ရန်ကုန်သူနာပြုတက္ကသိုလ် ၄ ထပ်စာသင်ဆောင် ပြိုကျ

ရန်ကုန်သူနာပြုတက္ကသိုလ် ၄ ထပ်စာသင်ဆောင်  ပြိုကျ

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ သူနာပြုတက္ကသိုလ် အဆောင်တွင်

မေလ ၁၇ ရက်နေ့မွန်းတည့်အချိန်ခန့်က ပြိုကျမှု ဖြစ်ပွားခဲ့သည်။ 

အဆိုပါ သူနာပြုတက္ကသိုလ်လေးထပ်ဆောင်၏ အရှေ့မျက်နှာစာပိုင်းတွင် အကြီးစားပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ပြိုကျသည့် အသံများကြောင့် လူအများထွက်ပြေးခဲ့ကြပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကနဦး သိရှိရသည်။
အဆိုပါသူနာပြုတက္ကသိုလ် ၄ ထပ် စာသင်ဆောင် အဆောင်သစ်ကြီးကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့က ထိုစဉ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖွင့်လှစ်ပေးခဲ့သည်။

Read 53965 times Last modified on Sunday, 17 May 2020 13:42
Rate this item
(4 votes)