ပုဂံရှေးဟောင်းစေတီများကို အိန္ဒိယနိုင်ငံကရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းသွားမည်

ပုဂံရှေးဟောင်းစေတီများကို အိန္ဒိယနိုင်ငံကရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းသွားမည် google

ပုဂံဒေသရှိ ရှေးဟောင်းစေတီ ၉၂ ဆူကို အိန္ဒိယနိုင်ငံက ရူပီး ၄၅ ကုဋေ အကုန်ကျခံကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှ သိရသည်။

 

ပုဂံဒေသရှိဘုရားများအား အိန္ဒိယနိုင်ငံက ၅ နှစ်ကြာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားမှုများ ပြုပြင်ပေးခဲ့ရာ ရှေးဟောင်းစေတီ ၉၂ ဆူကို ဆက်လက်ပြုပြင်ထိန်းသိမ်းသွားရန် စေတီများကို ရွေးချယ်ထားပြီးကြောင်း သိရသည်။

 

 

ရှေးဟောင်းစေတီ ၉၂ ဆူထဲမှ ဘုရားစေတီ ၃၆ ဆူကို အဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ရှေးဟောင်းစေတီ ၅၆ ဆူတို့ကို ဓာတုနည်းစနစ်များဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားမည်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ရန် ၁၀ နှစ်လျာထားကြောင်း သိရသည်။

 

 

ပုဂံဒေသတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူပေါင်းကာ ယဉ်ကျေးမှုအမွေအနှစ်များ စီမံခန့်ခွဲမှုနှင့် ထိန်းသိမ်းရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန် ဆောင်ရွက်လျက်ရှိသည်။

 

 

ပုဂံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးပေါင်း ၄၀၀ နီးပါးကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီ စသည့် နိုင်ငံများက ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ကူညီထိန်းသိမ်း စောင့်ရှောက်ပေးသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံအထိရှိနေပြီး အဖွဲ့အစည်းပေါင်း ၄ဝ ကျော်အထိ ရှိကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

သံထည်လုပ်ငန်းပေါင်း ၁၅၁ ခုကို ရှာရန်နှိပ်ပါ

 

 

---Zawgyi---

 

 

 ပုဂံေရွးေဟာင္းေစတီမ်ားကို အိႏိၵယႏိုင္ငံက ရူပီး ၄၅ ကုေဋ အကုန္က်ခံကာ ျပဳျပင္ထိန္းသိမ္းသြားမည္

 

 

ပုဂံေဒသရွိ ေရွးေဟာင္းေစတီ ၉၂ ဆူကို အိႏၵိယႏိုင္ငံက ရူပီး ၄၅ ကုေဋ အကုန္က်ခံကာ ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ား လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာမွ သိရသည္။

 

 

ပုဂံေဒသရွိဘုရားမ်ားအား အိႏၵိယႏိုင္ငံက ၅ ႏွစ္ၾကာ ျပဳျပင္ထိန္းသိမ္းမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားမႈမ်ား ျပဳျပင္ေပးခဲ့ရာ ေရွးေဟာင္းေစတီ ၉၂ ဆူကို ဆက္လက္ျပဳျပင္ထိန္းသိမ္းသြားရန္ ေစတီမ်ားကို ေရြးခ်ယ္ထားၿပီးေၾကာင္း သိရသည္။

 

 

ေရွးေဟာင္းေစတီ ၉၂ ဆူထဲမွ ဘုရားေစတီ ၃၆ ဆူကို အေဆာက္အအံုျပဳျပင္ထိန္းသိမ္းျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ျခင္းႏွင့္ ေရွးေဟာင္းေစတီ ၅၆ ဆူတို႔ကို ဓာတုနည္းစနစ္မ်ားျဖင့္ ျပဳျပင္ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ထားမည္ျဖစ္သည္။ ျပဳျပင္ထိန္းသိမ္းေရးစီမံကိန္းလုပ္ငန္းမ်ားကုိ ေဆာင္ရြက္ရန္ ၁၀ ႏွစ္လ်ာထားေၾကာင္း သိရသည္။

 

 

ပုဂံေဒသတြင္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံ ပူေပါင္းကာ ယဥ္ေက်းမႈအေမြအႏွစ္မ်ား စီမံခန္႔ခြဲမႈႏွင့္ ထိန္းသိမ္းေရးဆိုင္ရာသင္တန္းမ်ားကို ဖြင့္လွစ္သင္ၾကားေပးရန္ ေဆာင္ရြက္လ်က္ရွိသည္။

 

 

ပုဂံတြင္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေစတီပုထိုးေပါင္း ၄၀၀ နီးပါးကို အိႏၵိယ၊ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား၊ အီတလီ၊ ဂ်ာမနီ စသည့္ ႏိုင္ငံမ်ားက ျပဳျပင္ ထိန္းသိမ္းမႈ လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးခဲ့ၿပီး လက္ရွိတြင္ ကူညီထိန္းသိမ္း ေစာင့္ေရွာက္ေပးသည့္ ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံအထိရွိေနၿပီး အဖြဲ႕အစည္းေပါင္း ၄ဝ ေက်ာ္အထိ ရွိေၾကာင္း သိရသည္။

 

 


သံထည္လုပ္ငန္းေပါင္း ၁၅၁ ခုကို ရွာရန္ႏွိပ္ပါ

Read 1484 times Last modified on Thursday, 06 February 2020 11:21
Rate this item
(0 votes)
Tagged under