ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရောင်းချသည့် မြေကွက်များအနက် ၃ ကွက်အား ရောင်းချမှုစာရင်းမှ ပယ်ဖျက်ကြောင်း အသိပေးကြေညာ

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ရောင်းချသည့် မြေကွက်များအနက် ၃ ကွက်အား ရောင်းချမှုစာရင်းမှ ပယ်ဖျက်ကြောင်း အသိပေးကြေညာ google

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံပိုင်ခွင့်ရှိသောမြေများကို ရောင်းချမည်ဖြစ်သောကြောင့် မည်သူမဆို လျှောက်ထားနိုင်ရန် လျှောက်လွှာပုံစံနှင့် မြေကွက်စာရင်းများကို ထုတ်ပြန်ခဲ့သော်လည်း မြေကွက် ၃ ကွက်အား ရောင်းချမှုစာရင်းမှ ပယ်ဖျက်ပါကြောင်း မြေစီမံခန့်ခွဲမှုကော်မတီက အသိပေးကြေညာချက်အရ သိရသည်။

 

အဆိုပါမြေကွက် ၃ ကွက်အား စုပေါင်းတန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရန် လျာထားပြီးဖြစ်သော်ကြောင့် ရောင်းချမှုစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်သည်။

 

 

>>>ပျဉ်းမနား ငလိုက်ချောင်းကူးတံတား တည်ဆောက်နေမှုများ ၅၀ ရာခိုင်နှုန်းပြီးစီး၍ သင်္ကြန်မတိုင်မီ ၂ လမ်းသွား ဖွင့်လှစ်နိုင်ရန် ဆောက်ရွက်လျက်ရှိ<<<

 

 

ပယ်ဖျက်ခြင်းခံရသောမြေကွက်များမှာ ဒဂုံ (ဆိပ်ကမ်း) မြို့နယ် မြေတိုင်းရပ်ကွက် ၈၂ ပန်းဝါလမ်းနှင့်အနီး မြေ ၇ ဒသမ ၀၂၁ ဧက၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ် မြေတိုင်းရပ်ကွက် ၁၅၁ လှော်ကားလမ်း မြေ ၁၀ ဧက၊ ဒဂုံ(ဆိပ်ကမ်း) မြို့နယ် မြေတိုင်းရပ်ကွက် ၈၁ မြေကွက်အမှတ် (၃၂၉) အနီးရှိ မြေ ၂ ဒသမ ၁၅၈ ဧက စသည့် မြေကွက် ၃ ကွက်အား ရောင်းချမှုစာရင်းမှ ပယ်ဖျက်ခဲ့ပါကြောင်း အသိပေးကြေညာခြင်းဖြစ်သည်။

 

 

လုံခြုံရေး လုပ်ငန်းပေါင်း ၈၉ ခုကို ရှာရန်နှိပ်ပါ

 

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံပိုင်ခွင့်ရှိသော ရန်ကုန်တိုင်းအတွင်းရှိ မြေများကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက်သော်လည်းကောင်း ပထမအကြိမ်အဖြစ် မြေကွက် ၅၀၀ ကို ရောင်းချပေးခဲ့ကြောင်းသိရသည်။

 

Image may contain: text

 

မြေကွက်လျှောက်ထားသူ ၁၂,၁၅၈ ဦးရှိသည့်အနက် ဇန်နဝါရီလကုန်တွင် ဝယ်ယူခွင့်ရရှိသူ စာရင်းထုတ်ပြန်ခဲ့ရာ ၆၄၀ ကျော်သာ အချက်အလက်ပြည့်စုံကြောင်း သိရသည်။

 

 

>>>ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်များတွင် လျှောက်လွှာပေါင်း ၁ သောင်းကျော်ရှိသော်လည်း ၆၀၀ မျှသာ အချက်အလက်ပြည့်စုံ<<<

 

 

Myanmar Builders Guide

 

---Zawgyi---

 

 

ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ ေရာင္းခ်သည့္ ေျမကြက္မ်ားအနက္ ၃ ကြက္အား ေရာင္းခ်မႈစာရင္းမွ ပယ္ဖ်က္ေၾကာင္း အသိေပးေၾကညာ

 

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံပိုင္ခြင့္ရွိေသာေျမမ်ားကို ေရာင္းခ်မည္ျဖစ္ေသာေၾကာင့္ မည္သူမဆို ေလွ်ာက္ထားႏိုင္ရန္ ေလွ်ာက္လႊာပံုစံႏွင့္ ေျမကြက္စာရင္းမ်ားကို ထုတ္ျပန္ခဲ့ေသာ္လည္း ေျမကြက္ ၃ ကြက္အား ေရာင္းခ်မႈစာရင္းမွ ပယ္ဖ်က္ပါေၾကာင္း ေျမစီမံခန္႔ခြဲမႈေကာ္မတီက အသိေပးေၾကညာခ်က္အရ သိရသည္။

 

 

အဆိုပါေျမကြက္ ၃ ကြက္အား စုေပါင္းတန္ဖိုးနည္းအိမ္ရာ ေဖာ္ေဆာင္ရန္ လ်ာထားၿပီးျဖစ္ေသာ္ေၾကာင့္ ေရာင္းခ်မႈစာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္သည္။

 

 

ပယ္ဖ်က္ျခင္းခံရေသာေျမကြက္မ်ားမွာ ဒဂံု (ဆိပ္ကမ္း) ၿမိဳ႕နယ္ ေျမတုိင္းရပ္ကြက္ ၈၂ ပန္းဝါလမ္းႏွင့္အနီး ေျမ ၇ ဒသမ ၀၂၁ ဧက၊ ဒဂံု (ဆိပ္ကမ္း) ၿမိဳ႕နယ္ ေျမတိုင္းရပ္ကြက္ ၁၅၁ ေလွာ္ကားလမ္း ေျမ ၁၀ ဧက၊ ဒဂံု(ဆိပ္ကမ္း) ၿမိဳ႕နယ္ ေျမတိုင္းရပ္ကြက္ ၈၁ ေျမကြက္အမွတ္ (၃၂၉) အနီးရွိ ေျမ ၂ ဒသမ ၁၅၈ ဧက စသည့္ ေျမကြက္ ၃ ကြက္အား ေရာင္းခ်မႈစာရင္းမွ ပယ္ဖ်က္ခဲ့ပါေၾကာင္း အသိေပးေၾကညာျခင္းျဖစ္သည္။

 

Image may contain: text

 

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံပိုင္ခြင့္ရွိေသာ ရန္ကုန္တို္င္းအတြင္းရွိ ေျမမ်ားကို စီးပြားေရးလုပ္ငန္းလုပ္ကိုင္ရန္အတြက္ေသာ္လည္းေကာင္း၊ လူေနထိုင္ရန္အတြက္ေသာ္လည္းေကာင္း ပထမအၾကိမ္အျဖစ္ ေျမကြက္ ၅၀၀ ကို ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။

 

 

ေျမကြက္ေလွ်ာက္ထားသူ ၁၂,၁၅၈ ဦးရွိသည့္အနက္ ဇန္နဝါရီလကုန္တြင္ ဝယ္ယူခြင့္ရရွိသူ စာရင္းထုတ္ျပန္ခဲ့ရာ ၆၄၀ ေက်ာ္သာ အခ်က္အလက္ျပည့္စံုေၾကာင္း သိရသည္။

 


>>>ရန္ကုန္တိုင္းအစိုးရက ေရာင္းခ်သည့္ ေျမကြက္မ်ားတြင္ ေလွ်ာက္လႊာေပါင္း ၁ ေသာင္းေက်ာ္ရွိေသာ္လည္း ၆၀၀ မွ်သာ အခ်က္အလက္ျပည့္စံု<<<

 

Read 686 times
Rate this item
(0 votes)
Tagged under