စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင် ပြန်ဝင်ဖို့ စီစဉ်

စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းခွင် ပြန်ဝင်ဖို့ စီစဉ်

စင်ကာပူသည် အိပ်ဆောင်များတွင် တသီးတခြား နေထိုင်နေရသော ရွှေ့ပြောင်းလုပ်သားများကို ဘေးကင်းစွာဖြင့် လုပ်ငန်းခွင်

ပြန်ဝင်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း လူအင်အား ဝန်ကြီးဌာန ဝန်ကြီး Josephine Teo က တနင်္ဂနွေနေ့ (မေလ ၁၀ ရက်) က ပြောကြားခဲ့သည်။

Covid-19 လူနာဖြစ်ခဲ့ဖူးသော လုပ်သားများကိုလည်း လုပ်ငန်းခွင် ပြန်ဝင်စေမည် ဖြစ်သည်။ သူတို့ ကျကျနန နေပြန်ကောင်းသည်မှာ သေချာကြောင်း ဆေးစစ်ပေးမည်။ သူတို့၏ ကျန်းမာရေးအခြေအနေကိုလည်း ဆက်လက်စောင့်ကြည့်ပေးနေမည်။
ကျင့်သုံးမည့် စနစ်သစ်တွင် ဆေးဘက်ဆိုင်ရာ နည်းပညာဖြန့်ဝေခြင်းလည်း ပါဝင်သည်။ ဥပမာ အောက်ဆီမီတာ oximeter ခုရေ နှစ်သောင်းကို လုပ်သားအိပ်ဆောင်များတွင် ထားရှိမည်။ ယင်းသည် သွေးထဲ အောက်ဆီဂျင်ပါဝင်သည့် ရေချိန်ကို တိုင်းတာပေးပြီး ကျန်းမာရေး ယိုယွင်းစပြုလျှင် သိနိုင်မည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် အိပ်ဆောင်များတွင် နေထိုင်လျက် ရှိသည့် ရွှေ့ပြောင်းလုပ်သားများအကြား ကိုဗစ်ကူးစက်မှုများ မြင့်မားနေဆဲ ဖြစ်သည်။
Mrs Teo က "အလုပ်သမားတွေရဲ့ ရပ်တည်ချက်ကို ကျမတို့ အရမ်းသတိထားပါတယ်။ အဆုံးသတ်မှာတော့ သူတို့ စင်ကာပူမှာ လာနေကြတာ အလုပ်လုပ်ဖို့ ဖြစ်ပါတယ်။ အလုပ်ရှင်တွေဘက်ကကြည့်ရင် လုပ်သားတွေဟာ လုပ်ငန်းကို ထောက်ကူဖို့ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်တဲ့အဆင့်မှာ အဓိက ရည်ရွယ်ချက်က အဲဒီဟာကို ဘေးကင်းကင်းဖြင့် ဖြစ်ပေါ်စေဖို့ ဖြစ်ပါတယ်"
ထိုအချက်ကို ရရှိရန်အတွက် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့်နေရာနှင့် လုပ်ကိုင်သည့်နေရာတို့ကို ပြောင်းလဲရမည်ဟု သူမက ဆိုသည်။

zawgyi

စင္ကာပူမွာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား လုပ္ငန္းခြင္ ျပန္ဝင္ဖို႔ စီစဥ္


စင္ကာပူသည္ အိပ္ေဆာင္မ်ားတြင္ တသီးတျခား ေနထိုင္ေနရေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ေဘးကင္းစြာျဖင့္ လုပ္ငန္းခြင္ ျပန္ဝင္ႏိုင္ေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း လူအင္အား ဝန္ႀကီးဌာန ဝန္ႀကီး Josephine Teo က တနဂၤေႏြေန႔ (ေမလ ၁၀ ရက္) က ေျပာၾကားခဲ့သည္။

Covid-19 လူနာျဖစ္ခဲ့ဖူးေသာ လုပ္သားမ်ားကိုလည္း လုပ္ငန္းခြင္ ျပန္ဝင္ေစမည္ ျဖစ္သည္။ သူတို႔ က်က်နန ေနျပန္ေကာင္းသည္မွာ ေသခ်ာေၾကာင္း ေဆးစစ္ေပးမည္။ သူတို႔၏ က်န္းမာေရးအေျခအေနကိုလည္း ဆက္လက္ေစာင့္ၾကည့္ေပးေနမည္။
က်င့္သုံးမည့္ စနစ္သစ္တြင္ ေဆးဘက္ဆိုင္ရာ နည္းပညာျဖန႔္ေဝျခင္းလည္း ပါဝင္သည္။ ဥပမာ ေအာက္ဆီမီတာ oximeter ခုေရ ႏွစ္ေသာင္းကို လုပ္သားအိပ္ေဆာင္မ်ားတြင္ ထားရွိမည္။ ယင္းသည္ ေသြးထဲ ေအာက္ဆီဂ်င္ပါဝင္သည့္ ေရခ်ိန္ကို တိုင္းတာေပးၿပီး က်န္းမာေရး ယိုယြင္းစျပဳလွ်င္ သိႏိုင္မည္ျဖစ္သည္။
လက္ရွိအေျခအေနတြင္ အိပ္ေဆာင္မ်ားတြင္ ေနထိုင္လ်က္ ရွိသည့္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအၾကား ကိုဗစ္ကူးစက္မႈမ်ား ျမင့္မားေနဆဲ ျဖစ္သည္။
Mrs Teo က "အလုပ္သမားေတြရဲ႕ ရပ္တည္ခ်က္ကို က်မတို႔ အရမ္းသတိထားပါတယ္။ အဆုံးသတ္မွာေတာ့ သူတို႔ စင္ကာပူမွာ လာေနၾကတာ အလုပ္လုပ္ဖို႔ ျဖစ္ပါတယ္။ အလုပ္ရွင္ေတြဘက္ကၾကည့္ရင္ လုပ္သားေတြဟာ လုပ္ငန္းကို ေထာက္ကူဖို႔ ျဖစ္ပါတယ္။ ျပန္လည္ထူေထာင္တဲ့အဆင့္မွာ အဓိက ရည္႐ြယ္ခ်က္က အဲဒီဟာကို ေဘးကင္းကင္းျဖင့္ ျဖစ္ေပၚေစဖို႔ ျဖစ္ပါတယ္"
ထိုအခ်က္ကို ရရွိရန္အတြက္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား ေနထိုင္သည့္ေနရာႏွင့္ လုပ္ကိုင္သည့္ေနရာတို႔ကို ေျပာင္းလဲရမည္ဟု သူမက ဆိုသည္။

Read 475 times
Rate this item
(0 votes)