံရယူပြီး အစဉ်တစိုက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးကပြောသည်။

Monday, 03 February 2020 15:33

ပေ ၆၀၀၀ အမြင့်ရှိတဲ့ တောင်ပေါ်ရွာများအတွက် ရေဂါလံ ၁၅၀၀၀ ဆံံ့ ရေလှောင်ကန်ကြီး ဆောက်လုပ်ပြီးစီး

ပင်းတယမြို့နယ် (၆၀၀၀) အမြင့် တောင်ပေါ်တွင် ရှိသော ဆီးကျအင်း၊ ပါးမဲ၊ မြေနီတောင်၊ ရှော်ပင် ရွာ ၄ ရွာအတွက် ရေဂါလံ ၁၅၀၀၀ ဆံ့ ရေလှောင်ကန်ကြီး ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။

Thursday, 16 January 2020 11:45

မော်လမြိုင်မြို့တွင် လမ်းလျှောက် ကမ်းနားလမ်းအား ဖွင့်လှစ်မည်

မော်လမြိုင်မြို့တွင် လမ်းလျှောက်ကမ်းနားလမ်း ( Mawlamyine Strand Walking Street) အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီတွင် ဖွင့်လှစ်မည်ဟု သိရသည်။

Monday, 17 February 2020 13:24

ပဲခူးတိုင်းဒေသကြီးအတွင်း ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော် အကုန်ကျခံကာ သဘာဝဘေးဒဏ်ခံနိုင်ရန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော်ဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Saturday, 15 February 2020 16:18

ရှမ်းပြည်နယ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံဖြိုးရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၀ ကို ကျေးရွာ ၁၅ ရွာသို့ ရန်ပုံငွေကျပ် သိန်း ၁၀၀ စီ တာဝန်ရှိသူများက ကျေးရွာကော်မတီများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

Saturday, 15 February 2020 15:09

မကွေးတိုင်းဒေသကြီးတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ပြီးစီးပါက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာမည်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာ၌ ၄၀၀ ဗို့ ဓာတ်အားလိုင်း ပေ ၁၃၀၀ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Friday, 14 February 2020 11:23

ဆောင်ရွက်ဆဲလုပ်ငန်းများမှ မတည်ငွေ တိုးမြှင့်ကာ လုပ်ငန်းသစ် ၁၂ ခုအား ခွင့်ပြု

ဆောင်ရွက်ဆဲလုပ်ငန်း (၁၉)ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အခြား ဝန်ဆောင်မှု ကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်းသစ် (၁၂)ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။

Monday, 10 February 2020 10:13

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းထားကြောင်းနှင့် ဖြစ်မြောက်အောင် စီမံဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ခတ္ထိယ-တွံတေး 33/11 KV.(5) MVA ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

Page 1 of 6

Search Articles