ကမ္ဘာ့သက်တမ်း အရင့်ကြာဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ကျဆုံးခန်း

ကမ္ဘာ့သက်တမ်း အရင့်ကြာဆုံး ဆောက်လုပ်ရေးကုမ္ပဏီ ကျဆုံးခန်း

နှစ်ပေါင်း ၁,၄၂၈ နှစ်ကြာပြီးနောက် ကမ္ဘာပေါ်တွင်သက်တမ်း အရင့်ဆုံး ဆောက်လုပ်ရေးလုပ်ငန်း ကျရှုံးသွားခဲ့သည်။

အခြားကုမ္ပဏီတစ်ခုအောက်သို့ ရောက်ရှိသွားခဲ့သည်။

အေဒီ ၅၇၈ တွင် Shigemitsu Kongo အမည်ရှိ ကိုရီးယားလူမျိုးတစ် ဦး သည် ဂျပန်တော်ဝင်မိသားစု၏ ဖိတ်ကြားမှုဖြင့် ဂျပန်သို့သွားရောက်ခဲ့သည်။
ထိုအချိန်က ဂျပန်၌ ဗုဒ္ဓဘာသာ ထွန်းကားလာနေချိန်ဖြစ်သည်။ ဗုဒ္ဓဘာသာကို လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကမှ စတင်မိတ်ဆက်ခဲ့သော်လည်း တော်ဝင်မိသားစု သိုင်းအဝိုင်းက ဂျပန်တစ်လွှားတွင်ဗုဒ္ဓဘာသာကို လက်ခံယုံကြည်ရန် တက်ကြွစွာ အားပေးခဲ့သည်။
ဂျပန်လူမျိုးများသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ခြင်းတွင် အတွေ့အကြုံမရှိသောကြောင့် နိုင်ငံခြားသို့ အကူအညီတောင်းခဲ့သည်။
ထိုလစ်ဟာချက်သည် Kongo ဝင်ရောက်လုပ်ကိုင်သောနေရာဖြစ်သည်။

Shigemitsu Kongo သည်ကျော်ကြားသော ဗိမ္မာန်တော်တည်ဆောက်သူဖြစ်ပြီး ဂျပန်ရှိ တော်ဝင်မိသားစုသည် ယနေ့တွင် အိုဆာကာတွင် ရှိနေဆဲဖြစ်သော Shitenno-ji ဘုရားကျောင်းကို ဆောက်လုပ်ရန် တာဝန်ပေးခဲ့သည်။

Kongo ဟာ မယုံနိုင်လောက်သည့် အခွင့်အလမ်းကို မြင်ခဲ့သည်။ ဗုဒ္ဓဘာသာသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာနေပြီ။ ဆယ်စုနှစ်များစွာ ဘုရားကျောင်းများ ဆောက်လုပ်ခြင်းဖြင့် အလုပ်မပြတ်ရနေနိုင်ကြောင်း သူသိသည်။
တကယ်လည်း အလွန်ကြာမြင့်စွာ အလုပ်ရနေခဲ့သည်မှာ ရာစုပေါင်း ၁၄ ခုတိုင်တိုင် ကြာမြင့်ပြီးသည့်တိုင် အလုပ်မပြတ် ရနေဆဲဖြစ်သည်။

Shigemitsu Kongo သည် အေဒီ ၅၇၈ တွင် သူ၏ ဆောက်လုပ်ရေးကုမ္ပဏီ Kongo Gumi ကို စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘုရားကျောင်းများ ဆောက်လုပ်သည့် ကိုရီးယားလူမျိုးပိုင် ဆောက်လုပ်ရေးလုပ်ငန်းအဖြစ် နှစ်ပေါင်း ၁,၄၂၈ သက်တမ်း ကြာမြင့်ခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းကို အသာထား၊ မည်သည့် စီးပွားရေးလုပ်ငန်းမဆို ဤမျှနှစ်ပေါင်း ၁၄၀၀ ကျော်း ကြာရှည်နိုင်ခြင်းသည် ထူးခြားသည်။

