ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်များတွင် လျှောက်လွှာပေါင်း ၁ သောင်းကျော်ရှိသော်လည်း ၆၀၀ မျှသာ အချက်အလက်ပြည့်စုံ

ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့် မြေကွက်များတွင် လျှောက်လွှာပေါင်း ၁ သောင်းကျော်ရှိသော်လည်း ၆၀၀ မျှသာ အချက်အလက်ပြည့်စုံ google

ရန်ကုန်တိုင်းအစိုးရက ပထမအကြိမ်အဖြစ် မြေကွက် ၅၀၀ ကို ရောင်းချပေးခဲ့ရာတွင် မြေကွက်လျှောက်ထားသူ ၁၂,၁၅၈ ဦးရှိသည့်အနက် ဇန်နဝါရီလကုန်တွင် ဝယ်ယူခွင့်ရရှိသူစာရင်း ထုတ်ပြန်ခဲ့ရာ ၆၄၀ ကျော်သာ အချက်အလက်ပြည့်စုံကြောင်း သိရသည်။

 

မြေကွက်ဝယ်ယူခွင့်လျှောက်လွှာများကို လျှောက်လွှာကို ဝယ်ယူသူ၏အမည်နှင့် တင်သွင်းရာတွင် လျှောက်ထားသူ၏အမည်တို့ တူ၊ မတူနှင့် အဆိုပြုဈေးနှုန်း၊ ငွေကြေးအထောက်အထား၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မည်ဆိုပါက လုပ်ငန်းအဆိုပြုချက် ပါ၊မပါ တို့ကို အဓိကစစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။

 

 

>>>အထပ်မြင့် အဆောက်အဦအတွက် မီးသတ်ဦးစီးဌာနရဲ့ ခွင့်ပြုချက်လိုအပ်<<<

 

 

ဝယ်ယူခွင့်ရရှိသော မြေကွက်များကို လျှောက်ထားသူအမည်ဖြင့် ရောင်းချမည်ဖြစ်ပြီး ၃ နှစ်အတွင်း နာမည်ပြောင်းခွင့်မရှိကြောင်း၊ မြေကွက်တစ်ကွက်ပေါ်တွင် အပြိုင်အဆိုင်လျှောက်ထားခြင်းရှိပါက စီမံခန့်ခွဲမှုကော်မတီက လျှောက်ထားသူ၏ အဆိုပြုချက်များကို စိစစ်၍ အချက်အလက်များ အသင့်လျော်ဆုံး လျှောက်ထားသူအား ရွေးချယ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

 

 

သံတံခါး လုပ်ငန်းပေါင်း ၇၈၀ ခုကို ရှာရန်နှိပ်ပါ

 

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရက ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒလ၊ ရွှွေပြည်သာ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တို၊ ကျောက်တန်းမြို့နယ် စုစုပေါင်းမြို့နယ် ၉ ခုတို့တွင် မြေကွက် ၁၀၀ ကျော်ကို ထပ်မံရောင်းချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်တွင် ရန်ကုန်တိုင်းအစိုးရက ကြေညာထားကြောင်း သိရသည်။

 

 

မြေကွက်များကို ဝယ်ယူလိုသူများအနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ နီးစပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၊ မြို့နယ်သာယာရေးအဖွဲ့ရုံးတို့တွင် လျှောက်လွှာများကို မတ်လ ၆ ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္တိုင္းအစိုးရက ေရာင္းခ်သည့္ ေျမကြက္မ်ားတြင္ ေလွ်ာက္လႊာေပါင္း ၁ ေသာင္းေက်ာ္ရွိေသာ္လည္း ၆၀၀ မွ်သာ အခ်က္အလက္ျပည့္စံု

 

 

ရန္ကုန္တိုင္းအစိုးရက ပထမအၾကိမ္အျဖစ္ ေျမကြက္ ၅၀၀ ကို ေရာင္းခ်ေပးခဲ့ရာတြင္ ေျမကြက္ေလွ်ာက္ထားသူ ၁၂,၁၅၈ ဦးရွိသည့္အနက္ ဇန္နဝါရီလကုန္တြင္ ဝယ္ယူခြင့္ရရွိသူစာရင္း ထုတ္ျပန္ခဲ့ရာ ၆၄၀ ေက်ာ္သာ အခ်က္အလက္ျပည့္စံုေၾကာင္း သိရသည္။

 

 

ေျမကြက္ဝယ္ယူခြင့္ေလွ်ာက္လႊာမ်ားကို ေလွ်ာက္လႊာကို ဝယ္ယူသူ၏အမည္ႏွင့္ တင္သြင္းရာတြင္ ေလွ်ာက္ထားသူ၏အမည္တို႔ တူ၊ မတူႏွင့္ အဆိုျပဳေစ်းႏႈန္း၊ ေငြေၾကးအေထာက္အထား၊ စီးပြားေရးလုပ္ငန္း လုပ္ကိုင္မည္ဆိုပါက လုပ္ငန္းအဆိုျပဳခ်က္ ပါ၊မပါ တို႔ကို အဓိကစစ္ေဆးခဲ့ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတြဲဖက္အတြင္းေရးမွဴး ဦးသန္းက ေျပာသည္။

 

 

ဝယ္ယူခြင့္ရရွိေသာ ေျမကြက္မ်ားကို ေလွ်ာက္ထားသူအမည္ျဖင့္ ေရာင္းခ်မည္ျဖစ္ၿပီး ၃ ႏွစ္အတြင္း နာမည္ေျပာင္းခြင့္မရွိေၾကာင္း၊ ေျမကြက္တစ္ကြက္ေပၚတြင္ အၿပိဳင္အဆိုင္ေလွ်ာက္ထားျခင္းရွိပါက စီမံခန္႔ခြဲမႈေကာ္မတီက ေလွ်ာက္ထားသူ၏ အဆိုျပဳခ်က္မ်ားကို စိစစ္၍ အခ်က္အလက္မ်ား အသင့္ေလ်ာ္ဆံုး ေလွ်ာက္ထားသူအား ေရြးခ်ယ္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

 

 

လက္ရွိတြင္ ရန္ကုန္တိုင္းအစိုးရက ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္း၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္း၊ ဒလ၊ ေ႐ႊြျပည္သာ၊ ေျမာက္ဥကၠလာပ၊ လႈိင္သာယာ၊ ဆိပ္ႀကီးခေနာင္တို၊ ေက်ာက္တန္းၿမိဳ႕နယ္ စုစုေပါင္းၿမိဳ႕နယ္ ၉ ခုတို႔တြင္ ေျမကြက္ ၁၀၀ ေက်ာ္ကို ထပ္မံေရာင္းခ်မည္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီလ ၇ ရက္တြင္ ရန္ကုန္တိုင္းအစုိးရက ေၾကညာထားေၾကာင္း သိရသည္။

 

 

ေျမကြက္မ်ားကို ဝယ္ယူလိုသူမ်ားအေနျဖင့္ ရန္ကုန္တိုင္းအတြင္းရွိ နီးစပ္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီရံုး၊ ၿမိဳ႕နယ္သာယာေရးအဖြဲ႕ရံုးတို႔တြင္ ေလွ်ာက္လႊာမ်ားကို မတ္လ ၆ ရက္ ေနာက္ဆံုးထား၍ တင္သြင္းရမည္ျဖစ္သည္။

 

Read 410 times Last modified on Tuesday, 03 March 2020 10:52
Rate this item
(0 votes)
Tagged under