ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်နေ Yangon Region Government

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းထားကြောင်းနှင့် ဖြစ်မြောက်အောင် စီမံဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ခတ္ထိယ-တွံတေး 33/11 KV.(5) MVA ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် ခတ္ထိယ-တွံတေး 33/11 KV.(5) MVA ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၉ နာရီတွင် တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာရှိ အဆိုပါ ဓာတ်အားခွဲရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် '' မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တစ်ဝှမ်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချဖို့၊ တိုးတက်ဖို့ လျှပ်စစ်ဓာတ်အား တည်ငြိမ်အေးချမ်းစွာရရှိဖို့ အဓိထားပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊

 

 

မြေဧရိယာ ၁၈၃ ဧကပေါ်တွင် BDS Smart City Project အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မိမိတို့မျှော်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးတော့ ဓာတ်အားဖြန့်ဖြူးနိုင်အောင် တိုးမြှင့်ဆောင်ရွက်ပေးလျှက်ရှိကြောင်း '' ပြောကြားသည်။

 

 

ဆက်လက်ပြီး '' မြန်မာပြည်တစ်ဝှမ်း ဝေးကွာသည့် ဒေသများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် စီမံဆောင်ရွက်လျှက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်း ကျေးရွာပေါင်း ၁၀၃၁ ရွာရှိသည့်အနက်က ၂၀၁၈ခုနှစ်မှာ ၄၇၅ ရွာသာ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊

 

 

၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်မှာဆိုလျှင် တောင်ပိုင်းခရိုင်အတွင်းမှာ ၁၂၃ ရွာကို ထပ်မံ ဓာတ်အားပေးဆောင်ရွက်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ၅၉၈ ရွာ ဓာတ်အားရရှိပြီး ဓာတ်အားရရှိမှုအနေဖြင့် ၅၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊

 

 

အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား လုပ်ငန်းပေါင်း ၉၀၅ ခုကို ရှာရန်နှိပ်ပါ

 

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျန်သည့်ရွာများ လျှပ်စစ်ဓာတ်အား ရရှိအောင်ဆောင်ရွက်ပေးရန် စီစဉ်ထားသည့်အတွက် ၂၀၂၀ ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျေးလက်နေပြည်သူများအားလုံး တစ်ရာရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်းထားကြောင်း၊ ဖြစ်မြောက်အောင် စီမံဆောင်ရွက်လျှက်ရှိကြောင်း '' ဝန်ကြီးက ပြောကြားခဲ့သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေက်းလက္ေနျပည္သူမ်ား ၁၀၀ ရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အားရရွိရန္ စီမံေဆာင္ရြက္ေန

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေက်းလက္ေနျပည္သူမ်ားအားလံုး ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလကုန္တြင္ ၁၀၀ ရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အား ရရွိေအာင္ ရည္မွန္းထားေၾကာင္းႏွင့္ ျဖစ္ေျမာက္ေအာင္ စီမံေဆာင္ရြက္လွ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က ခတၳိယ-တြံေတး 33/11 KV.(5) MVA ဓာတ္အားခြဲ႐ုံ ဖြင့္ပြဲ အခမ္းအနားတြင္ ေျပာၾကားခဲ့သည္။

 

 

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပး ေကာ္ပိုေရးရွင္း ႏိုင္ငံေတာ္ လွ်ပ္စစ္ဓာတ္အားစနစ္မွ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ တစ္ႏိုင္ငံလုံး၏ ၅၀ ရာခိုင္ႏႈန္းျပည့္ေျမာက္သည့္ အထိမ္းအမွတ္ႏွင့္ ခတၳိယ-တြံေတး 33/11 KV.(5) MVA ဓာတ္အားခြဲ႐ုံ ဖြင့္ပြဲ အခမ္းအနားကို ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၉ ရက္ နံနက္ ၉ နာရီတြင္ တြံေတးၿမိဳ႕နယ္၊ ခတၳိယေက်း႐ြာရွိ အဆိုပါ ဓာတ္အားခြဲရံုတြင္ က်င္းပျပဳလုပ္ခဲ့သည္။

 

 

ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က အမွာစကားေျပာၾကားရာတြင္ '' မိမိတို႔အစိုးရအေနျဖင့္ ႏိုင္ငံေတာ္တစ္ဝွမ္းမွာ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ လမ္းပန္းဆက္သြယ္ေရး လုံၿခဳံစိတ္ခ်ဖို႔၊ တိုးတက္ဖို႔ လွ်ပ္စစ္ဓာတ္အား တည္ၿငိမ္ေအးခ်မ္းစြာရရွိဖို႔ အဓိထားၿပီး ေဆာင္႐ြက္ေပးလွ်က္ရွိေၾကာင္း၊

 

 

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန အေနျဖင့္ မိမိတို႔ေမွ်ာ္မွန္းခ်က္ျဖစ္သည့္ ျပည္သူမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းမ်ား လွ်ပ္စစ္ဓာတ္အား ျပည့္ဝစြာသုံးစြဲႏိုင္ေရးအတြက္ ဓာတ္အားေပးစက္႐ုံမ်ား၊ ဓာတ္အားလိုင္းမ်ား ၊ ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္ၿပီးေတာ့ ဓာတ္အားျဖန႔္ျဖဴးႏိုင္ေအာင္ တိုးျမႇင့္ေဆာင္႐ြက္ေပးလွ်က္ရွိေၾကာင္း '' ေျပာၾကားသည္။

 

 

ဆက္လက္ၿပီး '' ျမန္မာျပည္တစ္ဝွမ္း ေဝးကြာသည့္ ေဒသမ်ား လွ်ပ္စစ္ဓာတ္အား ရရွိသုံးစြဲႏိုင္ေရးအတြက္ စီမံေဆာင္႐ြက္လွ်က္ရွိေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ေတာင္ပိုင္းခ႐ိုင္အတြင္း ေက်း႐ြာေပါင္း ၁၀၃၁ ႐ြာရွိသည့္အနက္က ၂၀၁၈ခုႏွစ္မွာ ၄၇၅ ႐ြာသာ လွ်ပ္စစ္ဓာတ္အား ရရွိခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၄၆ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊

 

 

၂၀၁၈-၂၀၁၉ ခုႏွစ္ ဘ႑ာႏွစ္မွာဆိုလွ်င္ ေတာင္ပိုင္းခ႐ိုင္အတြင္းမွာ ၁၂၃ ႐ြာကို ထပ္မံ ဓာတ္အားေပးေဆာင္႐ြက္ႏိုင္ခဲ့သည့္အတြက္ စုစုေပါင္း ၅၉၈ ႐ြာ ဓာတ္အားရရွိၿပီး ဓာတ္အားရရွိမႈအေနျဖင့္ ၅၈ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊

 

 

၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ က်န္သည့္႐ြာမ်ား လွ်ပ္စစ္ဓာတ္အား ရရွိေအာင္ေဆာင္႐ြက္ေပးရန္ စီစဥ္ထားသည့္အတြက္ ၂၀၂၀ ဒီဇင္ဘာလတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိသည့္ ေက်းလက္ေနျပည္သူမ်ားအားလုံး တစ္ရာရာခိုင္ႏႈန္း လွ်ပ္စစ္ဓာတ္အား ရရွိေအာင္ ရည္မွန္းထားေၾကာင္း၊ ျဖစ္ေျမာက္ေအာင္ စီမံေဆာင္႐ြက္လွ်က္ရွိေၾကာင္း '' ဝန္ႀကီးက ေျပာၾကားခဲ့သည္။

 

Read 340 times
Rate this item
(0 votes)
Tagged under