၂၀၀၄ ခုနှစ်နှောင်းပိုင်း၌ပင် အမေရိကန်ဒေါ်လာသန်း ၆၀ ထက်ကျော်လွန်သောကုမ္ပဏီ၏ နှစ်စဉ်၀ င်ငွေ၏ ၈၀% ကျော်ကို ဗိမ္မာန်တော်အဆောက်အအုံ ဆောက်လုပ်ရေးမှ ရရှိခဲ့သည်။

သို့သော် လွန်ခဲ့သည့် တစ်ဆယ်နှစ်ခန့်က သူတို့စုဆောင်းခဲ့သော ကြွေးမြီများကြောင့် ကုမ္ပဏီသည်နောက်ဆုံးတွင် ကျရှုံးသွားခဲ့သည်။

၎င်းသည် ၁၉၈၀ ပြည့်လွန်နှစ်များက စတင်ခဲ့သည်။ ဂျပန်တွင် ချေးငွေများ ရယူဖို့ အရမ်းလွယ်ကူနေသည်။ ဘဏ်များက အထိန်းအကွပ်မရှိ ငွေများ ထုတ်ချေးနေရာ ငွေကို လိုချင်သလောက် ချေးလို့ ရနေစေသည်။
ဘဏ်များက အတိုးနှုန်းကို နှိမ့်ချထားသည့်အပြင် ပြန်ဆပ်ရမည့် သက်တမ်းကို ဆွဲဆန့်ပေးထားသည်။ ထိုအခါ ဘဏ်ချေးငွေဖြင့် အိမ်ခြံမြေ ဝယ်ခြမ်းကြသည်။ မြေဈေးတွေ ထိုးတက်ကုန်သည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တိုကျိုရှိ ဧကရာဇ်နန်းတော်၏ မြေနေရာများသည် ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုလုံးရှိ အိမ်ခြံမြေများအားလုံးထက် ပိုမိုတန်ကြေးရှိသည့်အဖြစ်သို့ ရောက်သည်အထိ မြေဈေး ကောင်းသည်။
အကယ်စင်စစ် ဆပ်ပြာပူဖောင်းသဖွယ် ဖောင်းတက်နေခြင်း ဖြစ်သည်။ ဤပူဖောင်း၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ဘဏ်များသည် သူတို့၏ချေးငွေစံနှုန်းများကို လျှော့ချလိုက်ပြီ းမည်သူမဆိုကို ချေးငွေမျာ းထုတ်ချေးခဲ့ကြသည်။

များစွာသော ဂျပန်ကုမ္ပဏီများသည် လွယ်လွယ်ရသော ဘဏ်ချေးငွေများကို ချေးကြသည်။ လုပ်ငန်းချဲ့ထွင်ရန် စိတ်ကူးများ အကောင်အထည် ဖော်ကြသည်။ ထိုအထဲတွင် Kongo Gumi ပါဝင်သည်။ ချေးငွေ တနင့်တပိုး ရယူခဲ့သည်။

ချေးငွေသည် လူကြိုက်များသော မူးယစ်ဆေးဝါးနှင့်တူသည်။ လူတိုင်း လိုက်လုပ်ကြသည်။ သူလည်းချေး ကိုယ်လည်းချေး ဘဏ်ချေးငွေကို လွယ်လွယ်ရ လွယ်လွယ်ချေးကြသည်။

၁၉၈၉ ခုနှစ်တွင် ပူဖောင်းပေါက်ကွဲသည့်အခါ အိမ်ခြံမြေ စျေးနှုန်းများ ကျဆင်းခဲ့သည်။ ချေးငွေ အကြီးအကျယ် ယူထားသော ကုမ္ပဏီများမှာ လက်ထဲ ရှိသည့် ပိုင်ဆိုင်မှုတန်ဖိုး တရိပ်ရိပ်ကျဆင်းကုန်ရာ
ဘဏ်ကြွေးများသာ ကျန်တော့သည်။

