၂၀၂၀ ခုနှစ် ဆောက်လုပ်ရေးကဏ္ဍ ကြီးထွားတိုးတက်နှုန်း ၃ ဒသမ ၇ % ရှိမည်ဟု GlobalData ခန့်မှန်း

၂၀၂၀ ခုနှစ် ဆောက်လုပ်ရေးကဏ္ဍ ကြီးထွားတိုးတက်နှုန်း ၃ ဒသမ ၇ % ရှိမည်ဟု GlobalData ခန့်မှန်း

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အရေအတွက် နည်းပါးသော်လည်း စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု ရှိနေသည်။

IMF အနေဖြင့် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုကို ယခင် ၆.၆ ရာခိုင်နှုန်းခန့်မှန်းထားရာမှ ၁.၈% သို့ လျှော့ချပြီး ပြင်ဆင်ခန့်မှန်းသည်။  အာရှဖွံ့ဖြိုးရေးဘဏ်သည် အကောင်းမြင်သော တိုးတက်မှုနှုန်း ၄.၈%  ဟု ခန့်မှန်းသည်။သို့သော် ပြီးခဲ့သည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၆.၈ % ရှိခဲ့သည်ထက် လျော့နည်းသည်။

ဤသို့ စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းခြင်းသည် ဥရောပနှင့် အမေရိကန်မှ ရင်းနှီးမြှုပ်နှံမှုအားနည်းခြင်းနှင့် ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်ဝင်ငွေများ နှေးကွေးခြင်းတို့ကြောင့် ဖြစ်သည်။

အဝတ်အထည်တင်ပို့မှုနှင့် ခရီးသွားလုပ်ငန်း ကျဆင်းလာခြင်းကလည်း အလုပ်လက်မဲ့နှုန်းကိုမြင့်တက်စေသည်။ ပြည်ပတွင် လုပ်ကိုင်နေသူများထံမှ ငွေလွှဲခြင်းနှင့် အိမ်ထောင်စုအလိုက် သုံးစွဲမှုအားနည်းသွားနိုင်သည်။ 

Covid-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးအခက်အခဲများ လျော့ပါးစေရန် မြန်မာအစိုးရသည် Covid-19 စီးပွားရေး ကယ်ဆယ်ရေးအစီအစဉ် (CERP) နှင့်အတူ ရှေ့ဆက်ဆောင်ရွက်နေသည်။ CERP သည် အလုပ်သမားများနှင့် အိမ်ထောင်စုများအား ကူညီခြင်းနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းအားဖြင့်ထောက်ပံ့ပေးခြင်းတို့ဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်မှုများဖြင့်တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုကို အာရုံစိုက်မည်ဖြစ်သည်။

ဤအစပျိုးမှုများကို ဖြည့်ဆည်းရန် CERP တွင် အဓိကပန်းတိုင်ခုနစ်ခုရှိသည်။

၁။ငွေကြေးဆိုင်ရာလှုံ့ဆော်မှုမှတစ်ဆင့် မက်ခရိုစီးပွားရေးပတ်ဝန်းကျင်တိုးတက်အောင်

၂။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်ဘဏ်လုပ်ငန်းကဏ္ဍများ တိုးတက်ကောင်းမွန်စေခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍ အပေါ်  ဖိစီးသည့် သက်ရောက်မှု လျော့နည်းစေခြင်း

၃။ အလုပ်သမားများအပေါ် ဖိစီးသည့် သက်ရောက်မှု လျော့နည်းစေခြင်း

၄။ အိမ်ထောင်စုများအပေါ် ဖိစီးသည့် သက်ရောက်မှု လျော့နည်းစေခြင်း

၅။ ဆန်းသစ်သောထုတ်ကုန်များနှင့် ပလက်ဖောင်းများကို မြှင့်တင်ခြင်း

၆။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားကောင်းလာစေခြင်း

၇။ (အရေးပေါ်ရန်ပုံငွေများအပါအဝင်) Covid-19 တုန့်ပြန်မှုရန်ပုံငွေ ရရှိမှုကို တိုးမြှင့်ခြင်း

