ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းဆောက်လုပ်ရန် မြေနေရာများ စတင်ဆောင်ရွက်နေ

ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်းဆောက်လုပ်ရန် မြေနေရာများ စတင်ဆောင်ရွက်နေ googlein

စက်မှုလက်မှုအထက်တန်းကျောင်းကို ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်အနီး သပြေကုန်းကျေးရွာ၊ ထန်းပင်လမ်းထောင့်ရှိ မြေဧက ၂၀ တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ဒလမြို့နယ် စက်မှုလက်မှုအထက်တန်းကျောင်းကို ထိုမြေပေါ်တွင်၂၀၁၉-၂၀၂၀ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ငွေဖြင့် စတင်တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

 

'' ဘတ်ဂျက်ကတော့ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်နဲ့ပါ။ စည်ပင်ဘတ်ဂျက်မဟုတ်ပါဘူး။ အစ်မတို့ ဒီစီမံကိန်းကျဖို့အတွက် ၂၀၁၅ ခုနှစ် ပထမစည်ပင်တာဝန်ရွေးကောက်ပွဲကတည်းက အစ်မတို့တင်ထားခဲ့တာလို့ '' ဒလမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က ဆိုပါတယ်။

 

 

ဒလမြို့နယ် စက်မှုလက်မှုအထက်တန်းကျောင်း စီမံကိန်းတွင် ကျောင်းအပြင် အဆောင်တွေ အိမ်ဆောင်တွေလည်း ပါဝင်မည်ဖြစ်ကြာင်း သိရသည်။

 

 

ဒလမြို့နယ် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်-ဒလ (မြန်မာ-ကိုရီးယား ချစ်ကြည်ရေး) တံတားနှင့်အတူ စက်မှုလက်မှုအထက်တန်းကျောင်းလည်း ဖြစ်လာတော့မည်အပြင် နောက်ထပ်စီမံကိန်းအနေဖြင့် ဒလမြို့နယ်ဆိပ်ကမ်းတည်ဆောက်မှုအပိုင်းကိုလည်း တည်ဆောက်မှာဖြစ်ခြင်းကြောင့် စက်မှုလက်မှု အထက်တန်းကျောင်းဆင်းများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း အချိတ်အဆက်မိကာ ဆက်လက်လုပ်ဆောင်နိုင်မည့် စီမံကိန်းများလည်း ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

စက်လုပ်ရေးသုံးပစ္စည်းများ လုပ်ငန်းပေါင်း ၂၄၄ ခုကို ရှာရန်နှိပ်ပါ

 

 

---Zawgyi---

 

 

ဒလၿမိဳ႕နယ္တြင္ စက္မႈလက္မႈ အထက္တန္းေက်ာင္းေဆာက္လုပ္ရန္ ေျမေနရာမ်ား စတင္ေဆာင္ရြက္ေန

 

 

စက္မႈလက္မႈအထက္တန္းေက်ာင္းကို ဒလၿမိဳ႕နယ္၊ ရာဇသၾကၤန္ရပ္ကြက္အနီး သေျပကုန္းေက်းရြာ၊ ထန္းပင္လမ္းေထာင့္ရွိ ေျမဧက ၂၀ တြင္ စတင္ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

 

 

ဒလၿမိဳ႕နယ္ စက္မႈလက္မႈအထက္တန္းေက်ာင္းကို ထိုေျမေပၚတြင္၂၀၁၉-၂၀၂၀ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ ဘတ္ဂ်က္ေငြျဖင့္ စတင္တည္ေဆာက္မည္ ျဖစ္္ေၾကာင္း သိရသည္။

 

 

'' ဘတ္ဂ်က္ကေတာ့ တိုင္းေဒသႀကီးအစိုးရဘတ္ဂ်က္နဲ႔ပါ။ စည္ပင္ဘတ္ဂ်က္မဟုတ္ပါဘူး။ အစ္မတို႔ ဒီစီမံကိန္းက်ဖို႔အတြက္ ၂၀၁၅ ခုႏွစ္ ပထမစည္ပင္တာဝန္ေရြးေကာက္ပြဲကတည္းက အစ္မတို႔တင္ထားခဲ့တာလို႔ '' ဒလၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ေဒၚျမင့္ျမင့္ၾကည္က ဆိုပါတယ္။

 

 

ဒလၿမိဳ႕နယ္ စက္မႈလက္မႈအထက္တန္းေက်ာင္း စီမံကိန္းတြင္ ေက်ာင္းအျပင္ အေဆာင္ေတြ အိမ္ေဆာင္ေတြလည္း ပါဝင္မည္ျဖစ္ၾကာင္း သိရသည္။

 

 

ဒလၿမိဳ႕နယ္ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ရန္ကုန္-ဒလ (ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး) တံတားႏွင့္အတူ စက္မႈလက္မႈအထက္တန္းေက်ာင္းလည္း ျဖစ္လာေတာ့မည္အျပင္ ေနာက္ထပ္စီမံကိန္းအေနျဖင့္ ဒလၿမိဳ႕နယ္ဆိပ္ကမ္းတည္ေဆာက္မႈအပိုင္းကိုလည္း တည္ေဆာက္မွာျဖစ္ျခင္းေၾကာင့္ စက္မႈလက္မႈ အထက္တန္းေက်ာင္းဆင္းမ်ားအေနျဖင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ားလည္း အခ်ိတ္အဆက္မိကာ ဆက္လက္လုပ္ေဆာင္ႏိုင္မည့္ စီမံကိန္းမ်ားလည္း ျဖစ္ေၾကာင္း သိရသည္။

 

Read 1435 times
Rate this item
(0 votes)
Tagged under