Kongo Gumi သည် စီးပွားရေးမှ လုပ်ငန်ပြုတ်သွားခြင်း မရှိချေ။ ဆက်မျောထားနိုင်ခဲ့သည်။ သို့သော် အားချည့်နဲ့သွားသည်။ ဘဏ်ချေးငွေ အတိုးနှုန်းမှာ စံချိန်တင်နိမ့်ကျနေသော်လည်း ရရှိသည့် ဝင်ငွေသည် တိုးရင်းပေါင်း ပေးဆပ်ဖို့ အနိုင်နိုင် ဖြစ်လာသည်။ ပိုမိုဆိုးရွားလာခဲ့ရာ ကုမ္ပဏီ၏ ၀ င်ငွေက အကြွေးတွေ ပြန်ဆပ်ဖို့မလုံလောက်တော့ချေ။
၂၀၀၆ မှာ မလွဲမရှောင်သာတော့သဖြင့် Kongo Gumi ကို ထုခွဲရောင်းချလိုက်ရတော့သည်။
ဤကုမ္ပဏီသည် နှစ်ပေါင်း ၁၄၀၀ ကျော်ကြာ တည်တံ့ခဲ့သည်။
ဤကုမ္ပဏီသည် မရေမတွက်နိုင်သော နိုင်ငံရေးအကျပ်အတည်းများ၊ စစ်ပွဲများနှင့် သဘာဝဘေးဒဏ်များမှလွတ်မြောက်ခဲ့သည်။ သို့သော် အိမ်ခြံမြေကို အရင်းတည်သော ဘဏ်ချေးငွေများထဲ ကြွေးနွံနစ်ခဲ့သည်။

Kongo Gumi ကို ဇန်နဝါရီလ ၂၀၀၆ ခုနှစ်တွင် ထုခွဲရောင်းချရာ ဆောက်လုပ်ရေးလုပ်ငန်းစု Takamatsu Construction Group က ဝယ်ယူလိုက်သည်။

Kongo Gumi သည် မိသားစုပိုင် လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ရာ မျိုးဆက် ၄၀ တိုင်တိုင် လက်လွှဲပေးခဲ့ကြသည်။ သားဖြစ်စေ၊ သမီးဖြစ်စေက အမွေဆက်ခံပြီး လက်လွှဲယူခဲ့သည်။
ထုခွဲရောင်းချခြင်း မတိုင်ခင်နှစ်ဖြစ်သော ၂၀၀၅ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒါ်လာ သန်း ၇၀ ဝန်းကျင် ရှိခဲ့သည်။ ဗုဒ္ဓဘုရားကျောင်းများကိုသာ အထူးပြု တည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ နောက်ဆုံး အကြီးအကဲမှာ Masakazu Kongō ဖြစ်သည်။ Kongo Gumi ၏ ၅၀ဦးမြောက် အကြီးအကဲ ဖြစ်သည်။ Takamatsu Construction Group က Kongō Gumi ကို ဝယ်ယူလိုက်ခြင်းသည် လုပ်ငန်းကို ဝယ်ယူခြင်းထက် Kongō Gumi အမည်ကို ဝယ်ယူခြင်း ဖြစ်သည်။ Kongō Gumi ကို ဝယ်ယူလိုက်ပြီးသောအခါ Kongogumi Engineering Co Ltd ဟု ကုမ္ပဏီအသစ်တစ်ခု ထူထောင်လိုက်သည်။ သို့ဖြစ်ရာ Kongogumi ဟူသော အမည်သည် ဆက်လက်အသက်ရှင်နေဆဲ ဖြစ်သည်။

 

zawgyi

ကမာၻ႔သက္တမ္း အရင့္ၾကာဆုံး ေဆာက္လုပ္ေရးကုမၸဏီ က်ဆုံးခန္း

ႏွစ္ေပါင္း ၁,၄၂၈ ႏွစ္ၾကာၿပီးေနာက္ ကမာၻေပၚတြင္သက္တမ္း အရင့္ဆုံး ေဆာက္လုပ္ေရးလုပ္ငန္း က်ရႈံးသြားခဲ့သည္။ အျခားကုမၸဏီတစ္ခုေအာက္သို႔ ေရာက္ရွိသြားခဲ့သည္။

