နေပြည်တော်တွင် ဆောက်လုပ်ရေးနည်းပညာသင်တန်းကျောင်းဖွင့်ရန် ဂျပန်နိုင်ငံက ထောက်ပံ့မည်

နေပြည်တော်တွင် ဆောက်လုပ်ရေးနည်းပညာသင်တန်းကျောင်းဖွင့်ရန် ဂျပန်နိုင်ငံက ထောက်ပံ့မည် google

ဆောက်လုပ်ရေးနည်းပညာသင်တန်းကျောင်းကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် ဂျပန်နိုင်ငံ SEC Hokkaido Int'l Economy Asociation တို့ ပူပေါင်းကာ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က " ဒီသင်တန်းကျောင်းက ပြည်တွင်းမှာလိုအပ်နေသော ကျွမ်းကျင်လုပ်သားမွေးထုတ်ဖို့၊ ဂျပန်နိုင်ငံမှာ လိုအပ်နေသော လုပ်သားတွေ စေလွှတ်ဖို့အတွက်ပါ၊ သင်တန်းကပြီးရင် ဂျပန်နိုင်ငံမှာ ၃ နှစ် အလုပ်လုပ်ရမှာပါ '' ဟု ပြောသည်။

 

 

>>>ငွေကျပ်သိန်း ၇၀ အကုန်ကျခံကာ မိတ္ထီလာမြို့နယ်ရှိ နာရီစင်တွင် နာရီအသစ်များ ပြောင်းလဲတပ်ဆင်မည်<<<

 

 

အဆိုပါ သင်တန်းကျောင်းကို ဖွင့်လှစ်ရန်အတွက် MCEF နှင့် SEC Hokkaido Int'l Economy Association မှ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ပထမအပတ်က နေပြည်တော်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

ဥပဒေအကြံပေး လုပ်ငန်းပေါင်း ၁၄၅ ခုကို ရှာရန်နှိပ်ပါ

 

 

သင်တန်းကျောင်း ဖွင့်လှစ်ရာတွင် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်းကို စက်ကိရိယာအထောက်အပံ့များနှင့် သင်တန်းကျောင်းဆောက်လုပ်ခြင်းများအတွက် ကူညီထောက်ပံ့ပေးသွားမည်အပြင် ဂျပန်နိုင်ငံ၏ ဆောက်လုပ်ရေးနည်းပညာများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကျောင်းဖွင့်လှစ်ရန် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများအတွက် အချိန် ၁ နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

---Zawgyi---

 

 

ေနျပည္ေတာ္တြင္ ေဆာက္လုပ္ေရးနည္းပညာသင္တန္းေက်ာင္းဖြင့္ရန္ ဂ်ပန္ႏိုင္ငံက ေထာက္ပံ့မည္

 

 

ေဆာက္လုပ္ေရးနည္းပညာသင္တန္းေက်ာင္းကို ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (MCEF) ႏွင့္ ဂ်ပန္ႏိုင္ငံ SEC Hokkaido Int'l Economy Asociation တို႔ ပူေပါင္းကာ ဂ်ပန္ႏိုင္ငံက အေမရိကန္ေဒၚလာ ၁၀ သန္း ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ (MCEF) ၏ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ဦးမ်ိဳးျမင့္က " ဒီသင္တန္းေက်ာင္းက ျပည္တြင္းမွာလိုအပ္ေနေသာ ကၽြမ္းက်င္လုပ္သားေမြးထုတ္ဖို႔၊ ဂ်ပန္ႏိုင္ငံမွာ လိုအပ္ေနေသာ လုပ္သားေတြ ေစလႊတ္ဖို႔အတြက္ပါ၊ သင္တန္းကၿပီးရင္ ဂ်ပန္ႏိုင္ငံမွာ ၃ ႏွစ္ အလုပ္လုပ္ရမွာပါ '' ဟု ေျပာသည္။

 

 

အဆိုပါ သင္တန္းေက်ာင္းကို ဖြင့္လွစ္ရန္အတြက္ MCEF ႏွင့္ SEC Hokkaido Int'l Economy Association မွ တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီလ ပထမအပတ္က ေနျပည္ေတာ္တြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ အေဆာက္အအံုဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္ ေတြ႕ဆံုေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

 

 

သင္တန္းေက်ာင္း ဖြင့္လွစ္ရာတြင္ ဂ်ပန္ႏို္င္ငံက အေမရိကန္ေဒၚလာ ၁၀ သန္းကို စက္ကိရိယာအေထာက္အပံ့မ်ားႏွင့္ သင္တန္းေက်ာင္းေဆာက္လုပ္ျခင္းမ်ားအတြက္ ကူညီေထာက္ပံ့ေပးသြားမည္အျပင္ ဂ်ပန္ႏိုင္ငံ၏ ေဆာက္လုပ္ေရးနည္းပညာမ်ားကိုလည္း ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး အဆိုပါသင္တန္းေက်ာင္းဖြင့္လွစ္ရန္ အေဆာက္အအံု တည္ေဆာက္ျခင္း လုပ္ငန္းမ်ားအတြက္ အခ်ိန္ ၁ ႏွစ္ခန္႔ ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

 

Read 1608 times
Rate this item
(0 votes)
Tagged under