တရုတ်ပြည်ရဲ့ ပထမဆုံး အထပ်မြင့် မီးသတ်ဒရုံး

တရုတ်ပြည်ရဲ့ ပထမဆုံး အထပ်မြင့် မီးသတ်ဒရုံး

ဒရုံးတွေရဲ့ မူလအစမှာ မောင်းသူမဲ့ ယာဉ်ပျံ unmanned aerial vehicle (UAV) ကိုတီထွင်စမ်းသပ်ခဲ့ကြရာမှ

စတင်ခဲ့ပြီး မူလက စစ်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ကိုင်ခဲ့ကြတယ်။ အတော်အတန် အောင်မြင်မှုတွေ ရလာခဲ့ပြီး အရပ်ဖက်ကို နည်းပညာ ရောက်ရှိလာတယ်။ ကောင်းကင်မှ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးဖို့ ဒရုံးတွေကို သုံးခဲ့ကြတယ်။

နောက်တော့ ပစ္စည်းသယ်ယူပို့ဆောင်ရေး အတွက် တွင်တွင်ကျယ်ကျယ် သုံးကြတယ်။
အထူးပြု ဒရုံးတွေ ပေါ်ပေါက်လာပြီး သက်ဆိုင်ရာနယ်ပယ်အတွက် အထူးသီးသန့် ဒီဇိုင်းတွေ ကြံဆထုတ်လုပ်ပြီး ဒရုံးတွေကို သုံးလာကြတာမှာ မီးသတ်ဌာနအတွက်လည်း အပါအဝင် ဖြစ်ပါတယ်။ တောမီးလောင်တာကို ထောက်လှမ်းဖို့ သုံးကြတယ်။ မီးသတ်ဆေး ဖျန်းဖို့ သုံးကြတယ်။ ဒါပေမဲ့ မီးသတ်ပိုက်နဲ့ မီးငြိမ်းဖို့မှာတော့ အခက်အခဲ ရှိနေခဲ့တယ်။
မီးသတ်ပိုက်မှ ရေလုံး ပန်းထွက်ဖို့ ဖိအားပြင်းပြင်းဖြင့် တွန်းထုတ်ပစ်ရတာမို့ ပိုက်ဝတစ်ဝိုက်မှာ နောက်ကို ပြန်ကန်တဲ့ တွန်းအားပြင်းပြင်း ဖြစ်ပေါ်တယ်။ လေထဲ ပျံပြီး အငြိမ်ရပ်နေရတဲ့ ဒရုံးအဖို့ နောက်ပြန်ကန်အားကို တောင့်ခံပြီး နေရာမရွေ့အောင် ထိန်းဖို့ အတော်မလွယ်ဘူး။ အဲဒီလို မလွယ်တာကို အခုတော့ ရအောင် လုပ်နိုင်ခဲ့ပါပြီ။

တရုတ်နိုင်ငံမှ Guofei General Aviation Equipment Manufacturing က တရုတ်နိုင်ငံ ချောင်ကျင်းပြည်နယ်မှာ တည်ရှိတဲ့ ဒါဇူမှာ မီးသတ် သရုပ်ပြလေ့ကျင့်ခန်းတစ်ခု လုပ်ဆောင်ခဲ့တယ်။
မီးလောင်နေတဲ့ အထပ်မြင့်တိုက်တစ်လုံးကို မီးသတ် ဒရုံးများဖြင့် လျင်မြန်စွာ မီးသတ်ပြခဲ့ပါတယ်။ သရုပ်ပြပွဲကို လာရောက်ကြည့်ရှုကြတဲ့ ဧည့်သည်တွေဟာ မောင်းသူမဲ့ ယာဉ်ပျံတွေရဲ့ မီးသတ်စွမ်းရည်အပေါ် တအံ့တသြ ဖြစ်ခဲ့ကြပါတယ်။
Guofei General Aviation Equipment Manufacturing ရဲ့ အကြီးအကဲဖြစ်သူ ကောင်ဘင်း Cao Bing က "အထပ်မြင့် အဆောက်အဦတစ်ခု မီးလောင်နေတာကို UAV သုံးပြီး မီးငြိမ်းဖို့ စိတ်ကူးကို စတင်ရရှိခဲ့တာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ကျွန်တော်တို့ ခုနစ်နှစ်တိုင်တိုင် အချိန်သုံးပြီး အထပ်မြင့် မီးသတ် UAV ကို ဖန်တီးခဲ့ကြတယ်။ ဒီအထပ်မြင့် မီးသတ် UAV က ကျွန်တော်တို့ နိုင်ငံမှာ ပထမဆုံး ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်"