ေအဒီ ၅၇၈ တြင္ Shigemitsu Kongo အမည္ရွိ ကိုရီးယားလူမ်ိဳးတစ္ ဦး သည္ ဂ်ပန္ေတာ္ဝင္မိသားစု၏ ဖိတ္ၾကားမႈျဖင့္ ဂ်ပန္သို႔သြားေရာက္ခဲ့သည္။
ထိုအခ်ိန္က ဂ်ပန္၌ ဗုဒၶဘာသာ ထြန္းကားလာေနခ်ိန္ျဖစ္သည္။ ဗုဒၶဘာသာကို လြန္ခဲ့ေသာဆယ္စုႏွစ္အနည္းငယ္ကမွ စတင္မိတ္ဆက္ခဲ့ေသာ္လည္း ေတာ္ဝင္မိသားစု သိုင္းအဝိုင္းက ဂ်ပန္တစ္လႊားတြင္ဗုဒၶဘာသာကို လက္ခံယုံၾကည္ရန္ တက္ႂကြစြာ အားေပးခဲ့သည္။
ဂ်ပန္လူမ်ိဳးမ်ားသည္ ဗုဒၶဘာသာဘုန္းေတာ္ႀကီးေက်ာင္းမ်ား ေဆာက္လုပ္ျခင္းတြင္ အေတြ႕အႀကဳံမရွိေသာေၾကာင့္ ႏိုင္ငံျခားသို႔ အကူအညီေတာင္းခဲ့သည္။
ထိုလစ္ဟာခ်က္သည္ Kongo ဝင္ေရာက္လုပ္ကိုင္ေသာေနရာျဖစ္သည္။

Shigemitsu Kongo သည္ေက်ာ္ၾကားေသာ ဗိမၼာန္ေတာ္တည္ေဆာက္သူျဖစ္ၿပီး ဂ်ပန္ရွိ ေတာ္ဝင္မိသားစုသည္ ယေန႔တြင္ အိုဆာကာတြင္ ရွိေနဆဲျဖစ္ေသာ Shitenno-ji ဘုရားေက်ာင္းကို ေဆာက္လုပ္ရန္ တာဝန္ေပးခဲ့သည္။

Kongo ဟာ မယုံႏိုင္ေလာက္သည့္ အခြင့္အလမ္းကို ျမင္ခဲ့သည္။ ဗုဒၶဘာသာသည္ အရွိန္အဟုန္ျပင္းစြာ စီးဆင္းလာေနၿပီ။ ဆယ္စုႏွစ္မ်ားစြာ ဘုရားေက်ာင္းမ်ား ေဆာက္လုပ္ျခင္းျဖင့္ အလုပ္မျပတ္ရေနႏိုင္ေၾကာင္း သူသိသည္။
တကယ္လည္း အလြန္ၾကာျမင့္စြာ အလုပ္ရေနခဲ့သည္မွာ ရာစုေပါင္း ၁၄ ခုတိုင္တိုင္ ၾကာျမင့္ၿပီးသည့္တိုင္ အလုပ္မျပတ္ ရေနဆဲျဖစ္သည္။

Shigemitsu Kongo သည္ ေအဒီ ၅၇၈ တြင္ သူ၏ ေဆာက္လုပ္ေရးကုမၸဏီ Kongo Gumi ကို စတင္တည္ေထာင္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံတြင္ ဗုဒၶဘုရားေက်ာင္းမ်ား ေဆာက္လုပ္သည့္ ကိုရီးယားလူမ်ိဳးပိုင္ ေဆာက္လုပ္ေရးလုပ္ငန္းအျဖစ္ ႏွစ္ေပါင္း ၁,၄၂၈ သက္တမ္း ၾကာျမင့္ခဲ့သည္။

ေဆာက္လုပ္ေရးလုပ္ငန္းကို အသာထား၊ မည္သည့္ စီးပြားေရးလုပ္ငန္းမဆို ဤမွ်ႏွစ္ေပါင္း ၁၄၀၀ ေက်ာ္း ၾကာရွည္ႏိုင္ျခင္းသည္ ထူးျခားသည္။

၂၀၀၄ ခုႏွစ္ေႏွာင္းပိုင္း၌ပင္ အေမရိကန္ေဒၚလာသန္း ၆၀ ထက္ေက်ာ္လြန္ေသာကုမၸဏီ၏ ႏွစ္စဥ္၀ င္ေငြ၏ ၈၀% ေက်ာ္ကို ဗိမၼာန္ေတာ္အေဆာက္အအုံ ေဆာက္လုပ္ေရးမွ ရရွိခဲ့သည္။

