‌ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များ အပါအဝင် မန်း စည်ပင်က ပ/ဒု/တ ဦးစားပေးဖွင့်လှစ်မည့် စာရင်း ထုတ်ပြန် ကြေညာ

‌ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များ အပါအဝင် မန်း စည်ပင်က   ပ/ဒု/တ ဦးစားပေးဖွင့်လှစ်မည့် စာရင်း ထုတ်ပြန် ကြေညာ

မန္တလေး မြို့တော် စည်ပင်သာဘာရေး ကော်မတီမှ ဦီးစားပေး ဒုတိယ တတိယ

ဦးစားပေးဖွင့်လှစ်မည့် လုပ်ငန်းများ အရောင်းဆိုင်များ စာရင်း မှင့် လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်မှုများ မေ(၁၆)ရက်မှ စတင်ကာ တဆင့်ခြင်း ပြန်လည်ဖြေလျှော့သွားပါမယ်။

•••••••••••••••••••••••••••••••••••••••••••••••••••••

ဖြေလျှော့ဖို့စဥ်းစားတဲ့အခါ ရောဂါကူးဆက်နိုင်မှု အခွင့်အရေးနည်းမယ့် လုပ်ငန်းတွေကို ပထမဦးစားပေးအနေနဲ့ စတင်ခွင့်ပြုသွားမှာပါ။

ပြန်ဖွင့်ခွင့်ပြုမယ့် စည်ပင်သာယာနှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့် အရောင်းဆိုင်များစာရင်းကို ဖော်ပြပေးထားပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့်အချက်တွေကို တိတိကျကျ လိုက်နာကြဖို့ အရေးကြီးပါတယ်။

စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်တွေကိုတော့ ဆိုင်မှာထိုင်စားခွင့်ပြုမှာမဟုတ်သေးပဲ ပါဆယ်စနစ်၊ Delivery စနစ် နဲ့သာ ဆက်လက်ရောင်းချစေမှာပါ။

အစာစားရင် mask ချွတ်စားရလို့ အကာအကွယ်မဲ့သွားတဲ့အတွက် ကိုဗစ်အနေအထားအရ တစ်ချိန်မှာပြန်ဖွင့်ခွင့်ပြုရင်တောင်မှ စားပွဲတစ်ခုကို လူနှစ်ယောက်နှုန်းနဲ့ အလယ်မှာ ပလပ်စတစ်ကာတဲ့ စနစ်သစ်ကိုကျင့်သုံးခိုင်းမှာပါ။

မန္တလေးမြို့ပေါ်ရှိ စည်ပင်ပိုင် ဈေး ၄၁ စျေးကိုလည်း မေလ ၁၆ ရက်နေ့ကစပြီး သားငါးဟင်းသီးဟင်းရွက်အပြင် ကျန်တဲ့ဆိုင်တွေကိုပါ ပြန်ဖွင့်ခွင့်ပြုပါမယ်။

စည်းကမ်းချက်များကိုတော့တိတိကျကျလိုက်နာဖို့ အထူးအရေးကြီးပါတယ်။ သီးသန့်ဖော်ပြထားပါတယ်။

စည်းကမ်းချက်ဖောက်ဖျက်ရင် စျေးရောင်းချမှုပိတ်သိမ်းမှာပါ။

ပထမအကြိမ်ဖောက်ဖျက်ရင် ၃ ရက်ပိတ်ခိုင်းပြီး ဒုတိယအကြမ်ထပ်မံဖောက်ဖျက်ရင်တော့ ဖွင့်ခွင့်ကို ၁၀ ရက်ပိတ်ပါမယ်။

ဈေးချို၊ တောင်/မြောက် တိုက်တန်းကြီး၊ မန်းမြန်မာပလာဇာ၊ ဈေးချိုပလာဇာ နှင့် ရတနာပုံစျေးတွေက အလုံပိတ်စျေးတွေဖြစ်လို့ စျေးအကျိုးဆောင်များနဲ့ ညှိနှိုင်း ပြီးမှသာ ပြန်လည်ဖွင့်ခွင့်ပြုမှာပါ။ လျှောက်လမ်းအပြည့်အဝပြန်ရဖို့၊ စျေးရောင်းသူဦးရေ တတ်နိုင်သမျှလျှော့ချရေး၊ ပစ္စည်းစုပုံတာ ကားရပ်တာကအစ အသေးစိတ်ညှိနှိုင်း အဆင်ပြေမှ ပြန်ဖွင့်ဖို့ ရက်သတ်မှတ်ရမှာပါ။

မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း အတွက်လူအရေအတွက်များလွန်းလို့ သီးသန့်စဥ်းစားရမှာပါ။

ဖွင့်ချိန်ပိတ်ချိန်အပါအဝင် လူဦးရေထိန်းချုပ်ရေးအတွက် ကျောက်မျက်အသင်းနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းပြီးမှသာ ပြန်ဖွင့်ဖို့ ဆုံးဖြတ်ရမှာပါ။

ပြည်ကြီးမျက်ရှင် ယာဥ်ရောင်းဝယ်ရေးစခန်းကို ပြန်ဖွင့်ခွင့်ပြုမှာပါ။

တိုင်းဒေသကြီးအတွင်းနဲ့ မြို့တွင်း ခရီးသည်သွားလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါမယ်။

အခြားတိုင်းဒေသကြီးများ နဲ့ပြည်နယ်တွေကြားပြေးဆွဲနေတဲ့ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ လောလောဆယ် တိုင်းပြင်ပကပြန်လာတဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို Quarantine လုပ်ဖို့ထုတ်ပြန်ထားတဲ့အမိန့် ပယ်ဖျက်ပြီးချိန်ကျမှ ထည့်သွင်းစဥ်းစားပါမယ်။

ပုဂ္ဂလိကတည်ဆောက်ရေးလုပ်ငန်းများကိုလည်းပြန်ဖွင့်ခွင့်ပြုပါမယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များ လိုက်နာမှုရှိမရှိ အခါမလပ်ပြန်လည်စစ်ဆေးသွားမှာပါ။

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များနဲ့ တားမြစ်ချက်များက ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မှာမူတည်ပြီး အမြဲပြောင်းလဲနေမှာပါ။

#ဖြေလျှော့သင့်တဲ့အချိန်ဖြေလျှော့ပြီးတင်းကြပ်သင့်ရင်ပြန်တင်းကြပ်သွားပါမယ်

Mask Campaign Phase 3 အပြီး အရေးယူမှုတွေစတင်ပြီးနောက်ပိုင်း မန္တလေးမြို့မှာ mask တပ်ဆင်မှု သိသိသာသာများလာပြီး ၉၀% ကျော်လာတာ ဖြေလျှော့မှုပြုလုပ်ပေးဖို့ အဓိကတွန်းအားတစ်ခုပါ။

 

 

 

 

Read 496 times
Rate this item
(0 votes)