အထပ်မြင့် မီးသတ်ဒရုံးရဲ့ ထူးခြားတဲ့ဂုဏ်သတ္တိတွေက ထပျံတာ မြန်ဆန်တယ်။ မီးလောင်တဲ့ နေရာကို သွားဖို့ မြန်မြန်ဆန်ဆန် ရောက်တယ်။ မီးလောင်ခါစ လက်ဦးမှု ရယူနိုင်တယ်။
လက်ရှိအနေအထားမှာ မီးသတ်ကားအနေဖြင့် ငြိမ်းသတ်ပေးနိုင်တဲ့ အများဆုံးအမြင့်က မီတာ ၁၀၀ ဖြစ်ပါတယ်။ မီးသတ်ဒရုံးက မီတာ ၂၀၀ အမြင့်အထိ မီးငြိမ်းသတ်ပေးနိုင်တယ်။ မြေပြင်မှ အမြင့် မီတာ ၂၀၀ ကို ပျံတက်ဖို့ စက္ကန့် သုံးဆယ်ပဲ ကြာတယ်။
"မီးသတ်ဆေးမှုန့်ကို သုံးပြီး ကုဗမီတာ ၁၀၀ အလုံပိတ်နေရာတစ်ခု မီးလောင်နေတာကို မီးသတ်ဒရုံးက ကောင်းကောင်းငြိမ်းသတ်ပေးနိုင်ပါတယ်။ ရေနဲ့ ထိုးပြီး ငြိမ်းမယ်ဆိုရင်လည်း ရပါတယ်။ ရေလှောင်ကန် နောက်တွဲကနေ ရေပိုက်ထုတ်ပြီး ဒရုံးက အမြင့်ကို သယ်ဆောင်ငြိမ်းသတ်ပေးပါတယ်" လို့ ကောင်ဘင်းက ရှင်းပြတယ်။
"ဖိသိပ်အမြှုပ် compressed foam နဲ့လည်း မီးငြိမ်းခိုင်းလို့ ရပါတယ်။ မြန်တယ်။ မီးသတ်ကားတွေလို ရပ်ဖို့နေရာ ယူရတာ၊ လှေကားထောင်ရတာတွေအတွက် အချိန်ယူရတာ မရှိဘူး"
လို့ သူက ပြောပြတယ်။

 

 

 

အထပ္ျမင့္တိုက္ မီးေလာင္တာကို ဒ႐ုံးမ်ားျဖင့္ သ႐ုပ္ျပၿငိမ္းသတ္ျပ

ဒ႐ုံးေတြရဲ႕ မူလအစမွာ ေမာင္းသူမဲ့ ယာဥ္ပ်ံ unmanned aerial vehicle (UAV) ကိုတီထြင္စမ္းသပ္ခဲ့ၾကရာမွ စတင္ခဲ့ၿပီး မူလက စစ္ေရးအတြက္ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရး လုပ္ကိုင္ခဲ့ၾကတယ္။ အေတာ္အတန္ ေအာင္ျမင္မႈေတြ ရလာခဲ့ၿပီး အရပ္ဖက္ကို နည္းပညာ ေရာက္ရွိလာတယ္။ ေကာင္းကင္မွ ဓာတ္ပုံေတြ၊ ဗီဒီယိုေတြ ႐ိုက္ကူးဖို႔ ဒ႐ုံးေတြကို သုံးခဲ့ၾကတယ္။
ေနာက္ေတာ့ ပစၥည္းသယ္ယူပို႔ေဆာင္ေရး အတြက္ တြင္တြင္က်ယ္က်ယ္ သုံးၾကတယ္။
အထူးျပဳ ဒ႐ုံးေတြ ေပၚေပါက္လာၿပီး သက္ဆိုင္ရာနယ္ပယ္အတြက္ အထူးသီးသန႔္ ဒီဇိုင္းေတြ ႀကံဆထုတ္လုပ္ၿပီး ဒ႐ုံးေတြကို သုံးလာၾကတာမွာ မီးသတ္ဌာနအတြက္လည္း အပါအဝင္ ျဖစ္ပါတယ္။ ေတာမီးေလာင္တာကို ေထာက္လွမ္းဖို႔ သုံးၾကတယ္။ မီးသတ္ေဆး ဖ်န္းဖို႔ သုံးၾကတယ္။ ဒါေပမဲ့ မီးသတ္ပိုက္နဲ႔ မီးၿငိမ္းဖို႔မွာေတာ့ အခက္အခဲ ရွိေနခဲ့တယ္။
မီးသတ္ပိုက္မွ ေရလုံး ပန္းထြက္ဖို႔ ဖိအားျပင္းျပင္းျဖင့္ တြန္းထုတ္ပစ္ရတာမို႔ ပိုက္ဝတစ္ဝိုက္မွာ ေနာက္ကို ျပန္ကန္တဲ့ တြန္းအားျပင္းျပင္း ျဖစ္ေပၚတယ္။ ေလထဲ ပ်ံၿပီး အၿငိမ္ရပ္ေနရတဲ့ ဒ႐ုံးအဖို႔ ေနာက္ျပန္ကန္အားကို ေတာင့္ခံၿပီး ေနရာမေ႐ြ႕ေအာင္ ထိန္းဖို႔ အေတာ္မလြယ္ဘူး။ အဲဒီလို မလြယ္တာကို အခုေတာ့ ရေအာင္ လုပ္ႏိုင္ခဲ့ပါၿပီ။

