ဂါလန် ၂၄၀၀ ဆံ စင်မြင့်ရေစင်တည်ဆောက်မှု ပြီးစီးပါက အိမ်ခြေ ၃၀၀ ကျော် သောက်သုံးရေ ရရှိနိုင်မည်

ဂါလန် ၂၄၀၀ ဆံ စင်မြင့်ရေစင်တည်ဆောက်မှု ပြီးစီးပါက အိမ်ခြေ ၃၀၀ ကျော် သောက်သုံးရေ ရရှိနိုင်မည် google

မကွေးတိုင်းဒေသကြီးသည် အခြားတိုင်းဒေသများနှင့် ယှဉ်လျှင် မိုးရေချိန်နည်းပါးလွန်းသဖြင့် ရေလိုအပ်မှု မြင့်မားလျက်ရှိခြင်းကြောင့် ကျေးလက်ရွာများတွင် သောက်သုံးရေ ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။

 

မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက် သောက်သုံးရေရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ရေရှိရေး လုပ်ငန်းပေါင်း ၁၆၂ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

 

မကွေးခရိုင် နတ်မောက်မြို့နယ်တွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခွင့်ပြု ရန်ပုံငွေကျပ် ၇ ဒသမ ၃ သန်းဖြင့် ဂါလန် ၂၄၀၀ ဆံ့သော စင်မြင့်ရေ တည်ဆောက်ခြင်း လုပ်ငန်းများ တည်ဆောက်လျက်ရှိသည်။

 

 

ထိုစင်မြင့်ရေ ဆောက်လုပ်မှုပြီးစီးပါက ယင်းကျေးရွာတွင်ရှိသည့် အိမ်ခြေ ၃၈၆ အိမ်၊ လူပေါင်း ၂၀၃၃ ဦးတို့ သောက်သုံးရေ ရရှိနိုင်မည် ဖြစ်သည်။

 

 

ထို့အပြင် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

 

 

ချောက်မြို့နယ်တွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ငွေကျပ်သန်းပေါင်း ၂၄၅ သန်းကျော် သုံးစွဲကာ သောက်သုံးရေရှားပါးသည့် ကျေးရွာ ၈ ရွာကို မြေအောက်ရေ စက်ရေတွင်းတူးဖော်ခြင်း၊ ကျေးရွာ ၆ ရွာကို ဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ကျေးရွာအချို့တွင်ရေသွယ်တန်း ပေးနိုင်အောင် ရေအုတ်ကန် တည်ဆောက်ခြင်းများ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

ကတ္တရာ လုပ်ငန်းပေါင်း ၁၄ ခုကို ရှာရန်နှိပ်ပါ

 

 

---Zawgyi---

 

 

ဂါလန္ ၂၄၀၀ ဆံ စင္ျမင့္ေရစင္တည္ေဆာက္မႈ ၿပီးစီးပါက အိမ္ေျခ ၃၀၀ ေက်ာ္ ေသာက္သံုးေရ ရရွိႏုိင္မည္

 

 

မေကြးတိုင္းေဒသႀကီးသည္ အျခားတိုင္းေဒသမ်ားႏွင့္ ယွဥ္လွ်င္ မိုးေရခ်ိန္နည္းပါးလြန္းသျဖင့္ ေရလိုအပ္မႈ ျမင့္မားလ်က္ရွိျခင္းေၾကာင့္ ေက်းလက္ရြာမ်ားတြင္ ေသာက္သံုးေရ ရရွိေအာင္ ေဆာင္ရြက္လ်က္ရွိသည္။

 

 

မေကြးတိုင္း ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနအေနျဖင့္ ေက်းလက္ ေသာက္သံုးေရရရွိေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ေက်းလက္ေဒသ ေရရွိေရး လုပ္ငန္းေပါင္း ၁၆၂ ခုကို ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

 

 

မေကြးခရိုင္ နတ္ေမာက္ၿမိဳ႕နယ္တြင္ ေက်းလက္ဖြံ႕ျဖိဳးတိုးတက္ေရးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခြင့္ျပဳ ရန္ပံုေငြက်ပ္ ၇ ဒသမ ၃ သန္းျဖင့္ ဂါလန္ ၂၄၀၀ ဆံ့ေသာ စင္ျမင့္ေရ တည္ေဆာက္ျခင္း လုပ္ငန္းမ်ား တည္ေဆာက္လ်က္ရွိသည္။

 

 

ထိုစင္ျမင့္ေရ ေဆာက္လုပ္မႈၿပီးစီးပါက ယင္းေက်းရြာတြင္ရွိသည့္ အိမ္ေျခ ၃၈၆ အိမ္၊ လူေပါင္း ၂၀၃၃ ဦးတို႔ ေသာက္သံုးေရ ရရွိႏိုင္မည္ ျဖစ္သည္။

 

 

ထို႔အျပင္ အိမ္တုိင္ရာေရာက္ ေရပိုက္လိုင္းသြယ္တန္းျခင္း လုပ္ငန္းမ်ားကိုလည္း ေဆာင္ရြက္ေပးႏိုင္မည္ျဖစ္သည္။

 

 

ေခ်ာက္ၿမိဳ႕နယ္တြင္၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္အတြင္း ေငြက်ပ္သန္းေပါင္း ၂၄၅ သန္းေက်ာ္ သုံးစြဲကာ ေသာက္သုံးေရရွားပါးသည့္ ေက်း႐ြာ ၈ ႐ြာကို ေျမေအာက္ေရ စက္ေရတြင္းတူးေဖာ္ျခင္း၊ ေက်း႐ြာ ၆ ႐ြာကို ဂါလန္ ၂၄၀၀ ဆံ့ ေရစင္တည္ေဆာက္ျခင္း၊ ေက်း႐ြာအခ်ိဳ႕တြင္ေရသြယ္တန္း ေပးႏိုင္ေအာင္ ေရအုတ္ကန္ တည္ေဆာက္ျခင္းမ်ား လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

 

 

ကတၱရာ လုပ္ငန္းေပါင္း ၁၄ ခုကို ရွာရန္ႏွိပ္ပါ

 

Read 302 times Last modified on Friday, 07 February 2020 14:24
Rate this item
(0 votes)
Tagged under