CERP ကို ကြေငြာခြင်းမပြုမီ အစိုးရသည် စီးပွားရေးအရ ချည့်နဲ့သောလူတန်းစားများ၏ စီးပွားရေးအခက်အခဲများကို လျှော့ချရန်အဆင့်များစွာကို ကြေငြာခဲ့သည်။ 

ပုံမှန်ဝင်ငွေမရှိသောသူများအား အစားအစာမျာဝေငှခြင်း၊ လျှပ်စစ်ဓာတ်အားခများ လျှော့ချခြင်းနှင့် ချေးငွေပြန်ဆပ်ခြင်းကို ဆိုင်းငံခြင်း စသည်များ ပါဝင်သည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် အစိုးရ၏ အကူအညီ ခြေလှမ်းများသည် ကုန်သည်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအတွက် လိုင်စင်ခကင်းလွတ်ခွင့်များနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများနှင့် ခရီးသွားကဏ္ဍတွင် ပါဝင်သည့်ကုမ္ပဏီများအတွက် အတိုးနှုန်းနည်းနည်းချေးငွေများ ပါဝင်သည်။

Covid-19 မဖြစ်ပွားခင်က မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းသည်  ၂၀၁၉ ခုနှစ်တွင်  ၈.၁% တိုးချဲ့ခဲ့ပြီး GlobalData သည် ၂၀၂၀ ခုနှစ်တွင် ၉.၁% အထိ တိုးတက်လာမည်ဟုခန့်မှန်းခဲ့သည်။ ၎င်းသည် အဓိကအားဖြင့် နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်း၊ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ပိုကောင်းလာခြင်းတို့ကြောင့်ဖြစ်သည်။ ဆက်သွယ်ရေး၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့်ခ ရီးသွားလုပ်ငန်းကဏ္ဍတို့သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကို အများဆုံးရရှိစေသည်။

Toyota၊ Suzuki, Nissan, Hyundai, Kia နှင့် Ford တို့ကဲ့သို့ မော်တော်ကားကုမ္ပဏီများသည်မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု သို့မဟုတ် တပ်ဆင်ရေးစက်ရုံများ လုပ်ကိုင်နေကြပြီ ဖြစ်ပြီး လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေသည်များလည်း ရှိနေသည်။

သို့သော် ရေတိုတွင်ကမ္ဘာ့ကပ်ရောဂါကြောင့် ကုမ္ပဏီအများစုသည် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာသည်အထိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ရပ်တန့်ထားနိုင်ဖွယ်ရှိသည်။ အကျိုးဆက်အားဖြင့် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများသည်ကာလတိုတွင် ပြတ်တောက်သွားနိုင်သည်။

ထို့အပြင် အလုပ်လက်မဲ့နှုန်းမြင့်တက်လာပြီး ရရှိနိုင်သည့် ၀ င်ငွေများ ကျဆင်းလာသည်နှင့်အမျှလူနေအိမ်ကဏ္ဍ၏ တိုးတက်မှုကိုလည်း ထိခိုက်နိုင်သည်။ ဤဖြစ်ပေါ်မှုများကိုကြည့်ပြီး GlobalData သည် ၂၀၂၀ တွင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်း ကြီးထွားတိုးတက်မှုနှုန်းသည် ၃.၇% သို့ ကျဆင်းသွားနိုင်မည်ဟု မျှော်လင့်ထားပြီး အခြေအနေများ ပိုမိုဆိုးရွားလာပါက ရေတိုတွင် နောက်ထပ်အောက်သို့ထပ်ဆင်းခြင်း ဖြစ်နိုင်ခြေရှိသည်ဟုလည်း ခန့်မှန်းထားသည်။

 

Read 528 times
Rate this item
(0 votes)