သို႔ေသာ္ လြန္ခဲ့သည့္ တစ္ဆယ္ႏွစ္ခန႔္က သူတို႔စုေဆာင္းခဲ့ေသာ ေႂကြးၿမီမ်ားေၾကာင့္ ကုမၸဏီသည္ေနာက္ဆုံးတြင္ က်ရႈံးသြားခဲ့သည္။

၎သည္ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားက စတင္ခဲ့သည္။ ဂ်ပန္တြင္ ေခ်းေငြမ်ား ရယူဖို႔ အရမ္းလြယ္ကူေနသည္။ ဘဏ္မ်ားက အထိန္းအကြပ္မရွိ ေငြမ်ား ထုတ္ေခ်းေနရာ ေငြကို လိုခ်င္သေလာက္ ေခ်းလို႔ ရေနေစသည္။
ဘဏ္မ်ားက အတိုးႏႈန္းကို ႏွိမ့္ခ်ထားသည့္အျပင္ ျပန္ဆပ္ရမည့္ သက္တမ္းကို ဆြဲဆန႔္ေပးထားသည္။ ထိုအခါ ဘဏ္ေခ်းေငြျဖင့္ အိမ္ၿခံေျမ ဝယ္ျခမ္းၾကသည္။ ေျမေဈးေတြ ထိုးတက္ကုန္သည္။
၁၉၈၀ ျပည့္လြန္ႏွစ္မ်ားအတြင္း တိုက်ိဳရွိ ဧကရာဇ္နန္းေတာ္၏ ေျမေနရာမ်ားသည္ ကယ္လီဖိုးနီးယားျပည္နယ္တစ္ခုလုံးရွိ အိမ္ၿခံေျမမ်ားအားလုံးထက္ ပိုမိုတန္ေၾကးရွိသည့္အျဖစ္သို႔ ေရာက္သည္အထိ ေျမေဈး ေကာင္းသည္။
အကယ္စင္စစ္ ဆပ္ျပာပူေဖာင္းသဖြယ္ ေဖာင္းတက္ေနျခင္း ျဖစ္သည္။ ဤပူေဖာင္း၏ တစ္စိတ္တစ္ပိုင္းအေနႏွင့္ ဘဏ္မ်ားသည္ သူတို႔၏ေခ်းေငြစံႏႈန္းမ်ားကို ေလွ်ာ့ခ်လိုက္ၿပီ းမည္သူမဆိုကို ေခ်းေငြမ်ာ းထုတ္ေခ်းခဲ့ၾကသည္။

မ်ားစြာေသာ ဂ်ပန္ကုမၸဏီမ်ားသည္ လြယ္လြယ္ရေသာ ဘဏ္ေခ်းေငြမ်ားကို ေခ်းၾကသည္။ လုပ္ငန္းခ်ဲ႕ထြင္ရန္ စိတ္ကူးမ်ား အေကာင္အထည္ ေဖာ္ၾကသည္။ ထိုအထဲတြင္ Kongo Gumi ပါဝင္သည္။ ေခ်းေငြ တနင့္တပိုး ရယူခဲ့သည္။

ေခ်းေငြသည္ လူႀကိဳက္မ်ားေသာ မူးယစ္ေဆးဝါးႏွင့္တူသည္။ လူတိုင္း လိုက္လုပ္ၾကသည္။ သူလည္းေခ်း ကိုယ္လည္းေခ်း ဘဏ္ေခ်းေငြကို လြယ္လြယ္ရ လြယ္လြယ္ေခ်းၾကသည္။

၁၉၈၉ ခုႏွစ္တြင္ ပူေဖာင္းေပါက္ကြဲသည့္အခါ အိမ္ၿခံေျမ ေစ်းႏႈန္းမ်ား က်ဆင္းခဲ့သည္။ ေခ်းေငြ အႀကီးအက်ယ္ ယူထားေသာ ကုမၸဏီမ်ားမွာ လက္ထဲ ရွိသည့္ ပိုင္ဆိုင္မႈတန္ဖိုး တရိပ္ရိပ္က်ဆင္းကုန္ရာ
ဘဏ္ေႂကြးမ်ားသာ က်န္ေတာ့သည္။

