ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ် (၃) တည်ဆောက်နေမှု သုံးနှစ်အတွင်း ပြီးစီးမည်

ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ် (၃) တည်ဆောက်နေမှု သုံးနှစ်အတွင်း ပြီးစီးမည် google

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်ကို ဆက်သွယ်မည့် ပဲခူးမြစ်ကူးသန်လျင်တံတားအမှတ် (၃) တည်ဆောက်နေမှု

 

သုံးနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ 

 

သန်လျင်တံတားအမှတ်(၃)တည် ဆောက်မှုအား ဂျပန်နိုင်ငံအစိုးရ၏ ODA ချေးငွေဖြင့် တည်ဆောက်နေကြောင်း၊ စီမံကိန်းအား Package 1, 2 & 3 အဖြစ်

 

အဆင့်လိုက် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 


သန်လျင်တံတားအမှတ် (၃)ကို ပဲခူးမြစ်ပေါ်ဖြတ်သန်း၍ သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး သန်လျင်တံတားအမှတ် (၁)၏

 

အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 


“ကျွန်တော်တို့က သန်လျင်ဒေသကိုဆက်လက်ပြီးတော့ Smart City အနေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစီအစဉ်တွေရှိပါတယ်။ အခုလက်ရှိ

 

သန်လျင်လမ်းမကြီးနဲ့ ဆက်စပ်နေတဲ့ သန်လျင်တံတားအမှတ် (၃) တည် ဆောက်နေတာရှိပါတယ်။ သုံးနှစ်အတွင်း ပြီးစီးပါမယ်”ဟု ယင်းအရာရှိကပြောသည်။

 

မြေကြီးရွေ့လျားစက် 41ခုကိုရှာဖွေရန်နှိပ်ပါ

 


ဖေဖော်ဝါရီ ၂၁ ရက်ကကျင်းပခဲ့သည့် သန်လျင်- သီလဝါ လေးလမ်းသွားကတ္တရာလမ်းမသစ်ကြီး ဖွင့်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း

 

က”သန်လျင်တံတားအမှတ်(၃) ကလည်း Cable Steel နဲ့ Fly Over တွေ ပါဝင်ပြီးတော့ ပြီးစီးသွားရင် အင်မတန်မှ မြန်မာနိုင်ငံရဲ့ အလှဆုံးတံတားတစ်စင်းဖြစ်လာမှာ ဖြစ်ပါတယ်။

 

သန်လျင်မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် တံတားကြီးဖြစ်လာပြီးတော့ ဒီအပေါ်မှာ မော်တော်ယာဉ်အားလုံး ဖြတ်သန်းသွားလာပေးမှာဖြစ်တဲ့အတွက် ဒါသည် သန်လျင်မြို့အတွက်

 

 

မကြာခင်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ အထောက်အကူပြုလာမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

 

အဆိုပါတံတားအရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာ ရှည်လျားကြောင်း၊ သာကေတဘက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ မီတာ ၃၀၀ ရှိကာ

 

 

သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Fly Over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတဘက်ခြမ်း၌ ၅၄၇ မီတာရှိပြီး လေးလမ်းသွား ပင်မတံတားအကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား

 

Fly Over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း) နှင့်တစ်လမ်းသွား One Ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်

 

 

လမ်း)ဖြစ်ကြောင်း သိရသည်။

Myanmar Builders Guide

 

 <<<<Zawgyi>>>>

 

 

ပဲခူးျမစ္ကူးသန္လ်င္တံတားအမွတ္ (၃) တည္ေဆာက္ေနမႈ သုံးႏွစ္အတြင္း ၿပီးစီးမည္

 


ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕နယ္ႏွင့္ သန္လ်င္ၿမိဳ႕နယ္ကို ဆက္သြယ္မည့္ ပဲခူးျမစ္ကူးသန္လ်င္တံတားအမွတ္ (၃) တည္ေဆာက္ေနမႈ သုံးႏွစ္အတြင္း

 

 

ၿပီးစီးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ အၾကီးတန္းအရာရွိတစ္ဦးကေျပာသည္။

 