တ႐ုတ္ႏိုင္ငံမွ Guofei General Aviation Equipment Manufacturing က တ႐ုတ္ႏိုင္ငံ ေခ်ာင္က်င္းျပည္နယ္မွာ တည္ရွိတဲ့ ဒါဇူမွာ မီးသတ္ သ႐ုပ္ျပေလ့က်င့္ခန္းတစ္ခု လုပ္ေဆာင္ခဲ့တယ္။
မီးေလာင္ေနတဲ့ အထပ္ျမင့္တိုက္တစ္လုံးကို မီးသတ္ ဒ႐ုံးမ်ားျဖင့္ လ်င္ျမန္စြာ မီးသတ္ျပခဲ့ပါတယ္။ သ႐ုပ္ျပပြဲကို လာေရာက္ၾကည့္ရႈၾကတဲ့ ဧည့္သည္ေတြဟာ ေမာင္းသူမဲ့ ယာဥ္ပ်ံေတြရဲ႕ မီးသတ္စြမ္းရည္အေပၚ တအံ့တၾသ ျဖစ္ခဲ့ၾကပါတယ္။
Guofei General Aviation Equipment Manufacturing ရဲ႕ အႀကီးအကဲျဖစ္သူ ေကာင္ဘင္း Cao Bing က "အထပ္ျမင့္ အေဆာက္အဦတစ္ခု မီးေလာင္ေနတာကို UAV သုံးၿပီး မီးၿငိမ္းဖို႔ စိတ္ကူးကို စတင္ရရွိခဲ့တာ ၂၀၁၃ ခုႏွစ္တုန္းက ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ခုနစ္ႏွစ္တိုင္တိုင္ အခ်ိန္သုံးၿပီး အထပ္ျမင့္ မီးသတ္ UAV ကို ဖန္တီးခဲ့ၾကတယ္။ ဒီအထပ္ျမင့္ မီးသတ္ UAV က ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ပထမဆုံး ဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္"

အထပ္ျမင့္ မီးသတ္ဒ႐ုံးရဲ႕ ထူးျခားတဲ့ဂုဏ္သတၱိေတြက ထပ်ံတာ ျမန္ဆန္တယ္။ မီးေလာင္တဲ့ ေနရာကို သြားဖို႔ ျမန္ျမန္ဆန္ဆန္ ေရာက္တယ္။ မီးေလာင္ခါစ လက္ဦးမႈ ရယူႏိုင္တယ္။
လက္ရွိအေနအထားမွာ မီးသတ္ကားအေနျဖင့္ ၿငိမ္းသတ္ေပးႏိုင္တဲ့ အမ်ားဆုံးအျမင့္က မီတာ ၁၀၀ ျဖစ္ပါတယ္။ မီးသတ္ဒ႐ုံးက မီတာ ၂၀၀ အျမင့္အထိ မီးၿငိမ္းသတ္ေပးႏိုင္တယ္။ ေျမျပင္မွ အျမင့္ မီတာ ၂၀၀ ကို ပ်ံတက္ဖို႔ စကၠန႔္ သုံးဆယ္ပဲ ၾကာတယ္။
"မီးသတ္ေဆးမႈန႔္ကို သုံးၿပီး ကုဗမီတာ ၁၀၀ အလုံပိတ္ေနရာတစ္ခု မီးေလာင္ေနတာကို မီးသတ္ဒ႐ုံးက ေကာင္းေကာင္းၿငိမ္းသတ္ေပးႏိုင္ပါတယ္။ ေရနဲ႔ ထိုးၿပီး ၿငိမ္းမယ္ဆိုရင္လည္း ရပါတယ္။ ေရေလွာင္ကန္ ေနာက္တြဲကေန ေရပိုက္ထုတ္ၿပီး ဒ႐ုံးက အျမင့္ကို သယ္ေဆာင္ၿငိမ္းသတ္ေပးပါတယ္" လို႔ ေကာင္ဘင္းက ရွင္းျပတယ္။
"ဖိသိပ္အျမႇဳပ္ compressed foam နဲ႔လည္း မီးၿငိမ္းခိုင္းလို႔ ရပါတယ္။ ျမန္တယ္။ မီးသတ္ကားေတြလို ရပ္ဖို႔ေနရာ ယူရတာ၊ ေလွကားေထာင္ရတာေတြအတြက္ အခ်ိန္ယူရတာ မရွိဘူး"
လို႔ သူက ေျပာျပတယ္။

Read 607 times
Rate this item
(0 votes)