ပဲခူးတိုင်းဒေသကြီးအတွင်း ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော် အကုန်ကျခံကာ သဘာဝဘေးဒဏ်ခံနိုင်ရန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်း ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော် အကုန်ကျခံကာ သဘာဝဘေးဒဏ်ခံနိုင်ရန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ Bago Region Government

ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးဒဏ်ခံနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ခြင်း လုပ်ငန်းများကို ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော်ဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း ပထမ ၄ လကျော်ကာလတွင် သဘာဝဘေးအန္တရာယ်ဒဏ်များ မီးဘေး ၂၀ ကြိမ်၊ လေဘေး ၂၇ ကြိမ်၊ ကမ်းပြိုဘေး ၁ ကြိမ်၊ မိုးကြိုးဘေး ၈ ကြိမ်၊ အခြားဘေး ၁ ကြိမ် စုစုပေါင်း (၅၇) ကြိမ်ဖြစ်ပွားခဲ့ရာ အိမ်ထောင်စုပေါင်း ၃၁၇ စု၊ လူဦးရေ ၁၂၄၃ ဦးအတွက် ငွေကျပ် ၁၈၉ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

 

>>>လယ်ယာမြေ အမည်ပြောင်းရင် လုပ်ဆောင်ရမဲ့ အချက် ၄ ချက်<<<

 

 

ထို့အပြင် ကျောက်တံခါးမြို့နယ်အတွင်း ရှမ်းဒိုးတန်းကျေးရွာ၊ ရဲနွယ်ချောင်းကူးတံတား၊ သူဌေးကုန်း-တောင်ခင်ကျေးရွာချင်းဆက်လမ်း၊ ညောင်လေးပင်မြို့နယ်အတွင်း သောင်ကြီးအုပ်စုနှင့် မဒေါက်မြို့သို့ဆက်သွယ်သည့် လမ်းမကြီးအား ကွန်ကရစ်ခင်းခြင်း၊ ရေတာရှည်မြို့နယ်အတွင်း သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာသစ်တွင် ရွာတွင်းရွာပြင် ကျောက်ရောမြေလမ်းခင်းခြင်း၊ ပဲခူးမြစ်ပန်းတာအား တာပုံစံကျအခိုင်အမာပြုပြင်ခြင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ဘော်ဘင်ချောင်းကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ငွေကျပ်ပေါင်း သိန်း ၇၈၀၀ ကျော်ဖြင့် အကုန်ကျခံ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

 

 

ပန်းဥယျာဉ်နှင့်မြေကြီး အလှအပများ လုပ်ငန်းပေါင်း ၅၈ ခုကို ရှာရန်နှိပ်ပါ

 

 

ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၂/၂၀၂၀) ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါသင်တန်းသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ပြည်သူလူထုသိရှိရမည့် ဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို မျှဝေပေးသည့် သင်တန်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်‌မြောင်းလမ်းရှိ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သင်တန်းသား/ သူ (၅၀) ဦးကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ပဲခူးတိုင္းေဒသႀကီးအတြင္း ေငြက်ပ္ေပါင္း သိန္း ၇၈၀၀ ေက်ာ္ အကုန္က်ခံကာ သဘာဝေဘးဒဏ္ခံႏိုင္ရန္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေပးႏို္င္ခဲ့

 

 

ပဲခူးတိုင္းေဒသႀကီးအတြင္း သဘာဝေဘးဒဏ္ခံႏိုင္ရန္အတြက္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြျဖင့္ တည္ေဆာက္ျခင္း လုပ္ငန္းမ်ားကို ေငြက်ပ္ေပါင္း သိန္း ၇၈၀၀ ေက်ာ္ျဖင့္ အကုန္က်ခံ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

 

 

တိုင္းေဒသႀကီးအတြင္း ပထမ ၄ လေက်ာ္ကာလတြင္ သဘာဝေဘးအႏၱရာယ္ဒဏ္မ်ား မီးေဘး ၂၀ ႀကိမ္၊ ေလေဘး ၂၇ ႀကိမ္၊ ကမ္းၿပိဳေဘး ၁ ႀကိမ္၊ မိုးႀကိဳးေဘး ၈ ႀကိမ္၊ အျခားေဘး ၁ ႀကိမ္ စုစုေပါင္း (၅၇) ႀကိမ္ျဖစ္ပြားခဲ့ရာ အိမ္ေထာင္စုေပါင္း ၃၁၇ စု၊ လူဦးေရ ၁၂၄၃ ဦးအတြက္ ေငြက်ပ္ ၁၈၉ သိန္း ေထာက္ပံ့ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

 

 

ထို႔အျပင္ ေက်ာက္တံခါးၿမိဳ႕နယ္အတြင္း ရွမ္းဒိုးတန္းေက်း႐ြာ၊ ရဲႏြယ္ေခ်ာင္းကူးတံတား၊ သူေဌးကုန္း-ေတာင္ခင္ေက်း႐ြာခ်င္းဆက္လမ္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္အတြင္း ေသာင္ႀကီးအုပ္စုႏွင့္ မေဒါက္ၿမိဳ႕သို႔ဆက္သြယ္သည့္ လမ္းမႀကီးအား ကြန္ကရစ္ခင္းျခင္း၊ ေရတာရွည္ၿမိဳ႕နယ္အတြင္း သိုင္းဝေက်း႐ြာအုပ္စု၊ ကြၽန္းေတာစုေက်း႐ြာသစ္တြင္ ႐ြာတြင္း႐ြာျပင္ ေက်ာက္ေရာေျမလမ္းခင္းျခင္း၊ ပဲခူးျမစ္ပန္းတာအား တာပုံစံက်အခိုင္အမာျပဳျပင္ျခင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္အတြင္း ေဘာ္ဘင္ေခ်ာင္းကူးတံတား တည္ေဆာက္ျခင္း လုပ္ငန္းမ်ားကို ေငြက်ပ္ေပါင္း သိန္း ၇၈၀၀ ေက်ာ္ျဖင့္ အကုန္က်ခံ ေဆာင္႐ြက္ေပးခဲ့ျခင္း ျဖစ္သည္။

 

 

ပဲခူးတိုင္းေဒသႀကီး ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာနမွ ဦးေဆာင္၍ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ အေျခခံသင္တန္း (BDMC) အမွတ္စဥ္ (၂/၂၀၂၀) ကို ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။

 

 

အဆိုပါသင္တန္းသည္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈမ်ား၊ ျပည္သူလူထုသိရွိရမည့္ ေဘးအႏၲရာယ္ဆိုင္ရာ အေၾကာင္းအရာမ်ားကို မွ်ေဝေပးသည့္ သင္တန္းျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁၇ ရက္မွ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔အထိ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္၊ ဆည္‌ေျမာင္းလမ္းရွိ ပဲခူးခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေဝးခန္းမတြင္ သင္တန္းသား/ သူ (၅၀) ဦးကို သင္ၾကားပို႔ခ်သြားမည္ျဖစ္သည္။

 

Read 310 times
Rate this item
(0 votes)
Tagged under