ပဲခူးမြစ်ကူး (သန်လျင်တံတားအမှတ် ၃) မေ ၂၄ ရက်မှ သြဂုတ်လကုန်အထိ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ယာယီလမ်းပိတ်ဆောင်ရွက်မည်

ပဲခူးမြစ်ကူး (သန်လျင်တံတားအမှတ် ၃) မေ ၂၄ ရက်မှ သြဂုတ်လကုန်အထိ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ယာယီလမ်းပိတ်ဆောင်ရွက်မည်

ပဲခူးမြစ်ကူး(သန်လျင်တံတားအမှတ် -၃)တည်ဆောက်ရေးစီမံကိန်းကြောင့် သန်လျင်မှ သာကေတသို့ သွားသည့်လမ်း ရှုခင်းသာလမ်းဆုံမှ သာကေတလမ်းအပိုင်းကို မေ ၂၄ ရက်မှ သြဂုတ်လကုန်အထိ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ယာယီလမ်း ပိတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


ပဲခူးမြစ်ကူး(သန်လျင်တံတားအမှတ် -၃)တည်ဆောက်ရေးစီမံကိန်း(အပိုင်း ၃) တွင် Steel ယက်မနှင့် ကွန်ကရစ်ယက်မများ တပ်ဆင်ရန်အတွက် သန်လျင်ချဉ်းကပ်လမ်း( သန်လျင်မှ သာကေတသို့သွားသည့်လမ်း)အား ရှုခင်းသာလမ်းဆုံမှ သာကေတလမ်းအပိုင်းကို မေ ၂၄ ရက်မှ သြဂုတ်လကုန်အထိ ညကိုးနာရီမှ နံနက်ငါးနာရီအတွင်း အချိန်ပိုင်းယာယီလမ်း ပိတ်ဆောင်ရွက်မည်ဖြစ်သည်။ သို့ဖြစ်ရာ သတ်မှတ်ထားသည့် လမ်းလွှဲဆိုင်းဘုတ်များအတိုင်း မော်တော်ယာဉ်များ သွားလာပေးကြရန် တံတားဦးစီးဌာနမှ အသိပေးချက်ထုတ်ပြန်ထားသည်။

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ် -၃)တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ရာ ဂျပန်အခြေစိုက်ကုမ္ပဏီများက တင်ဒါအောင်မြင်ခဲ့ပြီး လက်ရှိအချိန်တွင် တံတားလုပ်ငန်းများ စတင်နေပြီဖြစ်ကာ ၂၀၂၂ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

 

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃)သည် သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်ပေးသည့် Landmark တံတားဖြစ်သည့်အတွက် တံတားပုံစံလှပစေရန်နှင့် တံတားအဝင်အထွက်လမ်းကြောင်းများ လှပပြီး အဆင်ပြေစေရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားခဲ့သည်။

 

တံတား၏အရှည်မှာ ၃၅၀၀ မီတာရှိ ပြီး ပင်မတံတားကို Cable Stayed Bridge နှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊တံတားအဆင်းချဉ်းကပ်လမ်းသည် ရှုခင်းသာလမ်းမကြီးနှင့် ရတနာလမ်းမကြီးတို့ကို ဖြတ်ကျော်၍ သာကေတအဝိုင်းအနီးတွင် သွားဆုံမည်ဖြစ်ကြောင်း၊ ပဲခူးမြစ်ကူးတံတား ( သန်လျင်တံတားအမှတ်-၃)တည်ဆောက်ရာ၌ ချဉ်းကပ်တံတားအပိုင်းနှင့် ပင်မတံတားအပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး တင်ဒါခေါ်ယူခဲ့ရာ သန်လျင်ဘက်ကမ်းချဉ်းကပ်တံတားနှင့် ပင်မတံတားအပိုင်းကို Sumitomo Mitsui Construction Co.,Ltd နှင့် Yokogawa Bridge Corporation တို့က တင်ဒါ အောင်မြင်ခဲ့ပြီး သာကေတချဉ်းကပ်တံတား အပိုင်းကို Tokyu Construction Co.,Ltd ကတင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

 

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃)ကို Cable Stayed Bridge ၊ Steel Box Girder+ PC Box Girder Bridge နှင့် Flyover Bridge ပုံစံတို့ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် တံတားလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားချက်အရ သိရသည်။

 

၂၀၃၀ ပြည့်နှစ်တွင် ကီလိုမီတာ ၄၂ဝဝဝကျော်ရှိလမ်းများကို ASEAN Class III ၁၈ ပေအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရန်၊ တံတားအားလုံး ၂၄ပေ အကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ် တံတား/PC ကြိုတင် အားဖြည့်ကွန်ကရစ်တံတား/ သံပေါင်တံတားအဆင့် အနည်းဆုံးရောက်ရှိရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၏ ပြောကြားချက်အရ သိရသည်။

 

News Eleven

Read 19961 times
Rate this item
(1 Vote)