နှစ်နိုင်ငံစီးပွားရေးမြှင့်တင်ရန် ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်

နှစ်နိုင်ငံစီးပွားရေးမြှင့်တင်ရန် ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည် google

ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် ၂၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် စွမ်းအင်လုပ်ငန်း၊ ရေနှင့် အမှိုက်သန့်စင်ခြင်းလုပ်ငန်း၊ ရထားလမ်း ပို့ဆောင်ရေးလုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်း၊ ဘဏ်နှင့် ချေးငွေဝန်ဆောင်မှုလုပ်ငန်း၊ ဓါတ်ငွေ့ လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေကြောင်းနှင့် ကုန်တွင်းပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

 

ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy က '' ပြင်သစ်လုပ်ငန်းရှင်များသည် အနာဂတ်တွင် နှစ်နိုင်ငံစီးပွားရေးမြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် မြန်မာမှစီးပွားရေးမိတ်ဖက်များကို ရှာဖွေရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးအခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များအတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း '' ပြောကြားသည်။

 

 

ယခုလာရောက်သော ပြင်သစ်လုပ်ငန်းရှင်များသည် သီလဝါအထူးစီးပွားရေးဇုန်သို့လည်း ရင်းနှီးမြှုပ်နှံမှုများအတွက် သွားရောက်လေ့လာရန်ရှိကြောင်း သိရှိရသည်။

 

 

'' ယခုအချိန်တွင် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်မည့် ကြီးမားသော အခွင့်အလမ်းသစ်များရှိသည့် အချိန်အခါဖြစ်ကြောင်း '' ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

 

 

ဆက်လက်၍ '' ပြင်သစ်နိုင်ငံသည် စက်မှုကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့တွင် အလွန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် ပြင်သစ်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်၍ နှစ်နိုင်ငံ အပြန်အလှန်အကျိုးခံစားခွင့်များဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း '' စီးပွားရေးတွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားသည်။

 

 

ပြင်သစ်နိုင်ငံအခြေစိုက် French – Myanmar Business Council နှင့် ASEAN Committee of MEDEF International ၏ ဥက္ကဋ္ဌ Mr. Francois CORBIN နှင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E. Mr. Christian Lechervy တို့ ဦးဆောင်မှုဖြင့် ပြင်သစ်-မြန်မာ လုပ်ငန်းရှင်အချင်းချင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

စီးပွားရေးတွေ့ဆုံပွဲတွင် အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးမှ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် လက်ရှိစီးပွားရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံလုပ်ငန်းရှင်အချင်းချင်း စီးပွားရေးလုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

ဘိလပ္ေျမလုပ္ငန္းေပါင္း ၅၄၁ ခုကို ရွာရန္ႏွိပ္ပါ

 

 

---Zawgyi---

 

 

ႏွစ္ႏိုင္ငံစီးပြားေရးျမွင့္တင္ရန္ ျပင္သစ္စီးပြားေရး လုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္မည္

 

 

ျပင္သစ္စီးပြားေရးလုပ္ငန္းရွင္ ၂၀ ဦးပါဝင္သည့္ ကိုယ္စားလွယ္အဖြဲ႕တြင္ စြမ္းအင္လုပ္ငန္း၊ ေရႏွင့္ အမႈိက္သန႔္စင္ျခင္းလုပ္ငန္း၊ ရထားလမ္း ပို႔ေဆာင္ေရးလုပ္ငန္း၊ အေျခခံအေဆာက္အအုံလုပ္ငန္း၊ ဘဏ္ႏွင့္ ေခ်းေငြဝန္ေဆာင္မႈလုပ္ငန္း၊ ဓါတ္ေငြ႕ လုပ္ငန္း၊ စားေသာက္ကုန္လုပ္ငန္း၊ ေရေၾကာင္းႏွင့္ ကုန္တြင္းပို႔ေဆာင္ေရးလုပ္ငန္း၊ ကုန္သြယ္ေရးလုပ္ငန္းမ်ား ပါဝင္ေၾကာင္း သိရသည္။

 

 

ျပင္သစ္သံအမတ္ႀကီး H.E. Mr. Christian Lechervy က '' ျပင္သစ္လုပ္ငန္းရွင္မ်ားသည္ အနာဂတ္တြင္ ႏွစ္ႏိုင္ငံစီးပြားေရးျမႇင့္တင္ရန္အတြက္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ ျမန္မာမွစီးပြားေရးမိတ္ဖက္မ်ားကို ရွာေဖြရန္ လာေရာက္ျခင္းျဖစ္ေၾကာင္းႏွင့္ စီးပြားေရးအခြင့္အလမ္းသစ္မ်ားႏွင့္ စိန္ေခၚမႈအသစ္မ်ားအတြက္ အတူတကြပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း '' ေျပာၾကားသည္။

 

 

ယခုလာေရာက္ေသာ ျပင္သစ္လုပ္ငန္းရွင္မ်ားသည္ သီလဝါအထူးစီးပြားေရးဇုန္သို႔လည္း ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ သြားေရာက္ေလ့လာရန္ရွိေၾကာင္း သိရွိရသည္။

 

 

'' ယခုအခ်ိန္တြင္ ျမန္မာႏိုင္ငံသည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ျမႇင့္တင္ႏိုင္မည့္ ႀကီးမားေသာ အခြင့္အလမ္းသစ္မ်ားရွိသည့္ အခ်ိန္အခါျဖစ္ေၾကာင္း '' ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။

 

 

ဆက္လက္္၍ '' ျပင္သစ္ႏိုင္ငံသည္ စက္မႈက႑၊ သိပၸံႏွင့္နည္းပညာက႑ႏွင့္ စီးပြားေရးက႑တို႔တြင္ အလြန္ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိသျဖင့္ ျပင္သစ္လုပ္ငန္းရွင္မ်ားအား ျမန္မာႏိုင္ငံ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပိုမိုႀကီးမားေသာ အခန္းက႑မွပါဝင္၍ ႏွစ္ႏို္င္ငံ အျပန္အလွန္အက်ိဳးခံစားခြင့္မ်ားျဖင့္ ပူးေပါင္းေဆာင္႐ြက္ေစလိုေၾကာင္း '' စီးပြားေရးေတြ႕ဆုံပြဲတြင္ ထည့္သြင္းေျပာၾကားသည္။

 

 

ျပင္သစ္ႏိုင္ငံအေျခစိုက္ French – Myanmar Business Council ႏွင့္ ASEAN Committee of MEDEF International ၏ ဥကၠ႒ Mr. Francois CORBIN ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ျပင္သစ္သံအမတ္ႀကီး H.E. Mr. Christian Lechervy တို႔ ဦးေဆာင္မႈျဖင့္ ျပင္သစ္-ျမန္မာ လုပ္ငန္းရွင္အခ်င္းခ်င္း စီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ စီးပြားေရးေတြ႕ဆုံပြဲကို ေဖေဖာ္ဝါရီလ ၃ ရက္ ညေနပိုင္းတြင္ ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) ၌ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 

 

စီးပြားေရးေတြ႕ဆုံပြဲတြင္ အသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးမွ ျမန္မာႏိုင္ငံ၏ ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈအေျခအေနမ်ားႏွင့္ လက္ရွိစီးပြားေရးအေျခအေနမ်ားကို ရွင္းလင္းေျပာၾကားခဲ့ၿပီး ႏွစ္ႏိုင္ငံလုပ္ငန္းရွင္အခ်င္းခ်င္း စီးပြားေရးလုပ္ငန္းမ်ားကို အျပန္အလွန္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

 

Read 411 times
Rate this item
(0 votes)
Tagged under