Kongo Gumi သည္ စီးပြားေရးမွ လုပ္ငန္ျပဳတ္သြားျခင္း မရွိေခ်။ ဆက္ေမ်ာထားႏိုင္ခဲ့သည္။ သို႔ေသာ္ အားခ်ည့္နဲ႔သြားသည္။ ဘဏ္ေခ်းေငြ အတိုးႏႈန္းမွာ စံခ်ိန္တင္နိမ့္က်ေနေသာ္လည္း ရရွိသည့္ ဝင္ေငြသည္ တိုးရင္းေပါင္း ေပးဆပ္ဖို႔ အႏိုင္ႏိုင္ ျဖစ္လာသည္။ ပိုမိုဆိုး႐ြားလာခဲ့ရာ ကုမၸဏီ၏ ၀ င္ေငြက အေႂကြးေတြ ျပန္ဆပ္ဖို႔မလုံေလာက္ေတာ့ေခ်။
၂၀၀၆ မွာ မလြဲမေရွာင္သာေတာ့သျဖင့္ Kongo Gumi ကို ထုခြဲေရာင္းခ်လိုက္ရေတာ့သည္။
ဤကုမၸဏီသည္ ႏွစ္ေပါင္း ၁၄၀၀ ေက်ာ္ၾကာ တည္တံ့ခဲ့သည္။
ဤကုမၸဏီသည္ မေရမတြက္ႏိုင္ေသာ ႏိုင္ငံေရးအက်ပ္အတည္းမ်ား၊ စစ္ပြဲမ်ားႏွင့္ သဘာဝေဘးဒဏ္မ်ားမွလြတ္ေျမာက္ခဲ့သည္။ သို႔ေသာ္ အိမ္ၿခံေျမကို အရင္းတည္ေသာ ဘဏ္ေခ်းေငြမ်ားထဲ ေႂကြးႏြံနစ္ခဲ့သည္။

Kongo Gumi ကို ဇန္နဝါရီလ ၂၀၀၆ ခုႏွစ္တြင္ ထုခြဲေရာင္းခ်ရာ ေဆာက္လုပ္ေရးလုပ္ငန္းစု Takamatsu Construction Group က ဝယ္ယူလိုက္သည္။

Kongo Gumi သည္ မိသားစုပိုင္ လုပ္ငန္းတစ္ခုအျဖစ္ လုပ္ကိုင္ခဲ့ရာ မ်ိဳးဆက္ ၄၀ တိုင္တိုင္ လက္လႊဲေပးခဲ့ၾကသည္။ သားျဖစ္ေစ၊ သမီးျဖစ္ေစက အေမြဆက္ခံၿပီး လက္လႊဲယူခဲ့သည္။
ထုခြဲေရာင္းခ်ျခင္း မတိုင္ခင္ႏွစ္ျဖစ္ေသာ ၂၀၀၅ ခုႏွစ္တြင္ တစ္ႏွစ္ဝင္ေငြ အေမရိကန္ဒၚလာ သန္း ၇၀ ဝန္းက်င္ ရွိခဲ့သည္။ ဗုဒၶဘုရားေက်ာင္းမ်ားကိုသာ အထူးျပဳ တည္ေဆာက္သည့္ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုအျဖစ္ ရပ္တည္ခဲ့သည္။ ေနာက္ဆုံး အႀကီးအကဲမွာ Masakazu Kongō ျဖစ္သည္။ Kongo Gumi ၏ ၅၀ဦးေျမာက္ အႀကီးအကဲ ျဖစ္သည္။ Takamatsu Construction Group က Kongō Gumi ကို ဝယ္ယူလိုက္ျခင္းသည္ လုပ္ငန္းကို ဝယ္ယူျခင္းထက္ Kongō Gumi အမည္ကို ဝယ္ယူျခင္း ျဖစ္သည္။ Kongō Gumi ကို ဝယ္ယူလိုက္ၿပီးေသာအခါ Kongogumi Engineering Co Ltd ဟု ကုမၸဏီအသစ္တစ္ခု ထူေထာင္လိုက္သည္။ သို႔ျဖစ္ရာ Kongogumi ဟူေသာ အမည္သည္ ဆက္လက္အသက္ရွင္ေနဆဲ ျဖစ္သည္။

Read 11110 times
Rate this item
(1 Vote)