သန္လ်င္တံတားအမွတ္(၃)တည္ ေဆာက္မႈအား ဂ်ပန္ႏိုင္ငံအစိုးရ၏ ODA ေခ်းေငြျဖင့္ တည္ေဆာက္ေနေၾကာင္း၊ စီမံကိန္းအား Package 1, 2 & 3 အျဖစ္ အဆင့္လိုက္

 

တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

 


သန္လ်င္တံတားအမွတ္ (၃)ကို ပဲခူးျမစ္ေပၚျဖတ္သန္း၍ သန္လ်င္ၿမိဳ႕နယ္ႏွင့္ သာေကတၿမိဳ႕နယ္တို႔ကို ဆက္သြယ္တည္ေဆာက္မည္ျဖစ္ၿပီး သန္လ်င္တံတားအမွတ္ (၁)၏

 

 

ေအာက္ဘက္ ၁၂၅ မီတာအကြာတြင္ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

 


“ကြၽန္ေတာ္တို႔က သန္လ်င္ေဒသကိုဆက္လက္ၿပီးေတာ့ Smart City အေနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အစီအစဥ္ေတြရွိပါတယ္။ အခုလက္ရွိ သန္လ်င္လမ္းမႀကီးနဲ႔

 

ဆက္စပ္ေနတဲ့ သန္လ်င္တံတားအမွတ္ (၃) တည္ ေဆာက္ေနတာရွိပါတယ္။ သုံးႏွစ္အတြင္း ၿပီးစီးပါမယ္”ဟု ယင္းအရာရွိကေျပာသည္။

 


ေဖေဖာ္ဝါရီ ၂၁ ရက္ကက်င္းပခဲ့သည့္ သန္လ်င္- သီလဝါ ေလးလမ္းသြားကတၱရာလမ္းမသစ္ႀကီး ဖြင့္ပြဲတြင္ ေဆာက္လုပ္ေရးဝန္ၾကီးဌာန ဒုတိယဝန္ၾကီး ဦးေက်ာ္လင္းက

 

”သန္လ်င္တံတားအမွတ္(၃) ကလည္း Cable Steel နဲ႔ Fly Over ေတြ ပါဝင္ၿပီးေတာ့ ၿပီးစီးသြားရင္ အင္မတန္မွ ျမန္မာႏိုင္ငံရဲ႕ အလွဆုံးတံတားတစ္စင္းျဖစ္လာမွာ ျဖစ္ပါတယ္။

 

သန္လ်င္ၿမိဳ႕ရဲ႕ ဂုဏ္က်က္သေရေဆာင္ တံတားႀကီးျဖစ္လာၿပီးေတာ့ ဒီအေပၚမွာ ေမာ္ေတာ္ယာဥ္အားလုံး ျဖတ္သန္းသြားလာေပးမွာျဖစ္တဲ့အတြက္ ဒါသည္ သန္လ်င္ၿမိဳ႕အတြက္

 

 

မၾကာခင္မွာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အေထာက္အကူျပဳလာမွာျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

 

 

အဆိုပါတံတားအရွည္မွာ ၁၉၂၈ မီတာရွိၿပီး ပင္မတံတားအရွည္မွာ ၁၂၂၄ မီတာ ရွည္လ်ားေၾကာင္း၊ သာေကတဘက္ျခမ္း ခ်ဥ္းကပ္တံတားအရွည္မွာ မီတာ ၃၀၀ ရွိကာ

 

သန္လ်င္ဘက္ျခမ္းတြင္ ၄၀၄ မီတာျဖင့္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

Fly Over Bridge ခ်ဥ္းကပ္တံတားအပိုင္းတြင္ သာေကတဘက္ျခမ္း၌ ၅၄၇ မီတာရွိၿပီး ေလးလမ္းသြား ပင္မတံတားအက်ယ္မွာ ၂၄ မီတာ၊ ႏွစ္လမ္းသြား Fly Over Bridge

 

 

အက်ယ္မွာ ၁၂ ဒသမ ၅ မီတာ (ကုန္းေပၚအပိုင္း) ႏွင့္တစ္လမ္းသြား One Ramp Bridge အက်ယ္မွာ ၅ ဒသမ ၅၇ မီတာ (ေကြ႕ဝိုက္၍ တက္မည့္လမ္း)ျဖစ္ေၾကာင္း သိရသည္။

Read 2855 times
Rate this item
(0 votes)